We'd like to send you notifications of the latest posts and updates

ကြိုတင်ငွေပေး ဆင်းကတ်(Prepaid SIM ကတ်)

အက်တမ်ကွန်ရက်မှ ကြိုဆိုပါတယ်။ အက်တမ်ရဲ့ Prepaid SIM ကတ်ဖြင့် ကြိုက်နှစ်သက်ရာ ပြည်တွင်းပြည်ပ ဖုန်းနံပါတ်များကို အချိုသာဆုံးဈေးနှုန်းဖြင့် ခေါ်ဆိုနိုင်ပါတယ်။ အက်တမ်ရဲ့ prepaid SIM ကတ်များဖြင့် sms ပေးပို့နိုင်သလို အင်တာနက်လဲ အသုံးပြုနိုင်ပါတယ်။ အပိုထပ်ဆောင်းဝန်ဆောင်မှုများ (Value Added Services) ကိုလည်း အသုံးပြုနိုင်ပါတယ်။ အက်တမ်အရောင်းဆိုင်များတွင် Micro နှင့် Nano sim ကတ်များကိုလည်း ရယူနိုင်ပါတယ်။

ATOM သည် ကျွန်ုပ်တို့၏ တန်ဖိုးရှိသော သုံးစွဲသူများအား ပိုမိုကောင်းမွန်သော အတွေ့အကြုံများနှင့် ဝန်ဆောင်မှုများကို ပေးဆောင်ရန် အမြဲတမ်း ရည်စူးပါသည်။ ကြိုတင်ငွေပေးချေမှု အစီအစဉ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

ဆင်းကတ် ၁ကတ် - ၁၅ဝဝကျပ်

၈၊၁၊၂၀၂၂ မှစတင်၍ ကတ်အသစ်များကို အသက်သွင်းရန် ကုန်သွယ်လုပ်ငန်းခွန် ၂၀,၀၀၀ကျပ်အား တစ်ကြိမ်သာ ပေးဆောင်ရမည်။

အင်တာနက်
၁ MB လျှင် ၁၂ ကျပ်

ဖုန်းခေါ်ဆိုခြင်း
၁ မိနစ်လျှင် ၃၀ ကျပ် (မည်သည့်ပြည်တွင်းဖုန်းမဆို)

စာတိုပေးပို့ခြင်း
၁စောင်လျှင် ၂၀ ကျပ် (ပြည်တွင်း မည်သည့်ဖုန်းမဆို)

  • ပြည်ထောင်စု၏ အခွန်ကောက်ဥပဒေပြင်ဆင်ချက်အရ ကုန်သွယ်လုပ်ငန်းခွန်အား ဇန်န၀ါရီလ ၂၂ ရက် ၂၀၂၂နေ့မှ စတင်၍အင်တာနက်ဝန်ဆောင်မှုများအတွက် အခွန်၁၅% ပေးဆောင်ရပါမည်။ ဖုန်းခေါ်ဆိုမှုနှင့်စာတိုပို့ဆောင်မှုများမှာ ယခင်အတိုင်း အခွန်၅%ပေးဆောင်ရပါမည်။ ဖော်ပြထားသော ကြိုတင်ငွေပေး အစီအစဉ်များမှနှုန်းထားများ သည် ကုန်သွယ်လုပ်ငန်းခွန်မပါဝင်သေးပါ။
  • အထက်ဖော်ပြပါ ကြိုတင်ငွေပေး Price Plan များ၏ သုံးသလောက်ပေးနှုန်းထားများသည် ၂၀၂၄ ခုနှစ် ဖေဖေါ်၀ါရီလ ၃ ရက်နေ့မှ စတင်၍ အကျုံးဝင်ပါသည်။

သင်၏ SIM ကို Online မှ လွယ်ကူစွာ ၀ယ်နိုင်ပါပြီ။

ATOM Myanmar ဝက်ဘ်ဆိုက်တွင် မိမိတို့အကြိုက်ဆုံးနံပါတ်များကိုရွေးချယ်ခြင်းဖြင့် ATOM SIM ကဒ်အသစ်များကို ၀ယ်ယူနိုင်သည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၈ရက်နေ့မှ စတင်၍ ဆင်းကတ်တန်ဖိုး ၁,၅၀၀ကျပ် နှင့်အတူ ဆင်းကတ် အသက်သွင်းခြင်းပြုလုပ်ရန် (SIM Activation) ကုန်သွယ်လုပ်ငန်းခွန် ၂၀,၀၀၀ကျပ်ပေးဆောင်ရမည်ဖြစ်သည်။ အက်တမ်မှ အခမဲ့ဝန်ဆောင်မှုပေးဆောင်မှာဖြစ်ပြီး ဆင်းကတ်လာပို့သည့်အခါမှသာ ငွေသားပေးချေမှုကို ဆောင်ရွက်ရမှာဖြစ်သည်။

မကြာမီ လာပါမည်..

