We'd like to send you notifications of the latest posts and updates

ခံစားခွင့်များလွှဲပြောင်းပေးခြင်း

သင့်အက်တမ်ဖုန်းထဲမှ လက်ကျန်ငွေ၊ ရှယ်စုဘူး‌‌ဒေတာ၊ ထူးရှယ်‌ပြောနှင့် တော်ကီစုဘူး မိနစ်များ နှင့် အက်တမ်စတားပွိုင့်များကို အခြား အက်တမ်အသုံးပြုသူထံသို့လွှဲပြောင်းပေးနိုင်ပါသည်။ လွှဲပြောင်းပေးလိုက်သော လက်ကျန်ငွေ၊ ဒေတာ၊ အသံနှင့် ပွိုင့်များသည် ပင်မစာရင်းသို့ပေါင်းစည်းသွား၍ တခြားသူမှ သင့်ထံလွှဲပြောင်းပေးပါကလည်း သင့်ပင်မစာရင်းတွင်ပေါင်းစည်းသွားပါမည်။

 

လက်ကျန်ငွေ လွှဲပြောင်းပေးခြင်း

သင့် အက်တမ် ဖုန်းထဲမှ လက်ကျန်ငွေအား အခြား အက်တ်ာ အသုံးပြုသူထံသို့ လွှဲပြောင်းပေးနိုင်မည်။

ပိုမိုသိရှိရန်

ရှယ်စုဘူးဒေတာ လွှဲပြောင်းမှု အစီအစဉ်

ရှယ်စုဘူးသုံးစွဲသူများအတွက် မိသားစုနှင့်သူငယ်ချင်းများကို ဒေတာလွှဲပြောင်းပေးနိုင်ရန် အက်တမ် မှ ဒေတာလွှဲပြောင်း ၀န်ဆောင်မှု

ပိုမိုသိရှိရန်

ဖုန်းပြောမိနစ်မျှဝေခြင်း

အက်တမ်အသုံးပြုသူအချင်းချင်း ထူးရှယ်ပြောနှင့် တော်ကီစုဘူး ဖုန်းပြောမိနစ်တွေကို မျှဝေနိုင်မယ့် ဖုန်းပြောမိနစ်လွှဲပြောင်းပေးပို့ခြင်း၀န်ဆောင်မှု

ပိုမိုသိရှိရန်

ပွိုင့်လွှဲပြောင်းပေးခြင်း

သင့်အက်တမ်ဖုန်းထဲမှ အက်တမ်စတားပွိုင့်များအား သတ်မှတ်စတားTiers ရှိသော အခြားအက်တမ်အသုံးပြုသူထံသို့ လွှဲပြောင်းပေးနိုင်မည်။

ပိုမိုသိရှိရန်

 


 

လက်ကျန်ငွေ လွှဲပြောင်းပေးခြင်း

သင့် အက်တမ် ဖုန်းထဲမှ လက်ကျန်ငွေအား အခြား အက်တ်ာ အသုံးပြုသူထံသို့ လွှဲပြောင်းပေးနိုင်မည်။ လွှဲလိုက်သောဖုန်းငွေသည် လက်ခံရရှိသူ၏ ပင်မစာရင်းသို့ ပေါင်းသွားမှာဖြစ်ပါတယ်။ တခြားသူမှ သင့်ထံ လွှဲပေးလျှင်လည်း ဖုန်းငွေသည် ပင်မစာရင်းတွင်သာ ပေါင်းသွားမှာ ဖြစ်ပါတယ်။

လွှဲပြောင်းရန် အဆင့်များ

*122*လက်ခံမည့်ဖုန်းနံပါတ်*ငွေပမာဏ#

ဥပမာ:*122*0979xxxxxxx*1000#

 

ATOM Store App > Home Screen ရှိ “ဖုန်းငွေလွှဲရန်” ကို နှိပ်ပြီး ငွေလွှဲနိုင်ပါသည်။

