We'd like to send you notifications of the latest posts and updates
ဖျော်ဖြေရေးအစီအစဥ်တွေကို သင့်စိတ်ကြိုက် ခံစားနိုင်မယ့် အက်တမ်ရသမှ ကြိုဆိုပါတယ်!
ATOM Store App ထဲကနေတဆင့် ကြည့်ရှုနိုင်တဲ့ ရသထဲမှာ အသက်အရွယ် လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်ကြမယ့် ရုပ်ရှင်၊ ဇာတ်လမ်းတွဲနဲ့ အခြားဖျော်ဖြေရေးအစီအစဥ်တွေကိုလည်း ပြသနေပါတယ်။
ဒါ့အပြင် အသုံးပြုသူတွေအနေနဲ့လည်း Live ချန်နယ်တွေကို ရသကနေတစ်ဆင့်ဝင်ရောက်ပြီး ဖုန်းထဲကနေ အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်တဲ့အပြင် အားကစားဆိုင်ရာ သတင်းတွေ၊ ဘောလုံးပွဲတွေ၊ ဘောလုံးပွဲ ရလဒ်တွေ၊ နာမည်ကြီးဘောလုံးလိဂ်တွေဖြစ်တဲ့ ယူရို၊ ယူရိုပါလိဂ်၊ ပရီးမီးယားလိဂ်၊ လာလီဂါ၊ Italy Series A, Bundesliga, Ligue 1, နဲ့ ချိန်ပီယမ်လိဂ်ပွဲတွေရဲ့ သတင်းတွေကိုလည်း သိနိုင်မှာပဲဖြစ်ပါတယ်။
မြန်မာနဲ့ နိုင်ငံတကာက ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေ၊ နာမည်ကြီး ဘလောကာတွေရဲ့ ဘဝနေထိုင်မှုဆိုင်ရာ ဘလော့တွေ (အစားအသောက်၊ ခရီးသွား၊ Reviewနဲ့ အခြားအကြောင်းအရာများ)၊ သီချင်း၊ အသံစာအုပ်နဲ့ အခြားဖျော်ဖြေရေးဆိုင်ရာ ကဏ္ဍအစုံအလင်ကို စိတ်ကြိုက် ကြည့်ရှုနိုင်မယ့် စုံလင်
မြန်မာကားအစုံအလင်နဲ့ လက်ရှိထုတ်လွှင့်နေတဲ့ မဟာဇာတ်လမ်းတွဲအသစ်တွေကို Up-to-date ကြည့်ရှုနိုင်မယ့် မဟာ
ပြည်တွင်းနဲ့ အာရှ၊ နိုင်ငံတကာက ဟာသ၊ အက်ရှင်၊ သည်းထိပ်ရင်ဖိုနဲ့ အချစ်ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲတွေကို တနေရာထဲမှာ ကြည့်ရှုနိုင်မယ့် Viu (ကြိုက်နှစ်သက်ရာ ဘာသာစကားရွေးချယ်ပြီးလည်း ကြည့်ရှုနိုင်ပါတယ်)
မြန်မာနာမည်ကြီး ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲတွေနဲ့ အငြိမ့်သဘင်တွေကို စိတ်ကြိုက်ကြည့်ရှုနိုင်မယ့် ShweStream
၁။ ATOM Store App ရဲ့ ပင်မစာမျက်နှာကိုသွားပြီး “ရသ” ကိုနှိပ်ပါ။
၂။ VOD စာမျက်နှာကို ရောက်သွားတဲ့အခါ အမျိုးအစားစုံလင်လှတဲ့ ရုပ်ရှင်၊ ဗွီဒီယိုတွေကိုကြည့်ဖို့ “စုံလင်” ကိုနှိပ်ပါ။
၃။ မဟာရဲ့ နောက်ဆုံးထွက်ဇာတ်ကားသစ်နဲ့ ဇာတ်လမ်းတွဲသစ်တွေကိုကြည့်ဖို့ “မဟာ”ကို နှိပ်ပါ။
၄။ ပြည်တွင်းနဲ့ နိုင်ငံတကာက နာမည်ကြီးဇာတ်ကားကောင်းတွေကို စာတန်းထိုးနဲ့ ကြည့်ဖို့ “Viu” ကိုနှိပ်ပါ။
၅။ နာမည်ကြီးမြန်မာကားကောင်းတွေ၊ အငြိမ့်တွေကို ကြည့်ဖို့ “ShweStream” ကိုနှိပ်ပါ။
