We'd like to send you notifications of the latest posts and updates

Let's Play Arena

Let's Play Arena ဆိုတာ မည်သည့်ဂိမ်းအမျိူးအစားမဆို ဆော့ကစားရတာကြိုက်နှစ်သက်တဲ့ လူကြီး၊ လူငယ်မရွေး Gamer များအတွက် တစ်နေရာတည်းမှာ အားလုံးအဆင်ပြေစေဖို့ ရည်ရွယ်ထားတဲ့ Portal တစ်ခုဖြစ်ပါတယ်။

Let's Play Arena မှာ မိမိစိတ်ကြိုက်အသင်းနှင့်ဖြစ်စေ တစ်ဦးချင်းဖြစ်စေ ပြိုင်ဆိုင်မှုပြင်းထန်လှတဲ့ ဂိမ်းပြိုင်ပွဲများကို ပါဝင်ယှဉ်ပြိုင်နိုင်ခြင်း၊ ပေါ့ပေါ့ပါးပါးဂိမ်းလေးတွေ ဆော့ကစားရတာကိုမှ ကြိုက်နှစ်သက်သူ များအတွက် ဂိမ်းအမျိူးအစားပေါင်း ၁၀၀ ကျော်ကို ရွေးချယ်ကစားနိုင်ခြင်း၊ ရေပန်းအစားဆုံး ဂိမ်းတွေရဲ့ In game Item များကို လွယ်ကူလျှင်မြန် လုံခြုံစိတ်ချရသည့် နည်းလမ်းဖြင့် ဝယ်ယူနိုင်ခြင်း၊ Gamer များ စိတ်ကြိုက်ဖြစ်စေမယ့် ဒေတာပတ်ခ်များ၊ သင့်ရဲ့ ဂိမ်းကစားချိန်တိုင်းကို အရည်အသွေးမြင့်အတွေ့အကြုံတွေ ပေးစွမ်းမယ့် ဝန်ဆောင်မှုများ စသဖြင့် စုစည်းပေးထားပါတယ်။

သင့်ရဲ့ Smart Phone မှတဆင့် Wi-Fi သို့မဟုတ် မိုဘိုင်းအင်တာနက်ဖွင့်ထားပြီး arena.atom.com.mm မှတဆင့် Let's Play Arena ကို ဝင်ရောက်ပြီး Beyond Better Gaming Experience ကို အခုပဲ ထိတွေ့လိုက်ပါ။

စည်းမျဉ်းစည်းကမ်းများ

  • သင့်ရဲ့ Smart Phone မှတဆင့် Wi-Fi သို့မဟုတ် မိုဘိုင်းအင်တာနက်ဖွင့်ထားပြီး arena.atom.com.mm မှတဆင့် Let's Play Arena ကိုဝင်ရောက်နိုင်ပါတယ်။
  • Let's Play Arena ကို ဝင်ရောက်ပြီး Squad အလိုက် ဂိမ်းပြိုင်ပွဲများယှဉ်ပြိုင်ခြင်း၊ နေ့စဉ်ဖုန်းဘေလ်ဆုတွေ ရယူနိုင်မယ့် ပေါ့ပေါ့ပါးပါးဂိမ်းပြိုင်ပွဲတွေမှာ ပါဝင်နိုင်ခြင်း၊ in - game items တွေကို လွယ်ကူလျင်မြန်ပြီး လုံခြုံစိတ်ချစွာ ဝယ်ယူနိုင်ခြင်းတို့အပြင် Gamer တို့အတွက် ဒေတာပတ်ခ်တွေကိုပါ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ 
  •  နေ့စဉ်၊ အပတ်စဉ်၊ လစဉ် စိတ်လှုပ်ရှားစရာကောင်းပြီး ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဂိမ်းပြိုင်ပွဲတွေ ကျင်းပသွားမှာဖြစ်ပြီး သတ်မှတ်ပြိုင်ပွဲအလိုက် ဆုတွေလည်းရနိုင်ဦးမှာ ဖြစ်ပါတယ်။
  • အသေးစိတ်ကို အောက်ဘက်ရှိ အမေးများသောမေးခွန်းများ နေရာတွင် ကြည့်ရှုနိုင်ပါတယ်။

Frequently Asked Questions:

Let's Play Arena ဆိုတာ မည်သည့်ဂိမ်းအမျိူးအစားမဆို ဆော့ကစားရတာကြိုက်နှစ်သက်တဲ့ လူကြီး၊ လူငယ်မရွေး Gamer များအတွက် တစ်နေရာတည်းမှာ အားလုံးအဆင်ပြေစေဖို့ ရည်ရွယ်ထားတဲ့ Portal တစ်ခုဖြစ်ပါတယ်။

သင့်ရဲ့ Smartphone တွင် WiFi သို့မဟုတ် မိုဘိုင်းအင်တာနက်ဖွင့်ထားချိန်မှာ arena.atom.com.mm မှ တဆင့် Let's Play Arena ကို ဝင်ရောက်နိုင်ပါတယ်။ 

