We'd like to send you notifications of the latest posts and updates

ဆင်းကတ် သက်တမ်း

ဆင်းကတ်ကို ပထမဦီးဆုံးမှတ်ပုံတင်ခြင်း ပြုလုပ်ပြီးနောက် လူကြီးမင်းအနေဖြင့် ရက်ပေါင်း(၁၈၀)အတွင်း ပထမဦးဆုံး ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း နှင့် ဝန်ဆောင်မှုဆိုင်ရာ အချက်အလက်များ ရယူလိုသည့်အခါတွင် ဝင်ရောက်သုံးစွဲရန် ရိုက်နှိပ်ခေါ်ဆိုရသော နံပါတ်(USSD) နံပါတ် သို့ရိုက်နှိပ်ခေါ်ဆိုခြင်း သို့မဟုတ် ငွေဖြည့်တင်းခြင်းတို့ကို ဆောင်ရွက်ပေးရန်လိုပါသည်။

အကယ်၍ ဆင်းကတ်ကို ရက်ပေါင်း(၁၈၀)အတွင်း သုံးစွဲရန် အသင့်အနေအထားသို့ ချိတ်ဆက် အသက်သွင်းခြင်း(activated) ပြုလုပ်မထားခဲ့ပါက ဆင်းကတ်သည် ဖုန်းအဝင်အထွက် ခေါ်ဆိုခြင်း ပြုလုပ်၍ မရနိုင်သည့်Cooling Stageသို့ရောက်ရှိသွားပါမည်။

ကနဦးဆုံး ဖုန်း Call ခေါ်ဆိုမှု သို့မဟုတ် စာတိုပို့ခြင်း သို့မဟုတ် ဝန်ဆောင်မှုဆိုင်ရာ အချက် အလက်များ ရယူလိုသည့်အခါတွင် ဝင်ရောက်သုံးစွဲရန် ရိုက်နှိပ်ခေါ်ဆိုရသော နံပါတ် (USSD)သို့ရိုက်နှိပ်ခေါ်ဆိုခြင်း သို့မဟုတ် ငွေဖြည့်တင်းခြင်း တို့ကို ပြုလုပ်၍ စတင်အသုံးပြုနိုင်မည့် အသင့်အနေအထားသို့ ရောက်ရှိနေပြီဖြစ်သော(activated) လူကြီးမင်း၏ ဆင်းကတ်သည် ရက်ပေါင်း(၆၀)အထိ ဖုန်း အဝင်အထွက် ခေါ်ဆိုမှုများကို ပြုနိုင်ခြင်း၊ စာတိုပို့နိုင်ခြင်းနှင့် အင်တာနက် ဝန်ဆောင်မှု တို့ကို သုံးစွဲနိုင်သည့် ပုံမှန်အခြေအနေတွင် တည်ရှိ (active)နေပြီး ထိုရက်ပေါင်း (၆၀) အတွင်း နောက်ထပ်ငွေဖြည့်ပါက လူကြီးမင်း၏ ဆင်းကတ်နှင့်ငွေလက်ကျန်သည် ထိုသို့ ငွေဖြည့်တင်း သည့်နေ့ရက်မှ ရက်ပေါင်း(၃၆၅)ရက်ထိ သက်တမ်းတိုးသွားမည်ဖြစ်ပါသည်။

