We'd like to send you notifications of the latest posts and updates

လူတိုင်း လူတိုင်း အက်တမ်ရောင်းရင်းဖြစ်နိုင်ပါပြီ။

သဘောတွေ့မနောခွေ့စေမယ့် အကျိုးအမြတ်တွေနဲ့ အက်တမ်ရောင်းရင်းတစ်ယောက်ဖြစ်ဖို့ အခုပဲ အက်တမ်ဖုန်းဘေလ်နဲ့ ပတ်ကေ့ချ်တွေကို ATOM Store App ထဲမှာ အလွယ်တကူပြန်လည်ရောင်းချလိုက်ပါ။ များများရောင်းရတော့၊ များများ‌အကျိုးအမြတ်ရ .. အက်တမ်ရောင်းရင်းတစ်ယောက်အနေနဲ့ သာယာလိုက်ပါ!

User Journey of Yaung Yin Features

 

‌ရောင်းရင်းမှာ ရှိသော Feature များကို အသုံးပြုပုံ

 

အက်တမ် ရောင်းရင်း အစီစဉ် နှင့်သက်ဆိုင်သော စည်းမျဉ်း၊ စည်းကမ်းသတ်မှတ်ချက်များ

အက်တမ် ၏ ရောင်းရင်း တစ်ဦးဖြစ်လာရန် အက်တမ်မြန်မာလီမိတက် (အက်တမ်)မှ ကမ်းလှမ်း ချက်ကိုကလစ်နှိပ်၍ လျှောက်ထားခြင်းအားဖြင့် လူကြီးမင်းသည် ဤမှနောင်တွင် ဆက်လက်ဖော်ပြမည့် စည်မျဉ်းစည်းကမ်းသတ်မှတ်ချက်များကို လက်ခံသဘောတူညီရာရောက်ပါသည်။ ထိုအပြင် အောက်ဖော်ပြပါ စည်းမျဉ်းစည်းကမ်းချက်များအတိုင်း ဤသို့သဘောတူညီချက်တစ်ရပ်ကို အက်တမ် နှင့် ပြုလုပ်ချုပ်ဆိုနိုင်ရန် လူကြီးမင်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တရားဥပေဒေနှင့်အညီ အသက်အရွယ်ပြည့်မီ ပြီးသူဖြစ်ကြောင်း နှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ တရားဥပေဒေနှင့်အညီ လွတ်လပ်သော သဘောဆန္ဒရှိသူ တစ်ဦးဖြစ်ပြီး စိတ်ပေါ့သွပ်သူ မဟုတ်ကြောင်းနှင့်  ဥပဒေအရလည်းအပြည့်အဝထိုသို့ စာချုပ်ချုပ်ဆို ဆောင်ရွက်နိုင်ခွင့် ရှိသူတစ်ဦး    ဖြစ်ကြောင်းအက်တမ်မှ မှတ်ယူပါမည်။   
ဝန်ဆောင်မှုပေးခြင်းဆိုင်းရာနယ်ပယ်
အောက်ဖော်ပြပါ စည်းမျဉ်း၊ စည်းကမ်းများအရ အက်တမ်မှ သုံးစွဲသူများအား ငွေသွင်းခြင်း (Load balance) ၊ ငွေဖြည့်ရောင်းချခြင်း (Sell Top Up) နှင့် ပက်ကေ့ချ်ရောင်းချခြင်းဆိုင်ရာလုပ်ငန်းစဉ် (Sell Pack Packs Function) များလုပ်ဆာင်ရန် ကမ်းလှမ်းမည်ဖြစ်သည် (ဝန်ဆောင်မှုပေးခြင်းဆိုင်းရာနယ်ပယ်)။