မြန်မာနိုင်ငံရဲ့ လူကြိုက်အများဆုံး မြန်မာရုပ်သံ ဇာတ်လမ်းတွဲတွေ၊ နိုင်ငံခြားရုပ်သံ ဇာတ်လမ်းတွဲတွေ၊ သတင်းနဲ့ သုတရသမျိုးစုံကို တင်ဆက်ပေးနေတဲ့ 24-hour-free-to-air တီဗီချန်နယ် MRTV-4
နိုင်ငံခြားရုပ်သံဇာတ်လမ်းတွဲတွေ၊ မြန်မာဗီဒီယိုတွေ၊ ရင်ခုန်စိတ်လှုပ်ရှားစရာ ဂိမ်းရှိုးအစီအစဉ်တွေနဲ့ လူကြိုက်များတဲ့ အစီအစဉ်ကောင်းတွေကို တင်ဆက်ပြသပေးနေတဲ့ Youth Entertainment Channel - Channel 7
ပရီးမီးယားလိဂ်ရာသီအတွင်း ယှဥ်ပြိုင်မှုအပြင်းထန်ဆုံးနဲ့ အကြော်ကြားဆုံးလိဂ်တစ်ခုဖြစ်တဲ့ ပရီးမီးယားလိဂ် တိုက်ရိုက်ပွဲစဥ်တွေကို အချိန်နဲ့တပြေးညီ တိုက်ရိုက်ကြည့်ရှုနိုင်မယ့် SkyNet Sports Channels
စီးပွားရေးနဲ့ လူမှုရေးအကြောင်းအရာတွေ၊ သီချင်းနဲ့ ရုပ်ရှင်အစီအစဥ်တွေကို ထုတ်လွှင့်ပြသပေးနေတဲ့ ပြည်တွင်းနာမည်ကြီးရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ Channel K
ပြည်တွင်းပြည်ပက ရုပ်ရှင်၊ ဇာတ်လမ်းတွဲ၊ တီဗွီရှိုး၊ ပြိုင်ပွဲနဲ့ အခြားဖျော်ဖြေရေးအစီအစဥ်တွေနဲ့ ဗဟုသုတရစရာ အကြောင်းအရာတွေကို တင်ဆက်ပေးနေတဲ့ Fortune TV
မြန်မာနိုင်ငံသားတွေအတွက် သတင်းအကြောင်းအရာ၊ ပညာရေးဆိုင်ရာ ဗဟုသုတရစရာတွေနဲ့ ဖျော်ဖြေရေးအစီအစဥ်အစုံအလင်ကို ထုတ်လွှင့်ပြသပေးနေတဲ့ M Entertainment Channel
မဟာကိုယ်ပိုင် ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်နဲ့ အခြား သုတရသအစုံအလင်ကို ပြသပေးနေတဲ့ မြန်မာနိုင်ငံရဲ့ နာမည်ကြီး ရုပ်သံလိုင်း မဟာ
Tournaments ပွဲစဥ်တွေနဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ ဂိမ်းပြိုင်ပွဲတွေကို တိုက်ရိုက် Live ကြည့်ရှုနိုင်မယ့် Mahar Esports
မြတ်ဗုဒ္ဓရဲ့ တရားတော်များ၊ ဝိပဿနာအလုပ်ပေးတရားတော်များ၊ ဓမ္မအမေးအဖြေများ၊ ဓမ္မသင်တန်းများနဲ့ သာသနာတော်အစီအစဉ်များကို တင်ဆက်ပေးနေတဲ့ မဟာဗောဓိချန်နယ်
၁။ ATOM Store App ရဲ့ ပင်မစာမျက်နှာကိုသွားပြီး “ရသ” ကိုနှိပ်ပါ။
၂။ VOD စာမျက်နှာကို ရောက်သွားတဲ့အခါ TV Channel တွေကို ကြည့်ရှုဖို့ “Live TV” ကိုနှိပ်ပါ။
၃။ မြန်မာ့နာမည်ကြီး TV ချန်နယ်လိုင်းတွေနဲ့ နာမည်ကြီးအစီအစဥ်တွေကို ကြည့်ရှုနိုင်ပါပြီ။
လူကြိုက်အများဆုံး၊ ကမ္ဘာ့အကောင်းဆုံးနဲ့ ယှဥ်ပြိုင်မှုအပြင်းထန်ဆုံး ဘောလုံးပွဲတစ်ခုဖြစ်တဲ့ အင်္ဂလိပ်ပရီးမီးယားလိဂ် ဘောလုံးပွဲစဥ်တွေကို ပရီးမီးယားလိဂ်ရာသီချိန်အတွင်း ATOM Store App ရဲ့ ရသမှာ ကြည့်ရှုနိုင်မှာဖြစ်ပြီး ပရီးမီးယားလိဂ် Highlight ပွဲစဥ်တွေကိုလည်း ပြန်လည်ကြည့်ရှုနိုင်မယ့် EPL (English Premier League)
