We'd like to send you notifications of the latest posts and updates

အချိန်မရွေး တနေရာတည်းမှာဝိုင်းဖွဲ့ စာပို့စကားပြောဖို့ SMS စကားဝိုင်း

အက်တမ်၏ အစီအစဉ်သစ် "SMS စကားဝိုင်း ဝန်ဆောင်မှု" နဲ့ အက်တမ်သုံးစွဲသူအချင်းချင်း အင်တာနက်မလိုပဲ သူငယ်ချင်း ၄ယောက်အထိ အချိန်တိုင်းပေါင်းဖွဲ့ စာပို့စကားပြောကြရအောင်။

ဝန်ဆောင်မှုကို ရယူဖို့ *212*1*1# သို့ဖုန်းခေါ်ပါ။ ဝန်ဆောင်ခကလည်း ၁၅ရက်ကိုမှ ၉၉၉ကျပ်ပဲနော်။

 

Group Chat သို့ အဖွဲ့၀င် တင်သွင်းနည်း။

 

Group Chat သို့ အဖွဲ့၀င် ဘယ်လိုဖိတ်ကြားမလဲ?

smssagarwine
smssagarwine
smssagarwine
smssagarwine
smssagarwine

အဖွဲ့၀င်မည့်သူမှ Group Chat ကို ဘယ်လို join မလဲ?

smssagarwine
smssagarwine
smssagarwine
smssagarwine
smssagarwine

စည်းမျဉ်း စည်းကမ်းများ

  • SMS စကားဝိုင်းဝန်ဆောင်မှုအစီအစဉ်အား အက်တမ်၏ pre-paid ဝန်ဆောင်မှုသုံးစွဲသူ များသာ ရယူသုံးစွဲနိုင်သည်။ (“SMS စကားဝိုင်းအစီအစဉ်”). ဤ SMS စကားဝိုင်းအစီအစဉ် ဝန်ဆောင်မှုကို သုံးစွဲရန် အသင့်အနေအထားသို့ချိတ်ဆက်ဆောင်ရွက်၍ ပြုလုပ်ခြင်းဖြင့် လူကြီးမင်းသည် အောက်ဖော်ပြပါ စည်းကမ်း သတ်မှတ်ချက်များကို ဖတ်ရှုပြီး၍ သိရှိနားလည် သဘောပေါက်သည့်အလျောက် လက်ခံသဘောတူညီပြီး ဖြစ်သည်ဟု မှတ်ယူပါမည်။ 

  • ထို့အပြင် လူကြီးမင်းမှ LINK တွင်ဖော်ပြထားသည့် အက်တမ်၏ ပုဂ္ဂိုလ်ရေး အချက်အလက် လုံခြုံမှုဆိုင်ရာ မူဝါဒအား လိုက်နာရန် လက်ခံသဘောတူညီပြီးဖြစ်သည်ဟု မှတ်ယူပါမည်။

  • အက်တမ် သုံးစွဲသူများအနေဖြင့် SMS စကားဝိုင်းဝန်ဆောင်မှုကို *212# သို့ဖုန်းခေါ်ကာ အလွယ် တကူရယူနိုင်ပါသည်။

    ဝန်ဆောင်မှု၏သက်တမ်းကာလမှာ ၁၅ရက်ဖြစ်ပါသည်။ 

  • SMS စကားဝိုင်း တစ်နှစ်စာဝန်ဆောင်မှုအတွက် အရစ်ကျငွေ (ဝန်ဆောင်ခ) ၉၉၉ကျပ် (အခွန်ပါပြီး) ကို ၁၅ရက်တစ်ခါ သင်၏ ဖုန်းဘေလ်ထဲမှ ကောက်ခံသွားမည်ဖြစ်ပါသည်။ 

  • ဝန်ဆောင်မှုကို စတင်ရယူသူအား ကနဦးအဖွဲ့ဝင်/ အဖွဲ့ခေါင်းဆောင် (“ကနဦးအဖွဲ့ဝင်”) အဖြစ်မှတ်ယူပါမည်။