အက်တမ် ရောင်းရင်း ဖြစ်လာစေရန် မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းစဉ်
အက်တမ် ရောင်းရင်း တစ်ဦးဖြစ်လာရန် အလို့ငှာ -  
(၁) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တည်ဆဲဥပဒေများနှင့်အညီမှန်ကန်စွာ မှတ်ပုံတင်ထားရှိသည့် အက်တမ် Prepaid ဆင်းကဒ် သုံးစွဲသူတွင်ရှိရမည်။ 
(၂) သုံးစွဲသူလူကြီးမင်းသည် မိမိ၏ လျှောက်လွှာကို ATOM Application မှတဆင့် စာရင်းသွင်းမှတ်ပုံ တင်ခြင်းပြုရပါမည်။ စာရင်းသွင်းမှတ်ပုံတင်ရန် အဆင့်လေးဆင့်ကို ပြီးစီးအောင် ဆောင်ရွက်ထားရှိရန် လိုအပ်ပါသည်။
(က) ATOM Store Application version (၄.၆) ကို ဒေါင်းလုတ်ပါ (သို့မဟုတ်) အချိန်နှင့် တပြေးညီဖြစ်သော version အသစ်များအား မြှင့်တင်ပေးရမည်။)
(ခ)   ATOM Store Application မူလပင်မစာမျက်နှာမှ “ရောင်းရင်း” ခလုတ်ကို ကလစ်နှိပ်ပါ။ 
(ဂ)  လိုအပ်သော ပုဂ္ဂိုလ်ရေးဆိုင်ရာ၊ ကိုယ်ရေးအချက်အလက်အသေးစိတ်ကို ဖြည့်သွင်းပါ။ 
(ဃ) မိမိ၏ အက်တမ်ရောင်းရင်း Wallet နှင့် အခြားသော အက်တမ်ဖုန်းနံပါတ်တစ်ခုသို့ ငွေသွင်းခြင်းနှင့် ပက်ကေ့ချ်များရောင်းချခြင်း ဆောင်ရွက်သည့်အခါ တွင် အသုံးပြုထည့်သွင်းရမည့် လျှို့ဝှက်နံပါတ် MPIN (ပင်နံပါတ်) ကို ဖန်တီးပြုလုပ်ပါ။ 
သတိပြုရန်မှာ မှတ်ပုံတင်ပြီးသည်နှင့် အထက်ပါအပိုဒ် (ဂ) တွင်ဖော်ပြထားသော သုံးစွဲသူ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ၊ ကိုယ်ရေးအချက်တစ်စုံတစ်ရာပြောင်းလဲသည့် အခြေအနေမျိုးတွင် သုံးစွဲသူမည်သူမဆို ဖြစ်နိုင်လျှင်ချက်ချင်း ပြောင်းလဲသွားသော ပုဂ္ဂိုလ်ရေးဆိုင်ရာ၊ ကိုယ်ရေးအချက် အလက်များအား အသစ်ဖြည့်သွင်းပေးရမည်။;
(၃) အက်တမ်ရောင်းရင်းပိုက်ဆံအိတ် (Yaung Yin Wallet) တစ်နည်းအားဖြင့် ရောင်းရင်း ပိုက်ဆံအိတ် (Yaung Yin Wallet) သုံးစွဲသူသည် ATOM Store Application ၏ T-Pay မှငွေပေးချေနိုင်သော ဝန်ဆောင်မှုများမှတဆင့်  အက်တမ်ရောင်းရင်း ပိုက်ဆံအိတ် (Yaung Yin Wallet) သို့ လိုအပ်သော လက်ကျန်ငွေကို ဖြည့်သွင်းရမည်။ 
(က) အက်တမ်ရောင်းရင်း ရှိ ရောင်းရင်း ပိုက်ဆံအိတ် (Yaung Yin Wallet) တွင် လက်ကျန်အားဖြင့် အနည်းဆုံး (၁၀, ၀၀၀) ကျပ်ရှိနေစေရန် ပထမအကြိမ် ဖြည့်တင်းထားရှိရမည်။ 
(ခ) သုံးစွဲသူသည် လက်ကျန်ပမာဏကိုပထမအကြိမ် အက်တမ်ရောင်းရင်းပိုက်ဆံအိတ်တွင် ငွေသွင်းခြင်းပြုသည့်အခါ ငွေသွင်းလာသည့် ပမာဏ၏         [၂.၅ %] ကို ကော်မရှင်အဖြစ် လက်ငင်းလက်ခံရရှိမည်။ 
(၄) သုံးစွဲသူသည် ရရှိနိုင်သောကော်မရှင်အခကြေးငွေများကို ရယူနိုင်ရန် မိတ်ဆွေသူငယ်ချင်များနှင့်မိသားစု ဝင်များကို ငွေသွင်းရန် ကူညီပေးနိုင်သည်။ 
(က) ငွေဖြည့်ရောင်းချမှုတစ်ခုခြင်းအားပြုလုပ်ချိန်တွင် ငွေသွင်းသည့် ကော်မရှင်ခသည် ဒေတာ (သို့မဟုတ်) ဖုန်းခေါ်ဆိုခွင့် (သို့မဟုတ်) ပွိုင့် စသည့် အပိုဆုများ အဖြစ် လက်ငင်း ရရှိနိုင်မည်။ ငွေဖြည့်ရောင်းချမှုပမာဏပေါ်တွင်အခြေခံ၍ ကော်မရှင်ခအား တယ်ကို အကျိုးခံစားခွင့် (Teleco benefit) အနေအဖြစ် ဖြစ်နိုင်ပါသည်။ (ဥပမာ - ဖုန်းခေါ်ဆိုခြင်း (Call)၊ စာတိုပေးပို့ခြင်း (SMS)၊ အင်တာနက် (Internet) စသည့် အကျိုးခံစားခွင့်များ) 
(၅) ဤကော်မရှင်နှင့် ငွေသွင်းခြင်းဆိုင်ရာ ဆုကြေး ကိန်းဂဏန်း သို့မဟုတ် တန်ဖိုးများသည် အခါအား လျော်စွာ ပြောင်းလဲမှုရှိနိုင်ကြောင်းနှင့် ကြိုတင်အကြောင်းစရာ မလိုဘဲယင်းတို့ကို ပြောင်းလဲပြင်ဆင် ဆောင် ရွက်နိုင်ခွင့် အက်တမ်တွင်ရှိကြောင်း သုံးစွဲသူကအသိအမှတ်ပြုပါသည်။ 
(၆) သုံးစွဲသူများသည် ဒေတာ နှင့် ဖုန်းခေါ်ဆိုမှု ပက်ကေ့ချ်များအား ယင်းတို့၏အက်တမ်ရောင်းရင်း ဖုန်းနံပါတ်မှ တဆင့် အခြားသောအက်တမ်ရောင်းရင်း မဟုတ်သည့် အက်တမ်ကြိုတင်ငွေဖြည့်နံပါတ်များသို့ရောင်းချနိုင်သည်။ သုံးစွဲသူများသည် ဒေတာပက် ကေ့ချ် နှင့် ဖုန်းခေါ်ဆိုမှုပက်ကေ့ချ် ရောင်းချမှုတိုင်းအတွက် လက်ငင်းကော်မရှင်များရရှိမည်။ ယင်းလက်ငင်း ကော်မရှင်အဖြစ် ပွိုင့်များ (သို့မဟုတ်) ယင်းနှင့်ညီမျှသော လက်ငင်းတယ်ကိုဆုများ (Telco rewards) အဖြစ် ဒေတာ (သို့မဟုတ်) ဖုန်းခေါ်ဆိုခြင်း (သို့မဟုတ်) ပွိုင့် စသည့်အကျိုးခံစားခွင့်များ ရရှိမည်။
(၇) အက်တမ်မှ တယ်ကို အကျိုးခံစားခွင့် (Teleco benefit) နှင့် ဒေတာ အကျိုးခံစားခွင့်များအတွက အချိန်ကာ လကန့်သတ်ချက်အားတစ်ဦးတည်း ဆုံးဖြတ်နိုင်သည်။

