We'd like to send you notifications of the latest posts and updates

သင်္ကြန်တွင်းမှာ ဖုန်းတွေတဝကြီးပြောပြီး 100% Cashback ယူကြမယ်...ဒီကို နှိပ်ပါ။

ATOM New SIMs

သင့်အတွက်ကိုယ်ပိုင်ဖုန်းနံပါတ် နှင့် သင့်လုပ်ငန်း အမှတ်တံဆိပ်အတွက် အထူးသင့်တော်ပြီး မှတ်ရလွယ်သော အက်တမ်နံပါတ်အလှများကို ရွေးချယ်အသုံးပြုလိုက်ပါ။ အခုပဲ အက်တမ်စတိုးဆိုင်များတွင် လာရောက်ပြီး လှပသောဖုန်းနံပါတ်များကို ရှာဖွေရယူလိုက်ပါ။

 

ATOM စတိုး တည်နေရာများ

 

 

စည်းမျဉ်းစည်းကမ်းများ

  • ဤ SIM အသစ်များ၏စျေးနှုန်းတွင် အခွန်ငွေ ၂၀,၀၀၀ ကျပ် ပါဝင်မည် ဖြစ်သည်။
  • အသုံးမပြုမီ SIM များကို ပိုင်ရှင်၏အမည်နှင့် တရားဝင် NRC ဖြင့် မှတ်ပုံတင်ရပါမည်။
  • ဤ SIMအသစ်များမှ ရရှိသော ဒေတာခံစားခွင့်သည် ပြည်တွင်း၌အသုံးပြုရန်အတွက်သာ ရည်ရွယ်ပါသည်။ ပြည်ပအသုံးပြုမှုများအတွက် သက်ဆိုင်ရာ ပက်ကေ့ချ်ကို ဝယ်ယူပြီး သို့မဟုတ် ဖုန်းငွေလက်ကျန်မှတစ်ဆင့် အသုံးပြုနိုင်သည်။
  • ဖုန်းခေါ်ဆိုမှု အကျိုးခံစားခွင့်များကို ပြည်တွင်းမည်သည့်အော်ပရေတာကိုမဆို ခေါ်ဆိုရန်အတွက်အသုံးပြုနိုင်ပါသည်။
  • နိုင်ငံတကာနံပါတ်များသို့ (သို့မဟုတ်) ပရီမီယံဝန်ဆောင်မှုများ ဖုန်းခေါ်ဆိုမှုများ ကို အခြားသော သက်ဆိုင်ရာ လက်ကျန်များမှ ကောက်ခံသွားမည်ဖြစ်သည်။
  • ဤ SIM အသစ်များ ဝယ်ယူခြင်းမှ ရရှိသော အကျိုးခံစားခွင့်နှင့် အခြားအပိုဆုများကို အသုံးပြုပြီးနောက်၊ ဝယ်ယူသူသည် *979*2# သို့မဟုတ် ATOM Store App https://bit.ly/ATOMStoreApp မှတစ်ဆင့် ပက်ကေ့ခ်ျများ ဝယ်ယူအသုံးပြုနိုင်သည်။
  • သုံးသလောက်ပေးနှုန်းထားကိုလည်း အောက်ပါနှုန်းထားများအတိုင်း အသုံးပြုနိုင်မည်ဖြစ်သည်။
    • ပြည်တွင်း မည်သည့်ဖုန်းကိုမဆို ခေါ်ဆိုမှုများအတွက် - ၃၅ကျပ်/မိနစ်
    • ပြည်တွင်း စာတိုပေးပို့များအများအတွက် - ၂၅ကျပ်/တစ်စောင်
    • ပြည်တွင်း အင်တာနက်အသုံးပြုမှုများအတွက်  - ၁၅ကျပ်/ 1MB
  • ပြည်ထောင်စု၏ အခွန်ကောက်ဥပဒေပြင်ဆင်ချက်အရ ကုန်သွယ်လုပ်ငန်းခွန်အား ဇန်န၀ါရီလ ၂၂ ရက် ၂၀၂၂နေ့မှ စတင်၍အင်တာနက်ဝန်ဆောင်မှုများအတွက် အခွန်၁၅% ပေးဆောင်ရပါမည်။
  • ဖုန်းခေါ်ဆိုမှုနှင့်စာတိုပေးပို့မှုများမှာ ယခင်အတိုင်း အခွန်၅%ပေးဆောင်ရပါမည်။ ဖော်ပြထားသော ကြိုတင်ငွေပေး အစီအစဉ်များမှနှုန်းထားများ သည် ကုန်သွယ်လုပ်ငန်းခွန်မပါဝင်သေးပါ။
  •  ဆင်းကဒ် ဝန်ဆောင်မှုများရပ်တန့်သွားခြင်းမှ ကာကွယ်ရန် ဆင်းကဒ်အား စတင်အသုံးပြုချိန်မှ စ၍ရက် ၆၀ အတွင်း အနည်းဆုံးတစ်ကြိမ် ဖုန်းငွေဖြည့်သွင်းရမည်ဖြစ်သည်။
  • အသုံးပြုသူများသည် ဆင်းကဒ်စတင်အသုံးပြုပြီးသည့်နောက် (သို့မဟုတ်) ဖုန်းငွေဖြည့်သွင်းသည့်အခါ အပိုထပ်ဆောင်း ATOM Star Pointsများကို ဝယ်ယူထားသော SIM အမျိုးအစားအလိုက် ရရှိပါမည်။
  • အပိုထပ်ဆောင်း ရရှိထားသော ATOM Star Points များသည် ၎င်းတို့ရရှိသည့်လ၏အဆုံးတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ အသုံးမပြုထားသော ဘောနပ်စ်အမှတ်များကို နောက်လသို့ လွှဲပြောင်းပေးမည်မဟုတ်ပါ။
  • ဆင်းကဒ်အား Activated လုပ်ပြီး‌နောက်တွင် အသုံးပြုသော Handset ပေါ်တွင် မူတည်၍ eSIM အဖြစ်သို့ပြောင်းလဲအသုံးပြုနိုင်ပါသည်။
  • eSIM နှင့် ပက်သတ်၍ အသေးစိတ်သိရှိရန် https://www.atom.com.mm/my/personal/eSIM သို့သွားပါ။
  • အက်တမ်မြန်မာသည် ဤစည်းမျဥ်းစည်းကမ်းများကို အချိန်မရွေး ပြုပြင်ပြောင်းလဲပိုင်ခွင့်ရှိသည်။
  • ဤ SIM အသစ်များ၏ အကျိုးခံစားခွင့်များနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းမှုများ (သို့မဟုတ်) နောက်ထပ်သိလိုသောအချက်အလက်များအတွက် Customer Care မှတစ်ဆင့် 979 ကို ခေါ်ယူ‌မေးမြန်းနိုင်ပါသည်။

Back to top