  •  ကနဦးအဖွဲ့ဝင်မှ SMS စကားဝိုင်းအစီအစဉ်အားရယူပြီး သုံးစွဲသူ အဖြစ် တည်ရှိနေသမျှ ကာလပတ်လုံး ဝန်ဆောင်မှုအား သုံးစွဲနေခြင်း ရှိမရှိကို ထည့်သွင်းစဥ်းစားခြင်းမပြုဘဲ ၁၅ရက်တခါ ဝန်ဆောင်ခ ၉၉၉ကျပ် (အခွန်ပါပြီး)ကို ကောက်ခံမည်ဖြစ်သည်။

  • ကနဦးအဖွဲ့ဝင်အနေဖြင့် မိမိနှင့်အတူ (SMS) စာပို့စကားပြောရန် SMS Chat ထဲသို့ အက်တမ်၏ pre-paid ဝန်ဆောင်မှုသုံးစွဲသူ အဖွဲ့ဝင်သူငယ်ချင်း ၃ယောက် (အများဆုံး အက်တမ်ဖုန်းနံပါတ် ၃ခု) အား (“အဖွဲ့ဝင်များ”) ဖိတ်ခေါ်နိုင်ပါသည်။ ထို့အပြင် အဖွဲ့ဝင်များ ထည့်ခြင်း၊ လျှော့ခြင်းများပြုလုပ်နိုင်ပါသည်။

    အဖွဲ့ဝင်တစ်ဦးအနေဖြင့် SMS Chat ထဲသို့ဝင်ရောက်ခ (၁)ကျပ် ကိုမိမိ၏ အက်တမ်ဖုန်းဘေလ်မှ ပေးဆောင် ရမည်ဖြစ်ပါသည်။

  • အဖွဲ့ဝင်၏ SMS Chat သို့ဝင်ရောက်ခ ကို တစ်ခါသာကောက်ခံမှာဖြစ်ပြီး ကနဦးအဖွဲ့ဝင်မှ ဝန်ဆောင်မှု အားရယူ ပြီး ဝန်ဆောင်မှုအား သက်တမ်းတိုးရယူနေသ၍ ကျန်အဖွဲ့ဝင်များအနေဖြင့် SMS Chat သို့ဝင်ရောက် ပြီးသည်နှင့် အချင်းချင်း SMS များ အခမဲ့ ပေးပို့နိုင်မှာဖြစ်ပါသည်။

  • ကျန်အဖွဲ့ဝင်များအနေဖြင့် မိမိရရှိသော ဖိတ်ခေါ်မှုကို အခြားမည်သူ့ကိုမျှ လက်ဆင့်ကမ်း၍မရပါ။

  • ကနဦးအဖွဲ့ဝင် နှင့် အဖွဲ့ဝင်များမှ အများဆုံး SMS စကားဝိုင်းအစီအစဉ် (၃)ခုအထိသာ ရယူ အသုံးပြုနိုင်မည် ဖြစ်ပြီး ၄င်းတို့ ရယူ/ ဝင်ရောက်သည့် SMS စကားဝိုင်းအစီအစဉ် တခုချင်းစီအလိုက် ကျသင့်သည့်ဝန်ဆောင်ခ ပေးဆောင်ရမည် ဖြစ်သည်။ 

  • ဤ SMS စကားဝိုင်းအစီအစဉ် သုံးစွဲခြင်းအတွက် ကနဦးအဖွဲ့ဝင် နှင့် အဖွဲ့ဝင်များမှ စတင်ရယူ/သက်တမ်းတိုးစဉ် နှင့်  SMS Chat သို့ ဝင်ရောက်ခြင်းတို့အတွက်သာ သက်မှတ်ထားသည့် ဝန်ဆောင်ခ ပမာဏအား ပေးဆောင်ရ မည် ဖြစ်သည်။ 

  • ကနဦးအဖွဲ့ဝင် နှင့်ကျန်အဖွဲ့ဝင်များအားလုံးသည် ဝန်ဆောင်မှုအားရယူပြီးသည်နှင့် SMS စကားဝိုင်း အစီအစဉ် အတွင်း အဖွဲ့ဝင်များ အချင်းချင်း SMS အခမဲ့ ပေးပို့နိုင်မည်ဖြစ်ပါသည်။