 

စည်းမျဉ်း စည်းကမ်းများ

  • ATOM Prepaid အသုံးပြုသူများသာ
  • ဖုန်းငွေကျပ် ၂၀ဝ မှ ၁၀,ဝဝဝ ကြား လွှဲပြောင်းပေးနိုင်မည်ဖြစ်သည်။
  • တစ်ရက်တွင်အများဆုံး ၅၀,၀၀၀ ကျပ် လွှဲနိုင်မည်ဖြစ်ပါတယ်။
  • တစ်ရက်တွင် ၁၀ ကြိမ်သာ ငွေလွှဲနိုင်မည်ဖြစ်သည်။
  • ဖုန်းငွေအနည်းဆုံး ၃,ဝဝဝကျပ်နှင့်အထက်အသုံးပြုပြီးမှသာ Balance Transfer Service ကိုစတင်အသုံးပြုနိုင်ပါမည်။
  • လွှဲပြောင်းပေးသူထံမှ လွှဲပြောင်းပေးသော ပမာဏ၏ ၅ရာခိုင်နှုန်းကို ၀န်ဆောင်ခအဖြစ် နှင့် ကုန်သွယ်လုပ်ငန်းခွန် ၅% ကောက်ခံသွားမည်ဖြစ်သည်။ **(effective from 1st June 2021 onwards)

 

ရှယ်စုဘူးဒေတာလွှဲပြောင်းမှု အစီအစဉ်

ရှယ်စုဘူးသုံးစွဲသူများအတွက် မိသားစုနှင့်သူငယ်ချင်းများကို ဒေတာလွှဲပြောင်းပေးနိုင်ရန် အက်တမ် မှ ဒေတာလွှဲပြောင်း ၀န်ဆောင်မှုကို မိတ်ဆက်ပေးလိုက်ပါသည်။ ထို၀န်ဆောင်မှုသည် ဖုန်းငွေလွှဲပြောင်း ၀န်ဆောင်မှုကဲ့သို့ အက်တမ်သုံးစွဲသူ အချင်းချင်း လွှဲပြောင်း ပေးနိုင်ပါသည်။

ဒေတာပေးပို့ခြင်း

*121*လက်ခံမည့်ဖုန်းနံပါတ်*ငွေပမာဏ#

e.g. *121*0979XXXXXXX*1000#

 

ATOM Store App -> Shal Suboo Balance ၏ဘေးတွင်ရှိသော “Transfer Data” ကိုနှိပ်၍ ပေးပို့နိုင်ပါသည်။

 

