We'd like to send you notifications of the latest posts and updates

စည်းမျဉ်း စည်းကမ်းများ

Prepaid

၁။ အဓိပ္ပာယ်ဖွင့်ဆိုချက်များ.

ကျွန်ုပ်တို့ ၊ ကျွန်ုပ်တို့ကို ၊ ကျွန်ုပ်တို့၏ - ဟုအသုံးအနှုန်းဖြင့် ATOM MYANMAR LIMITED (အက်တမ်မြန်မာလီမိတက်) ကို ရည်ညွှန်း ကိုယ်စားပြုသည်။ သင်၊ သင်၏- ဟုအသုံးအနှုန်းဖြင့် သုံးစွဲသူကို ရည်ညွှန်း ကိုယ်စားပြုပါသည်။

သဘောတူညီချက်- ဤစည်းမျဉ်းစည်းကမ်း ပြဌာန်းချက်များ၊ သင်၏ ဈေးနှုန်းပုံစံနှင့် ဈေးနှုန်းပုံစံလမ်းညွန်ချက်။

သုံးစွဲခများ - ဝန်ဆောင်မှုအတွက် သုံးစွဲခများ၊ ကျွန်ုပ်တို့အများ သိစေရန် ဖြန့်ချိထားသော ဈေးနှုန်းပုံစံ (သို့မဟုတ်) ၄င်းကဲ့သို့ စီမံဆောင်ရွက် ထားသောသုံးစွဲခများ၊ ၄င်းတွင် ကျွန်ုပ်တို့မှ သင့်အား ပေးအပ်သော ဝန်ဆောင်မှုအတွက် သုံးစွဲခများ၊ အခြားသုံးစွဲမှုဝန်ဆောင်ခများ (သို့မဟုတ်) တစ်စုံတစ်ယောက်မှ သင်၏ ဖုန်းနှင့် ၄င်း၏ အသုံးအဆောင်များကို အသုံးပြုခြင်း အတွက် ကျသင့်ငွေများ။

ဖုန်းနှင့် ၄င်း၏အသုံးအဆောင်များ- ဝန်ဆောင်မှုကို ရရှိအသုံးပြုရန် သင်၏မိုဘိုင်းဖုန်း (သို့မဟုတ်) အခြားအသုံးအဆောင်များနှင့် ပစ္စည်းကိရိယာများနှင့် ဆင်းကတ်။

ကွန်ရက် - မြန်မာပြည်တွင် ကျွန်ုပ်တို့ ဝန်ဆောင်မှုပေးအပ်ရန် စီမံဆောင်ရွက်ထားသော အီလက် ထရွန်းနစ် ဆက်သွယ်ရေးစနစ် ဈေးနှုန်းပုံစံ - ကျွန်ုပ်တို့ မကြာခဏ ပြုပြင်မွမ်းမံထားသော၊ သင်လက်ခံ ရရှိရန် ရွေးချယ်ထားသည့် အစုလိုက် ဝန်ဆောင်မှုများ အတွက် ကျွန်ုပ်တို့မှ မကြာ ခဏ ပြုပြင် မွမ်းမံခြင်းရှိသော အချက်အလက်များ ကို သုံးစွဲသူဆိုင်ရာများကို ရှင်းလင်း ပြန်ကြားပေးရန်ဌာန (Customer Care Center ) (၉၇၉) (သို့မဟုတ်) ၉၇၉၀ဝ၉၇၉၀ဝ သို့ခေါ်ဆို၍ မေးမြန်းနိုင်ပါသည် (သို့မဟုတ်) ဝက်ဘ်ဆိုဒ်ကို ဝင်ရောက်ကြည့်ရှုခြင်းဖြင့် သိနိုင်ပါသည်။

ဈေးနှုန်း ပုံစံလမ်းညွှန်ချက် - သင်တို့သုံးစွဲ မည့်ဝန်ဆောင်မှုများ အတွက် ဈေးနှုန်းများကို ဖော်ပြထားသည့် ဈေးနှုန်းပုံစံကို သုံးစွဲသူဆိုင်ရာ ရှင်းလင်းပြန်ကြားဌာန(Customer Care Center) (၉၇၉) (သို့မဟုတ်) ၉၇၉၀ဝ၉၇၉၀ဝ သို့ခေါ်၍စုံစမ်းခြင်းဖြင့် (သို့မဟုတ်) ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုဒ်ကို ဝင်ရောက်ကြည့်ရှုခြင်းဖြင့် သင်တို့ လျှောက်ထားသော ဈေးနှုန်း ပုံစံသတ်မှတ်ချက်များနှင့် သုံးစွဲခများကို သိရှိနိုင်ပါသည်။ ယင်းတို့ကို မကြာခဏ မွမ်းမံပြင်ဆင်ခြင်းရှိပါမည်။