Frequently Asked Questions:

ဆင်းကတ်တန်ဖိုးမှာ ၁,၅၀၀ကျပ်သာဖြစ်ပြီး  ဆင်းကတ် အသက်သွင်းခြင်း (SIM Activation)  ပြုလုပ်ရန် ကုန်သွယ်လုပ်ငန်းခွန် ၂၀,၀၀၀ကျပ်ကိုပေးဆောင်ရပါမယ်။

ATOM မှ ဝန်ဆောင်မှုပေးထားသော ဆိုင်တိုင်းတွင် ဝယ်ယူနိုင်ပါသည်။ ဒါ့အပြင် ATOM အရောင်းဆိုင်များတွင်လဲ ဝယ်ယူနိုင်ပါသည်။ ATOM မှ ပေးထားသော Form ပုံစံဖြည့်ပြီးမှသာ SIM Card များကို ဝယ်ယူနိုင်ပါသည်။ Form ပုံစံအသေးစိတ် အချက်အလက်များကို ATOM ဆိုင်များတွင် စုံစမ်းနိုင်ပါသည်။

ယခုလက်ရှိ အချိန်မှာတော့ အရောင်းဆိုင်များမှသာ ဝယ်ယူနိုင်မည် ဖြစ်ပြီး နောက်ပိုင်းတွင် Online မှတစ်ဆင့် ဝယ်ယူနိုင်အောင် ဆောင်ရွက်ပေးမည် ဖြစ်သည်။

မှတ်ပုံတင် သို့ Passport(နိုင်ငံခြားသားဖြစ်လျှင်) ဖြင့် ဝယ်ယူနိုင်ပါသည်။

ATOM Call Center ဖုန်းနံပါတ် 09790097900 ကိုခေါ်ဆို၍ သော်လည်းကောင်း နီးစပ်ရာ ဖုန်းအရောင်းဆိုင်များတွင် မေးမြန်း၍သော်လည်းကောင်း care@atom.com.mm သို့ Email ပို့၍သော်လည်းကောင်းမေးမြန်းစုံစမ်းနိုင်ပါသည်။

  • အဆင့် (၁)။ နီးစပ်ရာအက်တမ်အရောင်းဆိုင်တွင် အရောင်းဝန်ထမ်းနှင့်တွေ့ပါ။
  • အဆင့် (၂)။ ဆင်းကတ်မှတ်ပုံတင်ရန် သင့်ရဲ့ မှတ်ပုံတင်ကို ပြပါ။ အရောင်းဝန်ထမ်းမှ သင့်ရဲ့နာမည်အောက်မှာ မှတ်ပုံတင်ထားတဲ့ ဆင်းကတ် အရေအတွက်ကို စစ်ဆေးပေးပါမယ်။
  • အဆင့် (၃)။ ဆင်းကတ် ၂ခု မှတ်ပုံတင်ပြီးသားဖြစ်ပါက သင်အသုံးမပြုသော ဆင်းကတ်ကို ဖြတ်ပစ်ရန် အရောင်းဝန်ထမ်းကို အသိပေးပါ။
  • အဆင့် (၄)။ အက်တမ်ဆင်းကတ်ကို ပထမဆုံးအကြိမ်ဝယ်ယူခြင်း သို့မဟုတ် ဆင်းကတ် တစ်ခုရှိပြီးသားဆိုပါက သင်နှစ်သက်ရာ နံပါတ်ကိုရွေးချယ်ပြီး ဆင်းကတ်အသစ်ကို မှတ်ပုံတင်ပါ။
  • အဆင့် (၅)။ မှတ်ပုံတင်ခြင်းအောင်မြင်ပြီးပါက ဆင်းကတ်တန်ဖိုး ၁,၅၀၀ကျပ် နှင့်အတူ ဆင်းကတ် အသက်သွင်းခြင်း (SIM Activation) ပြုလုပ်ရန် ကုန်သွယ်လုပ်ငန်းခွန် ၂၀,၀၀၀ကျပ်ပေးဆောင်ရပါမယ်။
  • အဆင့် (၆)။     သင်ဝယ်ယူထားတဲ့ ဆင်းကတ်အား ငွေဖြည့်သွင်းပြီးပါက စတင် အသုံးပြုနိုင်ပါပြီ။ 
  • ဆင်းကတ်တွေရဲ့ ကုန်သွယ်ခွန်လုပ်ငန်းခွန်က ဘယ်အချိန်မှာ စတင်သက်ရောက်ပြီး ဘယ်လိုပေးရမှာလဲ။
  • ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၈ ရက်နောက်ပိုင်း မှတ်ပုံတင်တဲ့ ဆင်းကတ်အသစ်တွေကို အသက်သွင်းနိုင်ဖို့အတွက် ကုန်သွယ်လုပ်ငန်းခွန် ၂၀,၀၀၀ ကျပ်တိတိ ကျသင့်ပါတယ်။ ဆင်းကတ်ကို စတင်အသုံးပြုတာနဲ့တစ်ပြိုင်နက် အော်ပရေတာကို အခွန်တစ်ကြိမ်တည်းအပြတ်ပေးဆောင်ရမှာပါ။ လက်ရှိသုံးစွဲနေတဲ့ ကတ်တွေကတော့ ယခုပြင်ဆင်ချက်မှာ အကျုံးမဝင်ပါဘူး။

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၈ ရက်နောက်ပိုင်း မှတ်ပုံတင်တဲ့ ဆင်းကတ်အသစ်တွေကို အသက်သွင်းနိုင်ဖို့အတွက် ကုန်သွယ်လုပ်ငန်းခွန် ၂၀,၀၀၀ ကျပ်တိတိ ကျသင့်ပါတယ်။ ဆင်းကတ်ကို စတင်အသုံးပြုတာနဲ့တစ်ပြိုင်နက် အော်ပရေတာကို အခွန်တစ်ကြိမ်တည်းအပြတ်ပေးဆောင်ရမှာပါ။ လက်ရှိသုံးစွဲနေတဲ့ ကတ်တွေကတော့ ယခုပြင်ဆင်ချက်မှာ အကျုံးမဝင်ပါဘူး။

28

Back to top