စည်းမျဉ်း စည်းကမ်းများ

  • Prepaid customer များသာ အသုံးပြုနိုင်သည်။
  • တစ်ကြိမ်လွှဲပြောင်းပေးပို့မှုအတွက် ဝန်ဆောင်ခ ၉၉ကျပ် (ကုန်သွယ်ခွန်ပါပြီး)ကျသင့်ပါမည်။
  • တစ်ကြိမ်လျှင် အများဆုံး 1024MB အထိလွဲပြောင်းပေးပို့နိုင်သည်။
  • တစ်နေ့တာအတွက် ရှယ်စုဘူးဒေတာလွဲပြောင်းပေးပို့မှုကို အများဆုံး ၅ကြိမ် အထိလွှဲပြောင်းပေးပို့နိုင်သည်။
  • လွှဲပြောင်းပေးသူသည် ရှယ်စုဘူးဒေတာလွှဲပြောင်းနိုင်ရန်လုံလောက်သော ရှယ်စုဘူးဒေတာ လက်ကျန်ရှိရမည်။
  • လွှဲပြောင်းပေးသူသည် ၀န်ဆောင်ခပေးဆောင်ရန် လုံလောက်သော လက်ကျန်ငွေရှိရမည်။
  • လက်ခံရရှိသူသည် အကောင့်တွင် ရှယ်စုဘူးဒေတာ ရှိသော်လည်းကောင်း၊ မရှိသော်လည်းကောင်း ဒေတာကို လက်ခံနိုင်သည်။
  • လက်ခံရရှိသူ၏အကောင့်တွင်သည် ရှယ်စုဘူးဒေတာရှိပါက ဒေတာပမာဏမှာပေါင်းစည်းသွား၍ သက်တမ်းမှာ အများဆုံးရှိသောသက်တမ်းကိုရရှိမည်။
  • လက်ခံရရှိသူသည် ရှယ်စုဘူးဒေတာ မရှိပါက ၇ ရက်သက်တမ်းနှင့် ပုံမှန် ရှယ်စုဘူးကဲ့သို့ carry လုပ်ဆောင်နိုင်သည်။
  • ရှယ်စုဘူး သက်တမ်းနှင့် မသက်ဆိုင်ဘဲ ဒေတာကို လွှဲပြောင်းနိုင်ပါသည်။ သက်တမ်းလက်ကျန်ရှိသည်ဖြစ်စေ carry forward အခြေအနေတွင်ရှိသည်ဖြစ်စေ ဒေတာလွှဲပြောင်းပေးပို့နိုင်ပါသည်။
  • လက်ခံရရှိသော ဒေတာ၏ Charging priority သည် ရှယ်စုဘူးဒေတာ၏ charging priority နှင့် တူညီပါသည်။

 

ဖုန်းပြောမိနစ်မျှဝေခြင်း

အက်တမ်အသုံးပြုသူအချင်းချင်း ထူးရှယ်ပြောနှင့် တော်ကီစုဘူး ဖုန်းပြောမိနစ်တွေကို မျှဝေနိုင်မယ့် ဖုန်းပြောမိနစ်လွှဲပြောင်းပေးပို့ခြင်း၀န်ဆောင်မှုအသစ်ကို အသုံးပြု၍ ချစ်ခင်ရသူတွေနဲ့ အမြဲအဆက်အသွယ်မပြတ်ရှိနေနိုင်ပါပြီ။

ဖုန်းပြောမိနစ်မျှဝေခြင်း

*120# (သို့မဟုတ်) *979*4*7#

 

ATOM Store App -> Talkie Suboo Mins နှင့် ATOM Call Mins တို့၏ဘေးတွင်ရှိသော “Transfer Voice” ကိုနှိပ်၍ ပေးပို့နိုင်ပါသည်။

 