ကနဦးဆုံး ဖုန်း Call ခေါ်ဆိုမှု သို့မဟုတ် စာတိုပို့ခြင်း သို့မဟုတ် ဝန်ဆောင်မှုဆိုင်ရာ အချက် အလက်များ ရယူလိုသည့်အခါတွင် ဝင်ရောက်သုံးစွဲရန် ရိုက်နှိပ်ခေါ်ဆိုရသော နံပါတ် (USSD)သို့ရိုက်နှိပ်ခေါ်ဆိုခြင်း တို့ကို ပြုလုပ်၍ စတင်အသုံးပြုနိုင်မည့် အသင့်အနေအထားသို့ ရောက်ရှိနေပြီဖြစ်သော လူကြီးမင်း၏ ဆင်းကတ်ကို ရက်ပေါင်း(၆၀)အတွင်း ငွေဖြည့်တင်း- ခြင်းမပြုလုပ်ခဲ့ပါက (၆၁)ရက်မြောက်နေ့မှစ၍ လူကြီးမင်း၏ ဆင်းကတ်သည် One Way Block အဆင့်သို့ရောက်ရှိသွားပါမည်။ အလားတူပင် နောက်ဆုံးငွေဖြည့်တင်းခဲ့သည့်နေ့ရက်မှ (၃၆၆)ရက် မြောက်နေ့တွင် လူကြီးမင်း၏ SIM Card သည် One Way Block အဆင့်သို့ရောက်ရှိသွားပါမည်။ One Way Block အဆင့်တွင် အ၀င်ဖုန်းခေါ်ဆိုမှု လက်ခံခြင်းသာ ပြုလုပ်နိုင်သည့် အနေအထားသို့ ရောက်ရှိ သွားမည်ဖြစ်ပြီး အထွက်ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း၊ မိုဘိုင်းလ်ဒေတာ သုံးစွဲမှုနှင့် အခြားသော အခပေး ဝန်ဆောင်မှုများကို ဆောင်ရွက်နိုင်တော့မည် မဟုတ်ပေ။ လူကြီးမင်းမှ One Way Block အဆင့်သို့ ရောက်ရှိပြီးနောက် ရက်ပေါင်း(၃၀)အတွင်း ငွေဖြည့်တင်းခြင်းပြုလုပ်ခဲ့ပါက SIMမှာ အထွက် ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း၊ မိုဘိုင်းလ်ဒေတာ သုံးစွဲမှုနှင့် အခြားသော ဝန်ဆောင်မှုများကို ဆောင်ရွက်ခြင်း မပြုလုပ်နိုင်သည့် ‘suspend’ အဆင့်မှ ပြန်လည် အသုံးပြု၍ ရရှိနိုင်သော ‘active’ အဆင့်သို့ ရောက်ရှိသွားမည်ဖြစ်သည်။

One Way Block အဆင့်သို့ ရောက်ရှိပြီးနောက် အကယ်၍ ငွေဖြည့်တင်းခြင်းကို ရက်ပေါင်း (၃၀) အတွင်း ပြုလုပ်ခြင်းမရှိခဲ့ပါက (၃၁)ရက်မြောက်နေ့မှစ၍ ဖုန်းအဝင်အထွက်ခေါ်ဆိုမှုအားလုံး၊ စာတို လက်ခံခြင်း ပေးပို့ခြင်းအားလုံးနှင့် အင်တာနက်နှင့်အခပေးဝန်ဆောင်မှုအားလုံးကို သုံးစွဲ၍ မရနိုင် တော့သည့် Two Way Block အဆင့်သို့ ရောက်ရှိသွားပါမည်။ သို့ရာတွင် လူကြီးမင်း၏ ဖုန်းနံပါတ် သည်One Way Block အဆင့်သို့ရောက်ရှိပြီးနောက် ရက်ပေါင်း(၃၀)အတွင်း အကယ်၍ ငွေဖြည့်တင်း ခဲ့ပါက လူကြီးမင်း၏ ဆင်းကတ်နှင့် လက်ကျန်ပမာဏတို့သည် ငွေဖြည့်တင်းခဲ့သည့်နေ့ရက်မှ (၃၆၅)ရက် ထိ သက်တမ်းရှိမည်ဖြစ်ပါသည်။

လူကြီးမင်း၏ ဆင်းကတ်သည် Two Way Block အဆင့်သို့ရောက်ရှိပြီးနောက် ငွေဖြည့်တင်းခြင်းကို ရက်ပေါင်း(၆၀)အတွင်း ဆောင်ရွက်ခြင်းမရှိခဲ့ပါက လူကြီးမင်းဆင်းကတ်ရှိ လက်ကျန် ပမာဏ အားလုံးကို သိမ်းယူကာ အဝင်ဖုန်းခေါ်ဆိုမှုလက်ခံခြင်း၊ အထွက်ဖုန်းခေါ်ဆိုခြင်း၊ အင်တာနက်နှင့် အခြားသော ဝန်ဆောင်မှုတို့လုံးဝ ပြုလုပ်သုံးစွဲမရနိုင်တော့သည့် အနေအထား(Cooling Stage) သို့ရောက်ရှိသွားပါမည်။ အဆိုပါအနေအထားတွင် ရောက်ရှိနေသော ဆင်းကတ်ကို ပြန်လည် ငွေဖြည့်တင်း၍သော်လည်းကောင်း၊ အခြားတစ်နည်းနည်ဖြင့် ပြုလုပ်၍သော်လည်းကောင်း ချိတ်ဆက် အသုံးပြုနိုင်သည့် အနေအထား(active)သို့ ပြုလုပ်ရရှိနိုင်တော့မည်မဟုတ်ပါ။ သို့ရာတွင် Two Way Block အဆင့်၌ရှိသော လူကြီးမင်း၏ ဆင်းကတ်ကို ရက်ပေါင်း(၆၀)အတွင်း ပြန်လည် ငွေဖြည့်တင်း ခြင်းကို ဆောင်ရွက်ခဲ့ပါက ဆင်းကတ်ရှိလက်ကျန်ပမာဏများ/လက်ကျန်ငွေများသည် ယင်းကဲ့သို့ ငွေဖြည့်တင်းသည့်နေ့ရက်မှ (၃၆၅)ရက်ထိ သက်တမ်းရှိသွားမည် ဖြစ်ပါသည်။

