We'd like to send you notifications of the latest posts and updates

သက်သေခံကတ်ပြားဖြင့် အက်တမ်ဆင်းကတ်ကို မှတ်ပုံတင်ပါ။

ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ဆင်းကတ်အားလုံးကို မှတ်ပုံတင်ရန်လိုအပ်သည်ဟု ညွှန်ကြားထားသည်။ လူကြီးမင်း၏ သက်သေခံကတ်ပြားဖြင့် ဆင်းကတ် ၂ကတ်အထိသာ မှတ်ပုံတင်နိုင်မည်ဖြစ်သည်။
ဆင်းကတ် မှတ်ပုံတင်ရန်ခွင့်ပြုထားသော ကတ်များမှာ-
၁။ နိုင်ငံသားစိစစ်ရေးကတ်
၂။ Passport (နိုင်ငံခြားသားများအတွက်သာ)

လက်ရှိဆင်းကတ်အမည်ပေါက်စစ်ဆေးရန်

စတင်မည်။

*ဤဝက်ဘ်ဆိုက်မှတစ်ဆင့် အက်တမ်ဆင်းကတ်မှတ်ပုံတင်ခြင်းကို မိမိကိုယ်တိုင်အတွက် သာမက မိသားစုဝင်၊ မိတ်ဆွေသူငယ်ချင်းများအတွက်လည်း လိုအပ်သည့် အထောက်အထားများ ပြည့်စုံမည်ဆိုလျှင် ကိုယ်စားဆောင်ရွက်ပေးနိုင်ပါသည်။

ဆင်းကတ်မှတ်ပုံတင်ရန် လိုအပ်သည့်အချက်များ

မှတ်ပုံတင်ရန် လိုအပ်ချက်များ

  • သင်၏ဆင်းကတ် နှင့် လက်ကိုင်ဖုန်း
  • သုံးစွဲသူ၏ သက်သေခံကတ်ပြား ဥပမာ- နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့မဟုတ်) နိုင်ငံခြားသားဖြစ်လျှင် နိုင်ငံကူးလက်မှတ်
  • မည်သည့်နည်းဖြင့်မဆို ဆင်းကတ်မှတ်ပုံတင်ခြင်းအတွက် အခကြေးငွေ တစ်စုံတစ်ရာမှ ပေးဆောင်ရန် မလိုပါ။

ဆင်းကတ်မှတ်ပုံတင်ရန်သင့်ထံမှ အောက်ပါအချက်အလက်များကို မေးမြန်းသွားမည်ဖြစ်သည်။

  • အမည်
  • သက်သေခံကတ်ပြား မိတ္တူ + မူရင်း (နိုင်ငံသားစိစစ်ရေးကတ်ပြား/ နိုင်ငံခြားသားဖြစ်ပါက နိုင်ငံကူးလက်မှတ်)

ကိုယ်တိုင်မှတ်ပုံတင်ခြင်း (သို့) အွန်လိုင်းမှတဆင့် ဆက်သွယ်ခြင်း

လူကြီးမင်းတို့၏ဆင်းကတ်ကို အွန်လိုင်းတွင် ပြန်လည်မှတ်ပုံတင်လျှင် လိုအပ်သည့် အချက်အလက်များကို ကိုယ်တိုင်ဖြည့်စွက်ရမည်ဖြစ်ပြီး၊ အကူအညီရယူပါက customer care ဝန်ထမ်းမှ ကူညီပေးမည်ဖြစ်သည်။

အောက်ပါနည်းလမ်းများမှတဆင့် အခမဲ့ မှတ်ပုံတင်နိုင်မည်။

အက်တမ်ဝက်ဆိုက်မှ တဆင့် ကိုယ်တိုင်မှတ်ပုံတင်ခြင်း
လက်ရှိ ဆင်းကတ်အား မှတ်ပုံတင်ခြင်း၊ အချက်အလက်များထပ်မံဖြည့်စွက်ခြင်း၊
ပိုင်ရှင်အမည်ပြောင်းခြင်း စသည်တို့ကို လုပ်ဆောင်နိုင်သည်။