  • အကယ်၍ ဝန်ဆောင်ခ သက်တမ်းတိုးသည့်အချိန်တွင် ကနဦးအဖွဲ့ဝင်၏ ဖုန်းလက်ကျန်ငွေမလုံလောက်ပါက အဖွဲ့အတွင်း SMS ပေးပို့၊ လက်ခံ ရရှိ နိုင်တော့မည်မဟုတ်ပါ။

  • ၇ ရက်တိုင်တိုင် အဆိုပါ သက်တမ်းတိုးခြင်းမအောင်မြင်သေးပါက လက်ရှိရယူထားပြီးသော အဖွဲ့လိုက်ချက်တင်တွင် ဝင်ရောက် စာပို့နိုင်တော့မည်မဟုတ်ပါ။

  • ထိုအခါ အဖွဲ့ဝင်များအနေဖြင့် SMS စကားဝိုင်းဝန်ဆောင်မှုကို ထပ်မံရယူကာ SMS Chat ထဲသို့ဝင်ရောက်ခ ထပ်မံပေးဆောင်ပြီး SMS Group Chat အသစ်ဖန်တီးရမည်ဖြစ်ပါသည်။

  • အက်တမ် မှ သင့်လျော်သည်ဟု ထင်မြင်သည့်အတိုင်း SMS စကားဝိုင်းဝန်ဆောင်မှုအစီအစဉ်၏ ဈေးနှုန်း၊ ဒေတာပမာဏ၊ သုံးစွဲနိုင်သည့် အုပ်စုဝင် အရေအတွက်နှင့် သုံးစွဲနိုင်သည့် အချိန်ကာလအပါအဝင် ယခု စည်းကမ်း သတ်မှတ် ချက်များအား ပြင်ဆင်ခြင်း၊ ထပ်မံထည့်သွင်းခြင်း၊ ရပ်စဲခြင်း၊ ပြောင်းလဲခြင်းတို့အား အချိန်မရွေး လုပ်ဆောင် နိုင်သည်။ 

  • သုံးစွဲသူများ (ကနဦးအဖွဲ့ဝင်နှင့် အဖွဲဝင်များ) သည် SMS စကားဝိုင်းအစီအစဉ်အား ဥပဒေနှင့်မညီညွှတ်သော ရည်ရွယ်ချက်အတွက် အသုံးပြုခြင်း (သို့မဟုတ်) ဤ SMS စကားဝိုင်းအစီအစဉ်တွင်ပါရှိသည့် စည်းကမ်းချက် များ နှင့် သွေဖီသည့် မည့်သည့် အပြုအမူအတွက်ကိုမဆို အက်တမ် အနေဖြင့် မည်သည့်တာဝန်မျှရှိလိမ့်မည် မဟုတ်ပေ။

 

Frequently Asked Questions:

SMS စကားဝိုင်းဝန်ဆောင်မှု အစီအစဉ် ဆိုသည်မှာ  အင်တာနက်မလိုဘဲ အလွယ်တကူ ပေါင်းဖွဲ့ကာ အက်တမ်ဖုန်းသုံးစွဲသူ အချင်းချင်း အချိန်တိုင်း ဝိုင်းဖွဲ့စကားပြောနိုင်သော အစီအစဉ်ဖြစ်ပါသည်။

ဝန်ဆောင်မှုအား ကနဦးရယူသူ (Group Admin) အနေဖြင့်  *212*1*1# ကို တိုက်ရိုက်ဖုန်းခေါ်ကာ ရယူနိုင်ပြီး ကျန်အဖွဲ့ဝင်များအနေဖြင့် မိမိတို့ရရှိသောစာအတိုင်း <Group ID> သို့ ACPT ဟု SMS ပေးပို့ကာ SMS စကားဝိုင်းအား ဝင်ရောက်နိုင်ပါတယ်။