စည်းမျဉ်း စည်းကမ်းများ

  • Prepaid customer များသာ အသုံးပြုနိုင်သည်။
  • တစ်ကြိမ်မျှဝေလျှင် ၀န်ဆောင်ခ ၉၉ ကျပ် (အခွန်ပါဝင်ပြီး) ကောက်ခံပါမည်။
  • တော်ကီစုဘူး/ ထူးရှယ်ပြော နှစ်ခုလုံးအတွက် တစ်ကြိမ်လျှင် အနည်းဆုံး ၅ မိနစ် မှ အများဆုံး ၂၀ မိနစ် အထိသာ မျှဝေနိုင်ပါသည်။
  • တော်ကီစုဘူး နှင့် ထူးရှယ်ပြော နှစ်ခုလုံးအတွက် တစ်ရက်လျှင် စုစုပေါင်း ၅ ကြိမ်သာ မျှ‌ဝေနိုင်ပါသည်။
  • လွှဲပြောင်းပေးသူသည် တော်ကီစုဘူး/ ထူးရှယ်ပြောမိနစ်များလွှဲပြောင်းနိုင်ရန် လုံလောက်သောမိနစ်ပမာဏရှိရပါမည်။
  • လွှဲပြောင်းပေးသူသည်ဝန်ဆောင်ခပေးဆောင်ရန် လုံလောက်သောလက်ကျန်ငွေရှိရပါမည်။
  • လက်ခံရရှိမည့်သူ၏အကောင့်တွင် တော်ကီစုဘူး/ ထူးရှယ်ပြော မိနစ်များမရှိသော်လည်း ဖုန်းပြောမိနစ်လက်ခံနိုင်သည်။
  • လက်ခံရရှိမည့်သူ၏ အကောင့်တွင် တော်ကီစုဘူး/ ထူးရှယ်ပြော မိနစ်များ ရှိနေပါက မိနစ်ပမာဏများပေါင်းစည်းသွား၍ သက်တမ်းမှာ အများဆုံးရှိ‌သောသက်တမ်းကိုရရှိမည်။
  • လက်ခံရရှိမည့်သူ၏ အကောင့်တွင် တော်ကီစုဘူး/ ထူးရှယ်ပြော မိနစ်များ ရှိမနေပါက သက်တမ်းမှာ ၇ ရက် ဖြစ်ပါသည်။
  • လက်ခံရရှိမည့်သူသည် တော်ကီစုဘူး/ ထူးရှယ်ပြော မိနစ်ပက်ကေ့ချ်များ ကိုယ်တိုင်ဝယ်ယူလိုက်ပါက ယခင်လက်ခံရရှိထားသော မိနစ်များ၏ သက်တမ်းသည်လည်း အကောင်းဆုံးတစ်ခုသို့တိုးမည်ဖြစ်ပြီး မိနစ်ပမာဏများပေါင်းစည်းသွားမည်ဖြစ်ပါသည်။
  • လွှဲပြောင်းပေးသူတွင် မတူညီသောသက်တမ်းရှိသည့် တော်ကီစုဘူး/ ထူးရှယ်ပြော မိနစ်များရှိပါက မျှဝေခြင်းအတွက် သက်တမ်းတိုသော ပက်ကေ့ချ်မှအရင်နှုတ်ယူမည်ဖြစ်ပါသည်။
  • လက်ခံရရှိသော မိနစ်များ၏ charging priority သည် တော်ကီစုဘူး/ ထူးရှယ်ပြောမိနစ်များ၏ charging priority နှင့် တူညီပါသည်။

 

ပွိုင့်လွှဲပြောင်းပေးခြင်း

သင့်အက်တမ်ဖုန်းထဲမှ အက်တမ်စတားပွိုင့်များအား သတ်မှတ်စတားTiers ရှိသော အခြားအက်တမ်အသုံးပြုသူ ထံသို့ လွှဲပြောင်းပေးနိုင်မည်။ လွှဲလိုက်သောစတားပွိုင့်များသည် လွှဲပြောင်းသူ၏ပင်မပွိုင့်စာရင်းမှ နှုတ်ယူပြီး လက်ခံရရှိသူ၏ ပင်မပွိုင့်စာရင်းသို့ ပေါင်းသွားမှာ ဖြစ်ပါတယ်။

လွှဲပြောင်းရန်အဆင့်များ

USSD Code မှတဆင့်လွှဲရန်

*2121*6*recipient’s number*1*1# (For 100 Points)
*2121*6*recipient’s number*2*1# (For 200 Points)
*2121*6*recipient’s number*3*1# (For 300 Points)
*2121*6*recipient’s number*4*1# (For 500 Points)

 

ATOM Store App မှတဆင့်လွှဲရန်

ATOM Store App-> Point Balance > Point and Rewards Page ရှိ “ပွိုင့်လွှဲပြောင်းခြင်း” ကို နှိပ်ပြီး လွှဲပြောင်းပေးနိုင်ပါသည်။

 