Frequently Asked Questions:

အက်တမ်ရောင်းရင်းဆိုတာ ATOM Store App တွင်သာရနိုင်တဲ့ ATOM Prepaid အသုံးပြုသူများအတွက် Program တစ်ခုဖြစ်ပါတယ်။ Customers များသည် ငွေသွင်းခြင်း၊ အခြား  ATOM Prepaid ဖုန်းနံပါတ်များသို့ ငွေဖြည့်သွင်းပေးခြင်း၊ ပက်ကေ့ချ်များရောင်းပေးခြင်း တို့အတွက် နေ့စဉ်လက်ငင်း ဆုလက်ဆောင်များကို ရရှိနိုင်မှာဖြစ်ပါတယ်။

အက်တမ်ရောင်းရင်းအကောင့်ကို စတင်အသုံးပြုရန် အဆင့် ၄ ခု ရှိပါတယ်။

  1. “ATOM Store Application” နောက်ဆုံးဗားရှင်းကို ဒေါင်းလုတ်ရယူပါ။
  2. App ၏ ပင်မစာမျက်နှာမှ  “ရောင်းရင်း”  ကို နှိပ်ပါ
  3. Register နှင့် MPIN ကို လုပ်ဆောင်ပါ။
  4. အနည်းဆုံး 10,000Ks  ကို ငွေသွင်းခြင်း နှင့် ATOM Prepaid ဖုန်းနံပါတ်များသို့ ငွေဖြည့်သွင်းပေးခြင်း၊ ပက်ကေ့ချ်များရောင်းပေးခြင်း တို့အတွက်  "ကော်မရှင်" ကို ရယူပါ။

အသုံးပြုသူများသည် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ဖြည့်စွက်ရန် လိုအပ်ပါသည်။ (အမည်၊ လိပ်စာ၊ မြို့နယ်၊ စသည်ဖြင့်။)