ဝန်ဆောင်မှုများ- ကွန်ရက်မှ သင်လက်ခံရရှိသော ဆက်သွယ်ရေး ဝန်ဆောင်မှုများနှင့် သင့်ထံသို့ အချိန်နှင့်တပြေးညီရရှိနိုင်မည့် အခြားဝန်ဆောင်မှုများ။

၂။ကြိုတင်ငွေဖြည့်စနစ်သုံး ဆင်းကတ်သက်တမ်း

ဆင်းကတ်ကို ပထမဦးဆုံးမှတ်ပုံတင်ခြင်း ပြုလုပ်ဆောင်ရွက်ပြီးနောက် လူကြီးမင်းအနေဖြင့် ရက်ပေါင်း(၁၈၀)အတွင်း ပထမဦးဆုံး ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း နှင့် ဝန်ဆောင်မှုဆိုင်ရာ အချက်အလက်များ ရယူလိုသည့်အခါတွင် ဝင်ရောက်သုံးစွဲရန် ရိုက်နှိပ်ခေါ်ဆိုရသော နံပါတ်(USSD) နံပါတ် သို့ရိုက်နှိပ်ခေါ်ဆိုခြင်း သို့မဟုတ် ငွေဖြည့်တင်းခြင်းတို့ကို ဆောင်ရွက်ပေးရန်လိုပါသည်။ အကယ်၍ ဆင်းကတ်ကို ရက်ပေါင်း(၁၈၀)အတွင်း သုံးစွဲရန် အသင့်အနေအထားသို့ ချိတ်ဆက် အသက်သွင်းခြင်း(activated) ပြုလုပ်မထားခဲ့ပါက ဆင်းကတ်သည် ဖုန်းအဝင်အထွက် ခေါ်ဆိုခြင်း ပြုလုပ်၍ မရနိုင်သည့်Cooling Stageသို့ရောက်ရှိသွားပါမည်။

ကနဦးဆုံး ဖုန်း Call ခေါ်ဆိုမှု သို့မဟုတ် စာတိုပို့ခြင်း သို့မဟုတ် ဝန်ဆောင်မှုဆိုင်ရာ အချက် အလက်များ ရယူလိုသည့်အခါတွင် ဝင်ရောက်သုံးစွဲရန် ရိုက်နှိပ်ခေါ်ဆိုရသော နံပါတ် (USSD)သို့ရိုက်နှိပ်ခေါ်ဆိုခြင်း သို့မဟုတ် ငွေဖြည့်တင်းခြင်း တို့ကို ပြုလုပ်၍ စတင်အသုံးပြုနိုင်မည့် အသင့်အနေအထားသို့ ရောက်ရှိနေပြီဖြစ်သော(activated) လူကြီးမင်း၏ ဆင်းကတ်သည် ရက်ပေါင်း(၆၀)အထိ ဖုန်း အဝင်အထွက် ခေါ်ဆိုမှုများကို ပြုနိုင်ခြင်း၊ စာတိုပို့နိုင်ခြင်းနှင့် အင်တာနက် ဝန်ဆောင်မှု တို့ကို သုံးစွဲနိုင်သည့် ပုံမှန်အခြေအနေတွင် တည်ရှိ (active)နေပြီး ထိုရက်ပေါင်း (၆၀) အတွင်း နောက်ထပ်ငွေဖြည့်ပါက လူကြီးမင်း၏ ဆင်းကတ်နှင့်ငွေလက်ကျန်သည် ထိုသို့ ငွေဖြည့်တင်း သည့်နေ့ရက်မှ ရက်ပေါင်း(၃၆၅)ရက်ထိ သက်တမ်းတိုးသွားမည်ဖြစ်ပါသည်။