စည်းမျဉ်း စည်းကမ်းများ

  • ATOM Prepaid အသုံးပြုသူများသာ
  • အက်တမ်စတားပွိုင့် ၁၀ဝ မှ ၅ဝဝ ကြား လွှဲပြောင်းပေးနိုင်မည်ဖြစ်သည်။
  • တစ်ရက်လျှင် အများဆုံးလွှဲပြောင်းနိုင်သော စတားပွိုင့်ပမာဏမှာ ၅၀၀ ပွိုင့်ဖြစ်ပါသည်။ (အများဆုံးပွိုင့်သတ်မှတ်ချက်မှာ ပြောင်းလဲနိုင်ခြင်းရှိပါသည်။)
  • စတားပွိုင့်လွှဲပြောင်းသူသည် တစ်ရက်လျှင် အများဆုံး (၃) ကြိမ်သာ လွှဲပြောင်းပေးနိုင်မည်ဖြစ်သည်။
  • စတားပွိုင့်လက်ခံသူသည် တစ်ရက်လျှင် အများဆုံး စတားပွိုင့် (၅၀၀) သာ လက်ခံနိုင်မည်ဖြစ်သည်။
  • လွှဲပြောင်းပေးသူထံမှ လုပ်ဆောင်ချက်တစ်ကြောင်းလျှင် ၃၉၉ ကျပ်နှုန်းဖြင့် ၀န်ဆောင်ခ ကောက်ခံသွားမည်ဖြစ်သည်။ (ဝန်ဆောင်ခနှုန်းထားများ ပြောင်းလဲနိုင်ခြင်းရှိပါသည်။)**( effective from 18th June 2025 onwards)

Frequently Asked Questions:

သင့်အက်တမ် ဖုန်းထဲမှ လက်ကျန်ငွေအား အခြား အက်တမ် အသုံးပြုသူထံသို့ လွှဲပြောင်းပေး နိုင်မည်။

ဖုန်းငွေကျပ် ၂၀ဝ မှ ၁၀,ဝဝဝ ကြား လွှဲပြောင်းပေးနိုင်မည်ဖြစ်သည်။ တစ်ရက်တွင်အများဆုံး ၅၀,၀၀၀ ကျပ် လွှဲနိုင်မည်ဖြစ်ပါတယ်။ တစ်ရက်တွင် ၁၀ကြိမ်သာ ငွေလွှဲနိုင်မည်ဖြစ်သည်။ ဖုန်းငွေအနည်းဆုံး ၃,ဝဝဝကျပ်နှင့်အထက်အသုံးပြုပြီးမှသာ Balance Transfer Service ကိုစတင်အသုံးပြုနိုင်ပါမည်။

လက်ကျန်ငွေကိုသာလွှဲပြောင်းလို့ရပါမည်။ အပိုဆုတွေကိုလွှဲပြောင်းလို့မရနိုင်ပါ။

လွှဲပြောင်းပေးသူသည် အောင်မြင်စွာ လွှဲပြောင်းနိုင်ခဲ့ခြင်းကို အောက်ပါအတိုင်း စာတိုရရှိပါမည်။ “x,xxx Kyats 097XXXXXXXXသို့ လွှဲပြီးပါပြီ။ဝန်ဆောင်ခမှာ XXX Kyats (အခွန်ပါပြီး) ဖြစ်ပါသည်။“

လွှဲပြောင်းပေးသူထံမှ လွှဲပြောင်းပေးသော ပမာဏ၏ ၅ ရာခိုင်နှုန်းကို ၀န်ဆောင်ခအဖြစ် နှင့် ကုန်သွယ်လုပ်ငန်းခွန် ၅% ကောက်ခံသွားမည်ဖြစ်သည်။ **(effective from 1st June 2021 onwards)

ရှယ်စုဘူးလွှဲပြောင်းခြင်းဆိုသည်မှာ အက်တမ် သုံးစွဲသူအချင်းချင်း ရှယ်စုဘူး ဒေတာများကို လွှဲပြောင်းပေးပို့ခြင်းဖြစ်ပါသည်။