အသုံးပြုသူများသည် ပထမဆုံး SMS မှနေ၍ ရရှိထားသော MPIN ကိုရိုက်ထည့်ရန်လိုအပ်ပြီး  ပြောင်းလဲမည့် MPIN အသစ်ကိုရိုက်ထည့်ရန် လိုအပ်ပါသည်။

အသုံးပြုသူများသည် “Forgot MPIN” ကို နှိပ်ရန် လိုအပ်ပါသည်။ ခလုတ်၊ ပေါ်လာပြီး “OK” ခလုတ်ကို နှိပ်ပါ။ MPIN အသစ်ကို SMS မှတစ်ဆင့် ပေးပို့ပါမည်။

အသုံးပြုသူများသည် ငွေသွင်းခြင်းကို နှိပ်ရန်လိုအပ်ပါသည်။ ATOM Store Application ၏ Digital Payment Platform တွင် ရှိသော ငွေပေးချေမှုဝန်ဆောင်မှုများမှတစ်ဆင့် အနည်းဆုံး ၁၀၀၀၀ ကျပ်မှ စ၍ Yaung Yin Wallet သို့ ငွေသွင်းခြင်းကို လုပ်ဆောင် နိုင်ပါသည်။

အက်တမ်ရောင်းရင်းအသုံးပြုသူများသည်  ငွေသွင်းခြင်းအတွက် ကြိုတင်ကော်မရှင်ကို ရရှိမည်ဖြစ်သည်။

အက်တမ်ရောင်းရင်းအသုံးပြုသူများသည် “ပက်ကေ့ချ်ရောင်းမည်” ကိုနှိပ်ရပါမည်။ အခြားသူများကို ရောင်းချနိုင်သည့် ပက်ကေ့ချ်များကို မြင်နိုင်ပါသည်။ ပက်ကေ့ချ်ရောင်းချသည့် ပိုက်ဆံကို ရောင်းရင်း အကောင့်မှ နုတ်ယူပြီး ရရှိမည့် ကော်မရှင်ကို My Income တွင်ကြည့်ရှုနိုင်ပါသည်။

အခြားသူသို့ သတ်မှတ်ထားသောပက်ကေ့ချ်များရောင်းပေးခြင်းအတွက်သာ လက်ငင်းကော်မရှင် ရရှိပါမည်။ ကော်မရှင်သည် ပက်ကေ့ချ်ရောင်းချမှု အောင်မြင်ပြီးနောက် ရရှိမည်ဖြစ်သည်။

အက်တမ်ရောင်းရင်းအသုံးပြုသူများသည် အခြား  ATOM Prepaid ဖုန်းနံပါတ်များသို့ ငွေဖြည့်ရောင်းရန်အတွက် “ငွေဖြည့်ရောင်းမည်”ကို နှိပ်ရပါမည်။ ငွေဖြည့်ရောင်းပေးမည့် ဖုန်းနံပါတ် နှင့် ပမာဏ (“1000”၊”2000”၊”3000”၊”5000” )ကို ဖြည့်သွင်းပေးရပါမည်။

အခြားသူသို့ ငွေဖြည့်ရောင်းခြင်းအတွက် လက်ငင်းကော်မရှင် ရရှိပါမည်။ ကော်မရှင်သည် ငွေဖြည့်ရောင်းခြင်းမှု အောင်မြင်ပြီးနောက် ရရှိမည်ဖြစ်သည်။

အက်တမ်ရောင်းရင်းအသုံးပြုသူများသည် ရောင်းရင်းပင်မစာမျက်နှာမှ “မှတ်တမ်း”ကို နှိပ်ရပါမည်။ ငွေသွင်းခြင်း၊ ပက်ကေ့ချ်များရောင်းခြင်းနှင့် ငွေဖြည့်ရောင်းခြင်း များအတွက် မှတ်တမ်းများကို သက်ဆိုင်ရာ နေရာများတွင် ကြည့်ရှုနိုင်ပါသည်။

ရောင်းရင်းအကောင့်သည် active ဖြစ်ပါသည်။ ရက်ပေါင်း 90 အတွင်း ငွေသွင်းခြင်း (သို့မဟုတ်) ငွေဖြည့်ရောင်းချခြင်း (သို့မဟုတ်)ပက်ကေ့ခ်ျရောင်းခြင်း မရှိသည့်အခါ သုံးစွဲသူအား SMS မှတစ်ဆင့် အကြောင်းကြားပါမည်။