Let's Play Arena ထဲမှာ Squad အလိုက်ရော၊ တစ်ဦးချင်းရော ပါဝင်ယှဉ်ပြိုင်နိုင်မယ့် ဂိမ်းပြိုင်ပွဲတွေ (Tournament)၊ ပေ့ါပေါ့ပါးပါး ပါဝင်ကစားလို့ရမယ့်အပြင် နေ့စဉ်ဖုန်းဘေလ်ဆုတွေပါရမယ့် ဂိမ်းတွေ (Casula Game)၊ ရေပန်းအစားဆုံး ဂိမ်းတွေရဲ့ in-game items တွေကို ဝယ်ယူနိုင်မယ့် ဂိမ်းဆိုင် (Game Shop) အပြင် ဂိမ်မာတွေ အကြိုက်တွေ့စေမယ့် Data Pack တွေရှိပါတယ်။ 

ဂိမ်းပြိုင်ပွဲ ဆိုတာ Let's Play Arena မှာ မိမိ Squad နှင့်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ ပြိုင်ဆိုင်မှုပြင်းထန်လှတဲ့ ဂိမ်းပြိုင်ပွဲများကို ပါဝင်ယှဉ်ပြိုင်ရင်း ဆုတွေလည်းရယူနိုင်မယ့် အစီအစဉ်တစ်ခုပဲဖြစ်ပါတယ်။ 

အစီအစဉ်အသေးစိတ်ကို ဆက်လက်ကြေငြာပေးသွားပါမယ်။

ပေါ့ပေါ့ပါးပါးအကြောင်း အသေးစိတ်သိရန် ဒီကိုနှိပ်ပါ။ 

ဂိမ်းဆိုင် ဆိုတာ လက်ရှိရေပန်းအစားဆုံး ဂိမ်းတွေရဲ့ in-game items များကို လွယ်ကူ၊ လျှင်မြန်၊ လုံခြုံစိတ်ချရတဲ့ နည်းလမ်းနဲ့ ဝယ်ယူနိုင်မယ့် နေရာလေးတစ်ခုဖြစ်ပါတယ်။ 

ဂိမ်းဆိုင်မှာ လတ်တလောရေပန်းအစားဆုံးဂိမ်းတွေဖြစ်တဲ့ Mobile Legends, PUBG Mobile, LOL; Wildrift, Valorant, Roblox နဲ့ Life After ဂိမ်း တွေရဲ့ in-game items တွေကို ဝယ်ယူနိုင်ပါတယ်။

Game item ကို အက်တမ်ဖုန်းဘေလ်နဲ့ ဝယ်ယူမှုအတွက် OTP အတည်ပြုကုဒ်ထည့်သွင်းပြီးတာနဲ့ ဝယ်ယူမှုအောင်မြင်ကြောင်း SMS နှင့်အတူ game item ကို ရရှိမှာဖြစ်ပါတယ်။

ငွေပေးချေမှု အောင်မြင်ပြီးနောက် item ကို ပြောင်းခြင်း၊ မဝယ်ယူတော့ခြင်းများ မလုပ်ဆောင်နိုင်ပါ။ 

Let's Play Arena ဟာ ဂိမ်းဆော့ကစားသူတွေ တစ်နေရာထဲမှာ အဆင်ပြေလွယ်ကူစေဖို့အတွက် အထောက်အကူပေးရန်သာရည်ရွယ်ပါတယ်။ ဂိမ်းတွေရဲ့ မူပိုင်ခွင့်နဲ့ ကိစ္စအရပ်ရပ်ကို ဂိမ်းတစ်ခုချင်းစီရဲ့ ဖန်တီးသူ၊ မူပိုင်ခွင့်ရှိသူနဲ့၊ ပြန်လည်ဖြန့်ချီခွင့်ရှိသူများနှင့်သာ သက်ဆိုင်ပါတယ်။ 

Call Center နံပါတ် ၉၇၉ သို့မဟုတ် ATOM Myanmar Myanmar official Facebook page တွင် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Game တစ်ခုချင်းစီရဲ့ စာမျက်နှာမှာပါရှိတဲ့ သက်ဆိုင်ရာ Game Items ဖြန့်ချီသူကို ဆက်သွယ်ပြောဆိုနိုင်ပါတယ်။

ဂိမ်းကစားသူများအကြိုက်တွေ့စေမယ့် Data Packs တွေအပြင် အခြားသော အရည်အသွေးမြင့် ဂိမ်းကစားခြင်းအတွေ့အကြုံဝန်ဆောင်မှုများကို စုစည်းပေးထားခြင်းဖြစ်ပါတယ်။ 

ဝယ်ယူလိုသည့် Data Packs ကို ရွေးချယ်ပြီး အက်တမ်ဖုန်းဘေလ်အသုံးပြုပြီး ဝယ်ယူနိုင်ပါတယ်။ 

Call Center နံပါတ် ၉၇၉ သို့မဟုတ် ATOM Myanmar Myanmar official Facebook page တွင် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

214

Back to top