ကနဦးအဖွဲ့ဝင်အနေဖြင့် SMS စကားဝိုင်း တစ်နှစ်စာဝန်ဆောင်မှုအတွက် အရစ်ကျငွေ (ဝန်ဆောင်ခ) ၉၉၉ကျပ် (အခွန်ပါပြီး) ကို ၁၅ရက်တစ်ခါ ပေးဆောင်ရမှာဖြစ်ပြီး ကျန်အဖွဲ့ဝင်များအနေဖြင့် အဖွဲ့ဝင်ကြေး ၁ကျပ် Group Chat သို့ဝင်ရောက်သည်နှင့် ပေးဆောင်ရမှာဖြစ်ပါတယ်။ အဖွဲ့ဝင်ကြေးကိုမူ တကြိမ်သာကောက်ခံမှာဖြစ်ပြီး ကနဦးအဖွဲ့ဝင်မှ ဝန်ဆောင်မှုအားရယူပြီး ဝန်ဆောင်ခ ပေးချေနေသ၍ ကျန်အဖွဲ့ဝင်များအနေဖြင့် SMS Chat သို့ဝင်ရောက်ပြီးသည်နှင့် အချင်းချင်း SMS များ အခမဲ့ ပေးပို့နိုင်မှာဖြစ်ပါတယ်။ (Group Chat သို့ ဝင်ရောက်ရန် Group ID (212XXXX) သို့ ACPT ဟု SMS ပေးပို့ပါ။)

Group Admin အနေဖြင့် မိမိ၏ SMS Group Chat သို့ဝင်ရောက်ရန် အဖွဲ့ဝင် ၃ဦး ဖိတ်ခေါ်နိုင်ပါသည်။

*212# သို့ ဖုန်းခေါ်ကာ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ကာ အဖွဲ့ဝင်များ ထည့်ခြင်း၊ အစားထိုးခြင်း၊ ဖယ်ရှားခြင်း များပြုလုပ်နိုင်ပါသည်။ (သို့)  အကူအညီရယူရန် GroupID သို့ HELP ဟု SMS ပေးပို့ပါ။

SMS စကားဝိုင်းဝန်ဆောင်မှုအစီအစဉ်အား အက်တမ်၏ pre-paid ဝန်ဆောင်မှုသုံးစွဲသူ များသာ ရယူသုံးစွဲနိုင်ပါတယ်။

ရှိပါသည်။ ကနဦးအဖွဲ့ဝင် နှင့် အဖွဲ့ဝင်များမှ အများဆုံး SMS စကားဝိုင်းအစီအစဉ် (၃)ခုအထိသာ ရယူ အသုံးပြုနိုင်မည် ဖြစ်ပြီး ၄င်းတို့ ရယူ/ ဝင်ရောက်သည့် SMS စကားဝိုင်းအစီအစဉ် တခုချင်းစီအလိုက် ကျသင့်သည့်ဝန်ဆောင်ခကို ပေးဆောင်ရမှာ ဖြစ်ပါတယ်။

Group Chat သို့ ဝင်ရောက်ရန် Group ID (212XXXX) သို့ ACPT ဟု SMS ပေးပို့ပါ။

Group ID (212XXXX) သို့ EXITGRP ဟု SMS ပေးပို့ပါ။

Group ID (212XXXX) သို့ GRPINFO ဟု SMS ပေးပို့ပါ။

*212# သို့ဖုန်းခေါ်ပါ၊ 2 ကိုနှိပ်ပါ၊ သင်၏Group ID အား ရိုက်ထည့်ပါ၊ (ဥပမာ၊ 212xxxxx)၊ ပြီးနောက် ထည့်သွင်းလိုသော အဖွဲ့ဝင်များ၏ဖုန်းနံပါတ်များကို  ',' ခံကာ ရိုက်နှိပ်ကာ (ဥပမာ၊ 0979xxxxxxx,0979xxxxxxx,0979xxxxxxx) အဖွဲ့ဝင်များကိုထည့်သွင်းနိုင်ပါသည်။ (သို့) သင့်Group ID သို့ ADDGRP<တနေရာခြား>မိမိထည့်သွင်းလိုသောဖုန်းနံပါတ်/ များ (ဥပမာ၊ ADDGRP 097XXXXXXXX,097XXXXXXXX,097XXXXXXXX) ဟု SMS ပေးပို့ကာ အဖွဲ့ဝင်များကို ဖိတ်ခေါ်နိုင်ပါသည်။