အက်တမ်ရောင်းရင်းအသုံးပြုသူ၏အကောင့်ကို ခေတ္တဆိုင်းငံ့ထားပါသည်။ အသုံးပြုသူသည်  Grace Period (91st မှ 180th ရက်) အတွင်း ငွေသွင်းခြင်း သို့မဟုတ် ရောင်းရင်းအကောင့်တွင် လက်ကျန်ရှိနေပါက ပင်မလက်ကျန်သို့ လွှဲပေးနိုင်သည်။

အသုံးပြုသူသည် ရောင်းရင်းအကောင့်ကို ပြန်လည်အသက်သွင်းရန် ငွေသွင်းခြင်းကိုသာ လုပ်ဆောင်နိုင်ပါသည်။

  • အက်တမ် prepaid numbers များအားလုံး အကျုံးဝင်ပါသည်။
  • partner/POS numbers အတွက် အကျုံးမဝင်ပါ။
  • account ချိတ်ဆက်အသုံးပြုခြင်းအတွက် အကျုံးမဝင်ပါ။

အက်တမ်ရောင်းရင်းအသုံးပြုသူများသည် ရောင်းရင်းစာမျက်နှာမှ “History”ကို နှိပ်ရပါမည်။ My Income ကဏ္ဍအောက်ရှိ ပိုက်ဆံ၊ ဒေတာ နှင့် ဖုန်းပြောဆိုခွင့် အစရှိသည့် အကျိုးခံစားခွင့်များ၏ စုစုပေါင်းအနှစ်ချုပ် (လွန်ခဲ့သော ၁၅ ရက်စာအတွက်) ကို တွေ့ရပါမည်။

ငွေဖြည့်သွင်းခြင်း၊ ပက်ကေ့ချ်များရောင်းပေးခြင်း နှင့် ငွေဖြည့်ရောင်းခြင်းများကို မိမိပြောင်းလဲလိုက်သော MPIN ကို အသုံးပြု၍လုပ်ဆောင်ရပါမည်။

MPIN ကို ၂ ကြိမ် တိုင်တိုင် မှားယွင်း ဖြည့်သွင်းမိပါက ရောင်းရင်းအကောင့်သည် လော့ကျသွားပြီး မိမိ၏ E-Load လက်ကျန်ငွေပမာဏကို မြင်ရတော့မည် မဟုတ်ပါ။ MPIN အသစ် ပြောင်းလဲပြီးမှာသာ လက်ကျန်ငွေကို ပြန်လည် မြင်ရမည် ဖြစ်ပါသည်။

၂၀၂၃ အောက်တိုဘာ ပထမအပတ်မှ စတင်ပြီး နောက်ထပ် အစီအစဥ်ပြိးဆုံကြောင်း မကြေညာခင်အထိ  ပြုလုပ်သွားမည့် အမြဲတမ်းအစီအစဉ်ဖြစ်သည်။

အက်တမ်ရောင်းရင်းကို ကို ATOM Store App Version 4.6 တွင်သာဝင်ရောက်အသုံးပြုနိုင်ပါသည်။

  • Google Play Store and iTunes store - https://bit.ly/ATOMStoreApp 
  • Send “APP” to 500 and get download link for free 
  • Dial *979*5*5# and get download link for free
  • Scan QR 

အက်တမ်ရောင်းရင်းအကောင့်ကို အပြီးတိုင် ဖျက်ပစ်မည်ဖြစ်ပြီး ရောင်းရင်းအကောင့်ထဲတွင် ကျန်ရှိနေသော လက်ကျန်ငွေကိုလဲ ဆုံးရှုံးမည် ဖြစ်ပါသည်။ ရောင်းရင်းအကောင့်ကို ပြန်လည်အသုံးလိုပါက ဆင်းကတ်အသစ်ကို ဝယ်ယူပြီး အက်တမ်ရောင်းရင်းအကောင့်အသစ်ကို ဖွင့်ရန် လိုအပ်ပါသည်။

အက်တမ်ရောင်းရင်းအသုံးပြုသူ၏အကောင့်ကိုပိတ်လိုက်ပါမည်။ အကောင့် ပြန်လည် အသုံးပြုနိုင်ရန်အတွက် ငွေသွင်းခြင်း တစ်မျိုးတည်းကိုသာ လုပ်ဆောင်နိုင်ပါသည်။ သို့သော်လည်း လက်ကျန်က ပျက်ပျယ်သွားပါမည်။

ရောင်းရင်းအကောင့်ကို အသုံးပြုသူသည် MPIN ကို တစ်နေ့အတွင်း ၂ ကြိမ်သာ ပြောင်းလို့ရပါသည်။ ၂ ကြိမ်ထက် ပြောင်းလဲ မိလျှင် Alert Message Pop up ပေါ်လာပါလိမ့်မည်။

294

Back to top