ကနဦးဆုံး ဖုန်း Call ခေါ်ဆိုမှု သို့မဟုတ် စာတိုပို့ခြင်း သို့မဟုတ် ဝန်ဆောင်မှုဆိုင်ရာ အချက် အလက်များ ရယူလိုသည့်အခါတွင် ဝင်ရောက်သုံးစွဲရန် ရိုက်နှိပ်ခေါ်ဆိုရသော နံပါတ် (USSD)သို့ရိုက်နှိပ်ခေါ်ဆိုခြင်း တို့ကို ပြုလုပ်၍ စတင်အသုံးပြုနိုင်မည့် အသင့်အနေအထားသို့ ရောက်ရှိနေပြီဖြစ်သော လူကြီးမင်း၏ ဆင်းကတ်ကို ရက်ပေါင်း(၆၀)အတွင်း ငွေဖြည့်တင်း- ခြင်းမပြုလုပ်ခဲ့ပါက (၆၁)ရက်မြောက်နေ့မှစ၍ လူကြီးမင်း၏ ဆင်းကတ်သည် One Way Block အဆင့်သို့ရောက်ရှိသွားပါမည်။ အလားတူပင် နောက်ဆုံးငွေဖြည့်တင်းခဲ့သည့်နေ့ရက်မှ (၃၆၆)ရက် မြောက်နေ့တွင် လူကြီးမင်း၏ SIM Card သည် One Way Block အဆင့်သို့ရောက်ရှိသွားပါမည်။ One Way Block အဆင့်တွင် အ၀င်ဖုန်းခေါ်ဆိုမှု လက်ခံခြင်းသာ ပြုလုပ်နိုင်သည့် အနေအထားသို့ ရောက်ရှိ သွားမည်ဖြစ်ပြီး အထွက်ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း၊ မိုဘိုင်းလ်ဒေတာ သုံးစွဲမှုနှင့် အခြားသော အခပေး ဝန်ဆောင်မှုများကို ဆောင်ရွက်နိုင်တော့မည် မဟုတ်ပေ။ လူကြီးမင်းမှ One Way Block အဆင့်သို့ ရောက်ရှိပြီးနောက် ရက်ပေါင်း(၃၀)အတွင်း ငွေဖြည့်တင်းခြင်းပြုလုပ်ခဲ့ပါက SIMမှာ အထွက် ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း၊ မိုဘိုင်းလ်ဒေတာ သုံးစွဲမှုနှင့် အခြားသော ဝန်ဆောင်မှုများကို ဆောင်ရွက်ခြင်း မပြုလုပ်နိုင်သည့် ‘suspend’ အဆင့်မှ ပြန်လည် အသုံးပြု၍ ရရှိနိုင်သော ‘active’ အဆင့်သို့ ရောက်ရှိသွားမည်ဖြစ်သည်။

One Way Block အဆင့်သို့ ရောက်ရှိပြီးနောက် အကယ်၍ ငွေဖြည့်တင်းခြင်းကို ရက်ပေါင်း (၃၀) အတွင်း ပြုလုပ်ခြင်းမရှိခဲ့ပါက (၃၁)ရက်မြောက်နေ့မှစ၍ ဖုန်းအဝင်အထွက်ခေါ်ဆိုမှုအားလုံး၊ စာတို လက်ခံခြင်း ပေးပို့ခြင်းအားလုံးနှင့် အင်တာနက်နှင့်အခပေးဝန်ဆောင်မှုအားလုံးကို သုံးစွဲ၍ မရနိုင် တော့သည့် Two Way Block အဆင့်သို့ ရောက်ရှိသွားပါမည်။ သို့ရာတွင် လူကြီးမင်း၏ ဖုန်းနံပါတ် သည်One Way Block အဆင့်သို့ရောက်ရှိပြီးနောက် ရက်ပေါင်း(၃၀)အတွင်း အကယ်၍ ငွေဖြည့်တင်း ခဲ့ပါက လူကြီးမင်း၏ ဆင်းကတ်နှင့် လက်ကျန်ပမာဏတို့သည် ငွေဖြည့်တင်းခဲ့သည့်နေ့ရက်မှ (၃၆၅)ရက် ထိ သက်တမ်းရှိမည်ဖြစ်ပါသည်။