ATOM Store App မှ တဆင့် ကိုယ်တိုင် မှတ်ပုံတင်ခြင်း
Android သို့မဟုတ် iOS ဖုန်းပေါ်တွင် ATOM Store app ဒေါင်းလုတ်လုပ်၍ မှတ်ပုံတင်နိုင်သည်။

ဖေ့စ်ဘုတ်မှတဆင့် မှတ်ပုံတင်ခြင်း
ဖေ့စ်ဘုတ်မှတဆင့် အက်တမ်၏ တရားဝင်ဖေ့စ်ဘုတ်စာမျက်နှာသို့ သွားရောက်၍ မှတ်ပုံတင်နိုင်ပါသည်။

Viber မှ တဆင့် မှတ်ပုံတင်ခြင်း
တရားဝင် အက်တမ် Viber အကောင့်မှ အရောင်းကိုယ်စားလှယ် တစ်ဦးဦးအား ဆက်သွယ်၍မှတ်ပုံတင်နိုင်သည်။

အီးမေးလ်မှတဆင့် မှတ်ပုံတင်ခြင်း
reg@atom.com.mm သို့ အီးမေးလ်ပေးပို့ခြင်းဖြင့် မှတ်ပုံတင်နိုင်ပါသည်။

နီးစပ်ရာ အက်တမ်အရောင်းဆိုင်တွင် မှတ်ပုံတင်ခြင်း

နီးစပ်ရာ အက်တမ်အရောင်းဆိုင်များ
သွားရောက်၍လည်း မိမိဆင်းကတ်ကို မှတ်ပုံတင်စာရင်းပေးသွင်းနိုင်ပါသည်။ မှတ်ပုံတင်ယူဆောင်သွားရန် မမေ့ပါနှင့်။

Frequently Asked Questions:

ဆင်းကတ်များကိုမြန်မာနိုင်ငံအစိုးရ၏ သတ်မှတ်ချက်အရမှတ်ပုံတင်ရန်လိုအပ်ပါသည်။ သုံးစွဲသူများတစ် ဦး ချင်းမှတ်ပုံတင်ထားသောဆင်းကတ်အရေအတွက်ကို (၂) ကတ်အထိ ကန့်သတ်ရန် မိုဘိုင်းအော်ပရေတာများကို ဆက်သွယ်ရေးညွှန်ကြားမူဦးစီးဌာနမှညွှန်ကြားထားသည်။ သင်၏နိုင်ငံသားစိစစ်ရေးကတ် ဖြင့် အက်တမ်ဆင်းကတ်နှစ်ခုသာသင်မှတ်ပုံတင်နိုင်မည်ဖြစ်သည်။

သင်၏ ဆင်းကတ်ကိုမှတ်ပုံတင်မထားပါက ဆင်းကတ်များ ကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၃၀ ရက်နောက်တွင် ကန့်သတ် ခြင်းများ ဖြစ်နိုင်ပြီး ၂၀၂၀ ပြည့်နှစ်၊ ဇွန် ၃၀ နောက်ပိုင်းတွင် ဆင်းကတ်ကိုပိတ်သိမ်းခြင်းခံရမည်ဖြစ်သည်။ ၀န်ဆောင်မှုများပြတ်တောက်ခြင်းမရှိစေရန် အထက်တွင်ဖော်ပြထားသော ဆင်းကတ် မှတ်ပုံတင်ခြင်းနည်းလမ်းကိုအသုံးပြုပါ။