အားကစားဆိုင်ရာသတင်းတွေကို up-to-date တင်ဆက်ပေးနေတဲ့ Ballone Star ကို အက်တမ်ဖုန်းဘေလ် တစ်ရက် ၁၀၅ ကျပ်တည်းနဲ့စာရင်းသွင်းပြီး နာမည်ကြီးကမ္ဘာကျော်ဘောလုံးပွဲတွေရဲ့ သတင်းတွေ၊ ရမှတ်တွေနဲ့ အခြားအကြောင်းအရာတွေကို ဖတ်ရှုနိုင်မယ့် ဘောလုံးစတား
၁။ ATOM Store App ရဲ့ ပင်မစာမျက်နှာကိုသွားပြီး “ရသ” ကိုနှိပ်ပါ။
၂။ VOD စာမျက်နှာကို ရောက်သွားတဲ့အခါ အားကစားသတင်းတွေ သိရဖို့ “Sports” ကိုနှိပ်ပါ။
၃။ “Sports” စာမျက်နှာကို ရောက်သွားတဲ့အခါ ဘောလုံးဆိုင်ရာ သတင်းတွေ အချိန်နဲ့တပြေးညီဖတ်ရှုနိုင်ဖို့အတွက် နေ့စဥ်ဝန်ဆောင်ခ ၁၀၅ ကျပ်ပေးပြီး အက်တမ်ဖုန်းနံပါတ်နဲ့ စာရင်းသွင်းပေးပါ။
၄။ ဘောလုံးဆိုင်ရာ သတင်းနဲ့ ဗွီဒီယိုတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်ပါပြီ။
ကြည့်ရှုချိန် ၁၅ စက္ကန့်မှ ၂ မိနစ်ခန့်ကြာမြင့်တဲ့ ခရီးသွား၊ ဖက်ရှင်၊ နည်းပညာဆိုင်ရာ စိတ်ဝင်စားဖွယ် ဗွီဒီယိုအတိုလေးတွေကိုကြည့်နိုင်မယ့် ATOM Store App ရဲ့ ရသထဲက Clips
၁။ ATOM Store App ရဲ့ ပင်မစာမျက်နှာကိုသွားပြီး “ရသ” ကိုနှိပ်ပါ။
၂။ VOD စာမျက်နှာကို ရောက်သွားတဲ့အခါ စိတ်ဝင်စားစရာ ဗွီဒီယိုတိုလေးတွေကြည့်ရှုဖို့ “Clips” ကိုနှိပ်ပါ။
၃။ ဗွီဒီယိုတိုများကို ကြည့်ရှုနိုင်ပါပြီ။
ATOM Yatha from ATOM Store App is a content platform that offers a wide range of entertainment content suitable for a diverse age range, including movies, series, videos, music, TV channels, food, beauty, and travel blogs, as well as videos from well-known bloggers. People who use ATOM data don’t need to pay subscription fee to watch the Yatha program of movies, series, videos, TV Channels, Mahar, Viu, ShweStream. Don’t forget to turn off VPN while watching Yatha. Yatha is a place to enjoy varieties of entertainment program with ATOM Data with no subscription fee. Yatha includes We will charge accordingly if you watch Mahar, Viu and ShweStream services with Wifi. Sone Lin could be able to accesse with ATOM data and not be able to access with Wifi. We will charge for data fee for watching Yatha programs. For the affordable price, we would like to recommend to watch Yatha with Yatha Pack. Yatha Pack Prices are as follow. Frequently Asked Questions:
Back to top
Share