လူကြီးမင်း၏ ဆင်းကတ်သည် Two Way Block အဆင့်သို့ရောက်ရှိပြီးနောက် ငွေဖြည့်တင်းခြင်းကို ရက်ပေါင်း(၆၀)အတွင်း ဆောင်ရွက်ခြင်းမရှိခဲ့ပါက လူကြီးမင်းဆင်းကတ်ရှိ လက်ကျန် ပမာဏ အားလုံးကို သိမ်းယူကာ အဝင်ဖုန်းခေါ်ဆိုမှုလက်ခံခြင်း၊ အထွက်ဖုန်းခေါ်ဆိုခြင်း၊ အင်တာနက်နှင့် အခြားသော ဝန်ဆောင်မှုတို့လုံးဝ ပြုလုပ်သုံးစွဲမရနိုင်တော့သည့် အနေအထား(Cooling Stage) သို့ရောက်ရှိသွားပါမည်။ အဆိုပါအနေအထားတွင် ရောက်ရှိနေသော ဆင်းကတ်ကို ပြန်လည် ငွေဖြည့်တင်း၍သော်လည်းကောင်း၊ အခြားတစ်နည်းနည်ဖြင့် ပြုလုပ်၍သော်လည်းကောင်း ချိတ်ဆက် အသုံးပြုနိုင်သည့် အနေအထား(active)သို့ ပြုလုပ်ရရှိနိုင်တော့မည်မဟုတ်ပါ။ သို့ရာတွင် Two Way Block အဆင့်၌ရှိသော လူကြီးမင်း၏ ဆင်းကတ်ကို ရက်ပေါင်း(၆၀)အတွင်း ပြန်လည် ငွေဖြည့်တင်း ခြင်းကို ဆောင်ရွက်ခဲ့ပါက ဆင်းကတ်ရှိလက်ကျန်ပမာဏများ/လက်ကျန်ငွေများသည် ယင်းကဲ့သို့ ငွေဖြည့်တင်းသည့်နေ့ရက်မှ (၃၆၅)ရက်ထိ သက်တမ်းရှိသွားမည် ဖြစ်ပါသည်။

- အဝင်ဖုန်းလက်ခံခြင်း၊ အထွက်ဖုန်းခေါ်ဆိုခြင်းနှင့် အင်တာနက်နှင့်အခြားသော ဝန်ဆောင်မှုတို့လုံးဝ ပြုလုပ်သုံးစွဲမရနိုင်တော့သည့် အနေအထား (Cooling State)တွင် ရောက်ရှိနေသော နံပါတ်များ အားလုံးကို ထပ်မံတစ်ဖန် ပြန်လည်သုံးစွဲခြင်း(recycling) အတွက် မပြုမီ ယင်းတို့သည် လုံးဝ သုံးစွဲနိုင်မှုမရှိသည့်/ သက်ဝင်မှုမရှိသည့်အနေထားဖြင့် ရက်ပေါင်း(၆၀)ကြာ ရှိနေမည်။

ထို့ကြောင့် ATOM MYANMAR ဖုန်းလိုင်းကို ပုံမှန်အတိုင်း အမြဲတစေ သုံးစွဲနိုင်ရန် အတွက် ဖုန်းငွေဖြည့်ခြင်းများကို ပုံမှန်ပြုလုပ်ဖြည့်တင်းသွားကြပါရန် တိုက်တွန်းအပ် ပါသည်။ ဖုန်းငွေဖြည့်ပြီးတိုင်း လူကြီးမင်း၏ ဆင်းကတ်သည် ငွေဖြည့်ရက်မှ (၃၆၅)ရက်အထိ သက်တမ်းတိုး သွားမည်ဖြစ်ပါသည်။ သို့ရာတွင် လူကြီးမင်း၏ ဆင်းကတ်(SIM Card) ကိုနောက်ဆုံး ငွေဖြည့် တင်းခဲ့သည် နေ့ရက်မှ (၃၆၅)ရက်အတွင်း ငွေဖြည့်တင်းခြင်းမရှိပါက၊ (၃၆၆)ရက်မြောက်နေ့တွင် ဖုန်းအဝင်လက်ခံခြင်း၊ စာတို လက်ခံခြင်း တို့ကိုသာ ဆောင်ရွက်နိုင်ပြီး အင်တာနက်သုံးစွဲခြင်းနှင့် အခြားသော ဝန်ဆောင်မှုများအားလုံး အသုံးပြု၍မရနိုင်သည့် One Way Block အဆင့်သို့ ရောက်ရှိသွားပါမည်။*

***ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ဆက်သွယ်ရေးနံပါတ်ဆိုင်ရာ နည်းဥပဒေ ပုဒ်မ(၁၅) (က)(၉) အရ နံပါတ်များကို အသုံးမပြုဘဲထားခြင်းမှ ကာကွယ်နိုင်ရန် သုံးစွဲသူများသည် မိမိတို့၏ နံပါတ်ကို ရက်ပေါင်း(၁၈၀)အတွင်း သုံးစွဲခြင်းပြုရမည်။ ထိုသို့ ချိတ်ဆက်သုံးစွဲခြင်းမရှိသော နံပါတ်များ ကို သုံးစွဲသူအသစ်ထံသို့ တစ်ဖန်ပြန်လည်သတ်မှတ်ချထားပေးခြင်း ပြုနိုင်သည်။ ***

၃။ ဝန်ဆောင်မှုများ နှင့် လွှမ်းခြုံဧရိယာ

၃။(က) သင်သည် အောက်ပါအချိန်အခါတွင် ယခုသဘောတူညီချက်များကို လက်ခံပါသည်။

- ဝန်ဆောင်မှုများကို အသုံးပြုသောအခါ

၃။(ခ) ကျွန်ုပ်တို့သည် ဝန်ဆောင်မှုများကို အချိန်ပြည့်ပေးအပ်နိုင်ရန် ရည်မှန်းပါသည်။ သို့ပါသော်လည်း ဖုန်းဝန်ဆောင်မှုနည်းပညာ ချွတ်ယွင်းနိုင်သည့် သဘောသဘာဝကြောင့် အမှားကင်းသော ဝန်ဆောင်မှု ပေးရန် မဖြစ်နိုင်ပါ။

၃။(ဂ) ကျွန်ုပ်တို့သည် အခြားတိုင်းပြည်များနှင့် ကွန်ယက်ချိတ်ဆက်မှုများကို ကျိုးကြောင်း ညီညွတ် သော အားထုတ်မှုများဖြင့် အသုံးပြုသွားပါမည်။၄င်းကို "Roaming" ဟုခေါ်တွင်စေသည်။ ၄င်း ကွန်ယက်များကို ရယူသုံးစွဲနိုင်ရန်မှာ ကျွန်ုပ်တို့နှင့် အခြားတိုင်းပြည်များရှိဆက်သွယ်ရေး ကုမ္ပဏီများ၏ စီစဉ်ဆောင်ရွက်မှုအပေါ်တွင်သာ မူတည်ပါသည်။

၄။ ဝန်ဆောင်မှုများကို အသုံးပြုခြင်း

၄။(က) သင်သုံးစွဲသော ဝန်ဆောင်မှုများ၏ ညွှန်ကြားချက်များနှင့် ယခု သဘောတူညီချက်ကို သင်လိုက်နာရမည်ဖြစ်သည်။ သင်၏ဖုန်းနှင့် ၄င်း၏ အသုံးအဆောင်များကို အခြားသူ အသုံးပြုခြင်း အတွက် သင့်တွင် တာဝန်ရှိပါသည်။

၄။(ခ) သင်၏ဖုန်းနှင့် ၄င်း၏အသုံးအဆောင်များ (သို့မဟုတ်) ဝန်ဆောင်မှုကို အလွဲသုံးစားပြုခြင်း၊ တရားဥပဒေနှင့် ဆန့်ကျင်သော ကိစ္စ အတွက် အသုံးပြုခြင်း၊ မမှန်မကန်သုံးစွဲခြင်း၊ အနှောင့် အယှက် ပေးခြင်း (သို့မဟုတ်) ရာဇဝတ်မှုတစ်ခုခု ကျူးလွန်ခြင်း ဟု ကျွန်ုပ်တို့မှ ယုံကြည်သော မည်သို့သော ရည်ရွယ်ချက်များ အတွက်မဆို သုံးစွဲခြင်းမပြုရပါ။

၄။(ဂ) ဝန်ဆောင်မှုတစ်ခုလုံး(သို့မဟုတ်) မည်သည့်အစိတ်အပိုင်းကိုဖြစ်စေ သင့်အနေဖြင့် အခြား မည်သူ့ကို မဆို ရောင်းချခြင်းမပြုရပါ။