ရှယ်စုဘူးလွှဲပြောင်းပေးသူထံမှ တစ်ကြိမ်လွှဲပြောင်းလျှင် လွှဲပြောင်းနှုန်း (ကုန်သွယ်ခွန်ပါပြီး) ၉၉ ကျပ်ကို ၉ နို၀င်ဘာ ၂၀၂၂ မှ စတင်ပြီး ကောက်ခံသွားမည်ဖြစ်ပါသည်။ လွှဲပြောင်းပေးသူသည် ၀န်ဆောင်ခပေးဆောင်ရန် လုံလောက်သော လက်ကျန်ငွေရှိရမည်။

လွှဲပြောင်းပေးသူသည် တစ်ကြိမ်လျှင် အများဆုံး 1024MB အထိ လွှဲပြောင်းနိုင်ပါမည်။
 

ရှယ်စုဘူးဒေတာကို လက်ခံရရှိသူထံမှ ၀န်ဆောင်ခ ထပ်မံကောက်ခံခြင်း မရှိပါ။

လွှဲပြောင်းပေးသူသည် အောင်မြင်စွာ လွှဲပြောင်းနိုင်ခဲ့ခြင်းကို အောက်ပါအတိုင်း စာ ရရှိပါမည်။ “‌ဒေတာစုဘူး  XXXMB ကို 097XXXXXXXXသို့ လွှဲပြီးပါပြီ။ ဝန်ဆောင်ခမှာ ၉၉ကျပ် (အခွန်ပါပြီး)ဖြစ်ပါသည်။"

*124*1# ကို ခေါ်ဆိုပါ သို့မဟုတ် ATOM Store App တွင် စစ်ဆေးနိုင်ပါသည်။

ရှယ်စုဘူးဒေတာကို လက်ခံရရှိကြောင်းအောက်ပါအတိုင်း စာတိုရရှိပါလိမ့်မည်။ “ ဒေတာစုဘူး 50MB ကို 097XXXXXXXXမှလက်ခံရရှိပါသည်။ ဒေတာစုဘူးလက်ကျန်စစ်ရန် *9124# ကိုဖုန်းခေါ်ပါ။ အနည်းဆုံး သက်တမ်း ၇ ရက်ရှိပါသည်။“

*121*<ပမာဏ>*<မိုဘိုင်းနံပါတ်># ကို ခေါ်ဆိုပါ။
 

*979*4*6# ကို ခေါ်ဆို၍ လုပ်ဆောင်ချက်အဆင့်ဆင့်ကိုဆောင်ရွက်ကာ ရှယ်စုဘူးဒေတာကိုလွှဲပြောင်းပေးပို့နိုင်ပါသည်။

သက်တမ်းကုန်ဆုံးနေသော ရှယ်စုဘူး လက်ကျန်ကို လွှဲပြောင်းပေးနိုင်ပါသည်။ သို့သော် သင့်ထံတွင် လုံလောက်သော ဒေတာ ပမာဏရှိမှသာ လွှဲပြောင်းပေးနိုင်မည်။

ရှယ်စုဘူးဒေတာလွှဲပြောင်း၍ မရနိုင်ပါ။ သင့်တွင် အနည်းဆုံးလက်ကျန်ငွေ ၉၉ကျပ် ရှိရမည်။

ရှယ်စုဘူးဒေတာကို လွှဲပြောင်းပေးနိုင်ပါသည်။ သူငယ်ချင်းသည် ဒေတာလွှဲပြောင်းမှုကို သက်တမ်း ၇ရက်ဖြင့် လက်ခံရရှိလိမ့်မည်။

ဒေတာပမာဏများပေါင်းသွား၍ ဒေတာသက်တမ်းမှာအများဆုံးရှိသောသက်တမ်းကိုရရှိမည်။ (၇ရက် မှ ၃၀ရက် အထိ) 
ဥပမာ- လက်ရှိ‌ဒေတာ_10MB (လက်ကျန်သက်တမ်း - ၁၀ရက်) + လက်ခံရရှိသောဒေတာ_100MB (သက်တမ်း - ၇ရက်) = စုစုပေါင်း‌ဒေတာပမာဏ = 400MB (သက်တမ်း - ၁၀ရက်)