ဆင်းကတ်မှတ်ပုံတင်ခြင်းအတွက် ဝန်ဆောင်ခပေးဆောင်ရန် မလိုအပ်ပါ။

COVID-19 အခြေအနေနှင့် ပတ်သက်၍ သင်၏ ဆင်းကတ်ကိုမှတ်ပုံတင်ရန် ယခုဝက်ဘ်ဆိုက်သို့မဟုတ် ATOM Store အပ်ပလီကေးရှင်းကဲ့သို့သောအွန်လိုင်း channels များကိုအသုံးပြုရန်အကြံပြုလိုပါသည်။ အကယ်၍ အက်တမ်ဆိုင်သို့သွားရန် (သို့မဟုတ်)ကျွန်ုပ်တို့၏ ကိုယ်စားလှယ်များထံမှအကူ အညီတောင်းရန်လိုအပ်ပါက၊ အခြားသူများနှင့်ဝေးကွာသောအကွာအဝေးတွင် နေပြီး မိမိကိုယ်ကိုကာကွယ်ပါ။ အောက်ပါနည်းလမ်းများဖြင့် မှတ်ပုံတင်နိုင်သည်။

• အက်တမ်မြန်မာဝက်ဘ်ဆိုက် - SIM Registration
• ATOM Store App Android နှင့် iOS ကို https://bit.ly/ATOMStoreApp မှ download ပြုလုပ်ပြီးမှတ်ပုံတင်ပါ။
• Facebook Messenger မှတဆင့်မှတ်ပုံတင်ပါ။ https://bit.ly/ATOM-Messenger
• ATOM Viber မှတဆင့်မှတ်ပုံတင်ပါ။ https://bit.ly/ATOM-Viber
reg@atom.com.mmသို့အီးမေးလ်ပို့ပါ။
• သင်၏အနီးဆုံး ATOM အမှတ်တံဆိပ်ဆိုင်များကို မြန်မာနိုင်ငံအနှံ့အပြားရှိ မတူညီသောနေရာ‌ပေါင်း ၂၀၀ ကျော်များတွင်ကြည့်ရှုပါ။

အွန်လိုင်းတွင်ဖြစ်စေ၊ ဆိုင်တွင်ဖြစ်စေမှတ်ပုံတင်သည့်အခါ အောက်ပါတို့ကိုလိုအပ်မည်။

• သင်၏ ဆင်းကတ်(နှင့်သင်၏လက်ကိုင်ဖုန်း)

• သင်၏ နိုင်ငံသားစိစစ်ရေးကတ်(သို့မဟုတ်)နိုင်ငံကူးလက်မှတ်(နိုင်ငံခြားသားများအတွက်) အောင်မြင်သောမှတ်ပုံတင်ခြင်းတွင်သင်၏အမည်အပြည့်အစုံ၊ သင်၏မှတ်ပုံတင်နံပါတ်နှင့်သင်၏မှတ်ပုံတင်ကတ်၏ရှေ့နှင့်နောက်ဖက်ရှိဓာတ်ပုံများပါ၀င်မည်ဖြစ်သည်။

သင်၏ဆင်း ကိုကိုယ်တိုင်မှတ်ပုံတင်သည့်နည်းလမ်းဖြစ်သည့် https://www.atom.com.mm/my/personal/ecaf (သို့) ATOM Store App ထဲမှတဆင့် မှတ်ပုံတင်ရန် အက်တမ် ၏ ကိုယ်ပိုင်ခွင့်ပြုချက် ဝန်ဆောင်မူသို့ဝင်ရောက် အသုံးပြုရန်လိုအပ်ပါသည်။ Log in ဝင်သည့် အခါ သင်၏ ဆင်းကတ် သို့ နံပါတ် ၄ လုံးပါသောကုဒ်တစ်ခုကိုရရှိမည်ဖြစ်သည်။ ဒီကုဒ်ကိုသုံးပြီး မိမိအသုံးပြုမည့် website (သို့) App (system) ထဲသို့၀င်ရောက်၍ ဆက်လက် မှတ်ပုံတင်ရမည်ဖြစ်သည်။

26

Back to top