- အဝင်ဖုန်းလက်ခံခြင်း၊ အထွက်ဖုန်းခေါ်ဆိုခြင်းနှင့် အင်တာနက်နှင့်အခြားသော ဝန်ဆောင်မှုတို့လုံးဝ ပြုလုပ်သုံးစွဲမရနိုင်တော့သည့် အနေအထား (Cooling State)တွင် ရောက်ရှိနေသော နံပါတ်များ အားလုံးကို ထပ်မံတစ်ဖန် ပြန်လည်သုံးစွဲခြင်း(recycling) အတွက် မပြုမီ ယင်းတို့သည် လုံးဝ သုံးစွဲနိုင်မှုမရှိသည့်/ သက်ဝင်မှုမရှိသည့်အနေထားဖြင့် ရက်ပေါင်း(၆၀)ကြာ ရှိနေမည်။

 

ထို့ကြောင့် ATOM MYANMAR ဖုန်းလိုင်းကို ပုံမှန်အတိုင်း အမြဲတစေ သုံးစွဲနိုင်ရန် အတွက် ဖုန်းငွေဖြည့်ခြင်းများကို ပုံမှန်ပြုလုပ်ဖြည့်တင်းသွားကြပါရန် တိုက်တွန်းအပ် ပါသည်။ ဖုန်းငွေဖြည့်ပြီးတိုင်း လူကြီးမင်း၏ ဆင်းကတ်သည် ငွေဖြည့်ရက်မှ (၃၆၅)ရက်အထိ သက်တမ်းတိုး သွားမည်ဖြစ်ပါသည်။ သို့ရာတွင် လူကြီးမင်း၏ ဆင်းကတ်(SIM Card) ကိုနောက်ဆုံး ငွေဖြည့် တင်းခဲ့သည် နေ့ရက်မှ (၃၆၅)ရက်အတွင်း ငွေဖြည့်တင်းခြင်းမရှိပါက၊ (၃၆၆)ရက်မြောက်နေ့တွင် ဖုန်းအဝင်လက်ခံခြင်း၊ စာတို လက်ခံခြင်း တို့ကိုသာ ဆောင်ရွက်နိုင်ပြီး အင်တာနက်သုံးစွဲခြင်းနှင့် အခြားသော ဝန်ဆောင်မှုများအားလုံး အသုံးပြု၍မရနိုင်သည့် One Way Block အဆင့်သို့ ရောက်ရှိသွားပါမည်။*



***ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ဆက်သွယ်ရေးနံပါတ်ဆိုင်ရာ နည်းဥပဒေ ပုဒ်မ(၁၅) (က)(၉) အရ နံပါတ်များကို အသုံးမပြုဘဲထားခြင်းမှ ကာကွယ်နိုင်ရန် သုံးစွဲသူများသည် မိမိတို့၏ နံပါတ်ကို ရက်ပေါင်း(၁၈၀)အတွင်း သုံးစွဲခြင်းပြုရမည်။ ထိုသို့ ချိတ်ဆက်သုံးစွဲခြင်းမရှိသော နံပါတ်များ ကို သုံးစွဲသူအသစ်ထံသို့ တစ်ဖန်ပြန်လည်သတ်မှတ်ချထားပေးခြင်း ပြုနိုင်သည်။ ***

 

Back to top