ဒေတာပမာဏများ ပေါင်းစည်းသွား၍ ၇ရက်သက်တမ်းဖြင့် အသုံးပြုနိုင်ပါသည်။

ဖုန်းပြောမိနစ်မျှဝေခြင်းဆိုသည်မှာ အက်တမ်သုံးစွဲသူအချင်းချင်း ထူးရှယ်ပြောနှင့် တော်ကီစုဘူးမိနစ်များလွှဲပြောင်းပေးပို့ခြင်းဖြစ်ပါသည်။

ဖုန်းပြောမိနစ်လွှဲပြောင်းပေးသူထံမှ တစ်ကြိမ်လွှဲပြောင်းလျှင် လွှဲပြောင်းနှုန်း (ကုန်သွယ်ခွန်ပါပြီး) ၉၉ ကျပ်ကို ၉ နို၀င်ဘာ ၂၀၂၂ မှ စတင်ပြီး ကောက်ခံသွားမည်ဖြစ်ပါသည်။ လွှဲပြောင်းပေးသူသည် ၀န်ဆောင်ခပေးဆောင်ရန် လုံလောက်သော လက်ကျန်ငွေရှိရမည်။

လွှဲပြောင်းပေးသူသည် တစ်ကြိမ်လျှင် အနည်းဆုံး ၅ မိနစ်မှ အများဆုံး ၂၀ မိနစ်အထိ လွှဲပြောင်းနိုင်ပါသည်။

ဖုန်းပြောမိနစ်ကို လက်ခံရရှိသူထံမှ ၀န်ဆောင်ခ ထပ်မံကောက်ခံခြင်း မရှိပါ။

လွှဲပြောင်းပေးသူသည် အောင်မြင်စွာ လွှဲပြောင်းနိုင်ခဲ့ခြင်းကို အောက်ပါအတိုင်း စာ ရရှိပါမည်။ “ဖုန်းနံပါတ် 097XXXXXXXXထံသို့ ထူးရှယ်ပြော/တော်ကီစုဘူး XX မိနစ် လွှဲပြောင်းပေးပြီးပါပြီ။ ဝန်ဆောင်ခ 99 Kyats (အခွန်ပါပြီး)”

*124*1# ကို ခေါ်ဆိုပါ သို့မဟုတ် ATOM Store App တွင် စစ်ဆေးနိုင်ပါသည်။

တော်ကီစုဘူးမိနစ်ကို လက်ခံရရှိကြောင်းအောက်ပါအတိုင်း စာတိုရရှိပါလိမ့်မည်။ “ ဖုန်းနံပါတ် 09771080336 ထံမှ တော်ကီစုဘူး 5 မိနစ် လက်ခံရရှိပါသည်။ တော်ကီစုဘူး မိနစ်လက်ကျန်စစ်ရန် *124*1# ကို ဖုန်းခေါ်ဆိုပါ။”

*979*4*7# ကို ခေါ်ဆို၍ လုပ်ဆောင်ချက်အဆင့်ဆင့်ကိုဆောင်ရွက်ကာ မိနစ်ပမာဏများလွှဲပြောင်းပေးပို့နိုင်ပါသည်။

တော်ကီစုဘူးတွင် carry forward ကာလပါရှိသဖြင့် သက်တမ်းကုန်ဆုံးနေသော တော်ကီစုဘူးမိနစ်များကို ‌တော်ကီစုဘူးလက်ကျန်ကိုလွှဲပြောင်းပေးနိုင်ပါသည်။ သို့သော် သင့်ထံတွင် လုံလောက်သော မိနစ်ပမာဏရှိမှသာလွှဲပြောင်းပေးနိုင်မည်။ ထူးရှယ်ပြောမိနစ်များကိုမူ သက်တမ်းမကုန်ဆုံးမီကာလအတွင်းသာ  လွှဲပြောင်းပေးပို့နိုင်ပါသည်။