*212# သို့ဖုန်းခေါ်ပါ၊ 3 ကိုနှိပ်ပါ၊ သင်၏Group ID အား ရိုက်ထည့်ပါ၊ (ဥပမာ၊ 212xxxxx)၊ ပြီးနောက် မိမိဖယ်ရှားလိုသော အဖွဲ့ဝင်၏ဖုန်းနံပါတ် နှင့် အသစ်လဲလှယ်လိုသောဖုန်းနံပါတ် ကို  ',' ခံ၍ ရိုက်နှိပ်ကာ (ဥပမာ၊ အဖွဲ့ဝင်ဟောင်းနံပါတ်, အဖွဲ့ဝင်သစ်ဖုန်းနံပါတ်) အဖွဲ့ဝင်အား အစားထိုးနိုင်ပါသည်။  (သို့) သင့်Group ID သို့ UPDGRP<တနေရာခြား>မိမိဖယ်ရှားလိုသောဖုန်းနံပါတ်ဟောင်း, ထည့်သွင်းလိုသောဖုန်းနံပါတ်အသစ်   (ဥပမာ၊ UPDGRP 097XXXXXXXX,097XXXXXXXX) ဟု SMS ပေးပို့ကာ အဖွဲ့ဝင်အား အစားထိုးနိုင်ပါသည်။

*212# သို့ဖုန်းခေါ်ပါ၊ 4 ကိုနှိပ်ပါ၊ သင်၏Group ID အား ရိုက်ထည့်ပါ၊ (ဥပမာ၊ 212xxxxx)၊ ပြီးနောက် မိမိပယ်ဖျက်လိုသော အဖွဲ့ဝင်၏ဖုန်းနံပါတ်ကို ရိုက်နှိပ်ကာ (ဥပမာ၊ 0979xxxxxxx) အဖွဲ့ဝင်ကိုဖယ်ရှားနိုင်ပါသည်။ (သို့) သင့်Group ID သို့ DELGRP<တနေရာခြား>မိမိပယ်ဖျက်လိုသောဖုန်းနံပါတ်  (ဥပမာ၊ DELGRP 097XXXXXXXX) ဟု SMS ပေးပို့ကာ အဖွဲ့ဝင်ကို ဖယ်ရှားနိုင်ပါသည်

*212# သို့ဖုန်းခေါ်ပါ၊ 5 ကိုနှိပ်ပါ၊  ပြီးနောက် သင်ခဏရပ်ဆိုင်းလိုသော Group Chat ID ကို ရိုက်ထည့်ကာ Group Chat အား ခဏရပ်ဆိုင်းနိုင်ပါသည်။ (သို့) Group ID သို့ DATGRP ဟု SMS ပေးပို့ကာ Group Chat ကို ခဏရပ်ဆိုင်းနိုင်ပါသည်။

*212# သို့ဖုန်းခေါ်ပါ၊ ကိုနှိပ်ပါ၊  ပြီးနောက် ပြန်လည်အသက်သွင်းလိုသော Group ID အား ရိုက်ထည့်ကာ Group Chat ကို ပြန်လည်စတင်နိုင်ပါသည်။ (သို့) Group ID သို့ ACTGRP ဟု SMS ပေးပို့ကာ Group Chat ကို  ပြန်လည်စတင်နိုင်ပါသည်။ 

*212# သို့ဖုန်းခေါ်ပါ၊ 7 ကိုနှိပ်ပါ၊  ပြီးနောက် ပယ်ဖျက်လိုသော Group ID အား ရိုက်ထည့်ကာ ဝန်ဆောင်မှုကို ရပ်ဆိုင်းနိုင်ပါသည်။ (သို့) Group ID သို့ UNSUBGRP ဟု SMS ပေးပို့ကာ Group Chat ဝန်ဆောင်မှုကို ရပ်ဆိုင်းနိုင်ပါသည်။ 

Group ID (212XXXX) သို့ GRPINFO ဟု SMS ပေးပို့ပါ။

Group ID (212XXXX) သို့ HELP ဟု SMS ပေးပို့ပါ။

Group ID (212XXXX) သို့ GRPNAME<တနေရာခြား>မိမိမှတ်လိုသောနာမည် ကို ရိုက်ထည့်ကာ SMS ပေးပို့ပါ။ ( (ဥပမာ၊ GRPNAME My Friends) 

68

 

Back to top