We'd like to send you notifications of the latest posts and updates
ကျင့်ဝတ်စည်းကမ်းဆိုတာ ကျွန်ုပ်တို့ရဲ့ တွေးခေါ်ယူဆပုံများ၊ ပြုမူကျင့်ကြံလုပ်ဆောင်မှုများ၏ အခြေခံအုတ်မြစ်ဖြစ်ပြီး ATOM (အက်တမ်) ကုမ္ပဏီကို ပုံဖော်ပေးမယ့်အရာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကို အဆင့်အတန်းပိုမိုတိုးတက်မြင့်မားလာစေဖို့အတွက် တာဝန်သိရှိစွာနဲ့ ကျွန်ုပ်တို့ ကြိုးပမ်းအားထုတ်ဆောင်ရွက်တဲ့နေရာမှာ ကျွန်ုပ်တို့ ဘယ်ပုံဘယ်နည်းနဲ့ ကျင့်သုံးလုပ်ကိုင်ဆောင်ရွက်ကြရမယ်ဆိုတာကို ကျင့်ဝတ်စည်းကမ်းက ဖော်ညွှန်းပြသပေးပါလိမ့်မယ်။
အဂတိလိုက်စားမှု ဆန့်ကျင်ရေး
ကျွန်ုပ်တို့သည် အဂတိလိုက်စားမှုကို လုံးဝ သည်းမခံပါ။
ငွေကြေးခဝါချမှု ဆန့်ကျင်ရေး
ကျွန်ုပ်တို့သည် ငွေကြေးခဝါချမှုကို ဆန့်ကျင်ပါသည်။
မိတ်ဖက်လုပ်ငန်းများ
ကျွန်ုပ်တို့သည် တာဝန်သိ၍တာဝန်ခံယူမှုရှိသည့် မိတ်ဖက်လုပ်ငန်းများနှင့်လက်တွဲလုပ်ကိုင်ရန် မျှော်လင့်ထားပါသည်။
ယှဉ်ပြိုင်ခြင်း
ကျွန်ုပ်တို့သည် မျှတစွာ ယှဉ်ပြိုင်ပါသည်။
အကျိုးစီးပွားချင်း ဆန့်ကျင်ပဋိပက္ခဖြစ်မှု
ကျွန်ုပ်တို့သည် အကျိုးစီးပွါးချင်း ဆန့်ကျင်ပဋိပက္ခဖြစ်မှုကို ရှောင်ကျဉ်ပါသည်။
ကုမ္ပဏီပြင်ပနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း
ကုမ္ပဏီပြင်ပနှင့် ဆက်သွယ်ပြောကြားမှုများတွင် တာဝန်ခံယူမှုရှိစွာ ကျွန်ုပ်တို့ အမြဲဆောင်ရွက်ပါသည်။
သဘာဝပတ်ဝန်းကျင်
ကျွန်ုပ်တို့သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်၍ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုများကို တားဆီးကာကွယ်ခြင်းတွင် ခိုင်မာသည့် သန္နိဌာန်ဖြင့် ပါဝင်ဆောင်ရွက်သွားပါမည်။
ဘဏ္ဍာရေးဆိုင်ရာ ဂုဏ်သိက္ခာရှိမှုနှင့်လိမ်လည်မှု
ကျွန်ုပ်တို့သည် ဘဏ္ဍာရေးဆိုင်ရာမှတ်တမ်းများ ကို တိတိကျကျ ထိန်းသိမ်းထားရှိ၍ စာရင်းထုတ်ပြန်ခြင်းဆိုင်ရာ စံနှုန်းအားလုံးကို ကိုက်ညီစွာလိုက်နာပါသည်
လက်ဆောင်များ၊ ဧည့်ဝတ်ပြုခြင်းနှင့် ခရီးသွားလာခြင်း
ကျွန်ုပ်တို့သည် လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များအပေါ်တွင် သက်ရောက်မှုရှိသည်ဟု ထင်မြင်ယူဆနိုင်ဖွယ်ရာရှိသည့် လုပ်ငန်းဆိုင်ရာ လောကဝတ်ပြုမှုများကို ရှောင်ရှားပါသည်။
ကျန်းမာရေး၊ အန္တရာယ်ကင်းရှင်းရေး နှင့် လူပုဂ္ဂိုလ်လုံခြုံရေး
ကျွန်ုပ်တို့သည် ဘေးကင်း၍လုံခြုံမှုရှိသည့် လုပ်ငန်းခွင်ကို ဖန်တီးပေးအပ်ထားပါသည်။
လူ့အခွင့်အရေး
ကျွန်ုပ်တို့သည် လူ့အခွင့်အရေးများကို လေးစားသမှုရှိပါသည်။
သတင်းအချက်အလက်နှင့် လုပ်ငန်းလုံခြုံရေး
ကျွန်ုပ်တို့သည် သတင်းအချက်အလက်တို့ကို လုံခြုံစွာ ထိန်းသိမ်းထားရှိ၍ ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများကို ကာကွယ်စောင့်ရှောက်ပါသည်။
ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်တို့ကို လျှို့ဝှက်စွာ ကိုင်တွယ်ဆောင်ရွက်ခြင်း
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ သုံးစွဲသူများ၊ ဝန်ထမ်းများ နှင့် မိတ်ဖက်လုပ်ငန်းများနှင့်သက်ဆိုင်သည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို ကာကွယ်စောင့်ရှောက်ပါသည်။
လုပ်ငန်းခွင်
ကျွန်ုပ်တို့သည် လုပ်ငန်းခွင်တွင် ဂုဏ်သိက္ခာနှင့်လေးစားသမှုကို ဖော်ကြူး၍ လုပ်ကိုင်ဆောင်ရွက်ကြပါသည်။
Integrity Hotline သည် အက်တမ်မြန်မာ၏ ကျင့်ဝတ်စည်းကမ်းနှင့် ကိုက်ညီမှုရှိမရှိ မေးခွန်းများရှိသည့်အခါနှင့် ချိုးဖောက်မှုများကို သတင်းပေးပို့နိုင်သော ချန်နယ်လိုင်း ဖြစ်ပါသည်။ သတင်းပေးပို့ တိုင်ကြားမှုအားလုံးကို လျှို့ဝှက်အဖြစ် သတ်မှတ်၍ အလေးထားအရေးယူ ဆောင်ရွက်ပါသည်။၊ သတင်းပေးပို့နိုင်သော ချန်နယ်လိုင်းကို အမြဲဖွင့်ထားသည်။ သတင်းပေးပို့တိုင်ကြားရာတွင် အမည်မဖေါ်ဘဲ နေလိုက နေနိုင်ပါသည်။ ဤနေရာကိုနှိပ်ပါ။
Back to top
Share