လွှဲပြောင်း၍ မရနိုင်ပါ။ သင့်တွင် အနည်းဆုံးလက်ကျန်ငွေ ၉၉ကျပ် ရှိရမည်။

တော်ကီစုဘူး/ ထူးရှယ်ပြောမိနစ်များကို လွှဲပြောင်းပေးနိုင်ပါသည်။ သူငယ်ချင်းသည် တော်ကီစုဘူး/ ထူးရှယ်ပြောမိနစ်များကို သက်တမ်း ၇ရက်ဖြင့် လက်ခံရရှိလိမ့်မည်။

မိနစ်ပမာဏများပေါင်းသွား၍ သက်တမ်းမှာအများဆုံးရှိသောသက်တမ်းကိုရရှိမည်။ (၇ရက် မှ ၃၀ရက် အထိ) 
ဥပမာ- လက်ရှိ‌တော်ကီစုဘူး 10မိနစ် (လက်ကျန်သက်တမ်း - ၁၀ရက်) + လက်ခံရရှိသောတော်ကီစုဘူး 20မိနစ် (သက်တမ်း - ၇ရက်) = စုစုပေါင်း‌ဒေတာပမာဏ = 30မိနစ်(သက်တမ်း - ၁၀ရက်)

တော်ကီစုဘူးမိနစ်များများ ပေါင်းစည်းသွား၍ ၇ရက်သက်တမ်းဖြင့် အသုံးပြုနိုင်ပါသည်။

သင့်အက်တမ်ဖုန်းထဲမှ အက်တမ်စတားပွိုင့်များအား အခြားအက်တမ်အသုံးပြုသူထံသို့ လွှဲပြောင်းပေးနိုင်မည်။ (ပွိုင့်လွှဲပြောင်းသူနှင့်လက်ခံသူ နှစ်ဦးလုံးသည် စတားပွိုင့်များလွှဲပြောင်းရန်/လက်ခံရန်အတွက် အက်တမ်စတားအဖွဲ့ဝင်ဖြစ်ရပါမည်။)

အက်တမ်စတားပွိုင့် ၁၀ဝ မှ ၅ဝဝ ကြား လွှဲပြောင်းပေးနိုင်မည်ဖြစ်သည်။ တစ်ရက်လျှင် အများဆုံးလွှဲပြောင်း နိုင်သော စတားပွိုင့်ပမာဏမှာ ၅၀၀ ပွိုင့်ဖြစ်ပါသည်။  စတားပွိုင့်လွှဲပြောင်းသူသည် တစ်ရက်လျှင် အများဆုံး (၃) ကြိမ်သာ လွှဲပြောင်းပေးနိုင်မည်ဖြစ်သည်။

လွှဲပြောင်းပေးသူသည် ပွိုင့်အောင်မြင်စွာ လွှဲပြောင်းနိုင်ခြင်းကို အောက်ပါအတိုင်း စာတိုရရှိပါမည်။ [XXXX] ပွိုင့်ကို [09791000XXX] သို့ လွှဲပြီးပါပြီ။ ဝန်ဆောင်ခမှာ အခွန်ပါဝင်ပြီး [XXX] Kyats ကျသင့်ပါသည်။

ပွိုင့်လွှဲပြောင်းခြင်း၏ဝန်ဆောင်ခမှာ အခွန်ပါဝင်ပြီး လုပ်ဆောင်ချက်တစ်ကြောင်းလျှင် (၃၉၉)ကျပ် ကျသင့် ပါမည်။ (ဝန်ဆောင်ခနှုန်းထားများ ပြောင်းလဲနိုင်ခြင်းရှိပါသည်။)**( effective from 18th June 2025 onwards)

ပွိုင့်လွှဲပြောင်းခြင်းအတွက် ရရှိသောစတားပွိုင့်များ၏ သက်တမ်းကုန်ဆုံးရက်မှာ (၇)ရက် ဖြစ်ပါသည်။

109

Back to top