၄။(ဃ) မည်သည့်နံပါတ်ကို အသုံးပြုရန်သတ်မှတ်ပေးရန်မှာ ကျွန်ုပ်တို့ ၏လုပ်ပိုင်ခွင့် ဖြစ်သည်။ သုံးစွဲသူအား သတ်မှတ်ပေးထားသည့် နံပါတ်ကို ကျွန်ုပ်တို့မှ အချိန်မရွေးပြောင်းလဲနိုင်သည်။ အခြေအနေတစ်စုံတစ်ရာ ပေါ်ပေါက်ပါက သုံးစွဲသူအား အကြောင်းကြားအသိပေးမည်ဖြစ်သည်။

၄။(င) ဆင်း(မ်)ကတ်နှင့် ၄င်းအတွင်းပါဆော့ဖ်ဝဲကို သုံးစွဲသူမှ မပိုင်ဆိုင်ပါ။ သုံးစွဲသူအား ဝန်ဆောင်မှု တစ်ခုတည်းသာ သုံးစွဲခွင့်ပေးထားခြင်းဖြစ်ပါသည်။ သဘောတူညီချက်ကာလ ကုန်ဆုံးသောအခါ သုံးစွဲသူ၏ ဆင်း(မ်)ကတ်အား ပြောင်းလဲခြင်းနှင့် ပြန်လည်အပ်နှံရန် အကြောင်းကြားခြင်း ပြုလုပ်နိုင် ပါသည်။ ဆင်း(မ်)ကတ် အစားထိုးဝန်ဆောင်မှု သုံးစွဲလိုလျှင်သုံးစွဲသူအား သတ်မှတ်ထားသည့် ဈေးနှုန်း သတ်မှတ်ချက်နှင့် ကိုက်ညီသည့် အဖိုးအခသာ ကောက်ယူပါမည်။

၄။(စ) သင့်အနေဖြင့် အင်တာနက်ချိတ် ဆက်အသုံးပြုနိုင်သော်လည်း မည်သို့သောပါဝင်သည့် အကြောင်းအရာများအတွက် မဆိုနှင့် ဝန်ဆောင်မှုဆိုင်ရာ တစ်စုံတစ်ရာအတွက် မဆို တာဝန် ကျရောက်ခြင်းမရှိပါ။

၄။(ဆ) သင့်အနေဖြင့် တရားဝင်ခွင့်ပြုထားသော မိုဘိုင်းဆိုင်ရာ ပစ္စည်းများဖြင့်သာလျှင် ဆက်သွယ်မှု ကွန်ရက်သို့ ချိတ်ဆက်အသုံးပြုရမည်။

၄။(ဇ) သုံးစွဲသူအားပေးထားသော ဝန်ဆောင်မှုကို ကျွန်ုပ်တို့ မှ ငြင်းပယ်ရန် ဆုံးဖြတ်ပိုင်ခွင်ရှိသည်။

၅။ ငွေပေးချေမှု

၅။(က) သင့်လျော်သော ဝန်ဆောင် မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်း အရ (သို့မဟုတ်) သတ်မှတ် ထားသော ဈေးနှုန်း သတ်မှတ်ချက် ပုံစံအရ သင်မှ ဖုန်းငွေဖြည့်သောအခါ ကျွန်ုပ်တို့ မှ သင်၏ ဖုန်းဘေလ်အကောင့်ထဲသို့ ဖုန်းဘေလ်ပေးအပ်မည်ဖြစ်ပါမည်။

၅။(ခ) ဝန်ဆောင်မှုအတွက် ကျွန်ုပ်တို့၏ ငွေဖြည့်ကဒ်အကောင့်ကို အသုံးပြုခြင်းဖြင့်ပေးနိုင်ပါသည်။ ငွေဖြည့်ကဒ်များဝယ်ယူခြင်းဖြင့်လည်း အသုံးပြုနိုင်ပါသည်။ သင်ငွေဖြည့်ထားသော ပမာဏအား ပြန်လည်၍ ပေးမည်မဟုတ်ပါ( သို့မဟုတ်) သုံးစွဲသူတွင်ရှိသော ငွေပမာဏအား အတိုးပေးမှုကို ပြုလုပ် မည် မဟုတ်ပါ။သုံးစွဲသူ အသုံးပြုသော ဝန်ဆောင်မှုတိုင်း (အခြားသူတစ်ဦးဦးမှ သင်၏ မိုဘိုင်း ပစ္စည်း သုံးလျှင်လည်း)သင်၏ အကောင့်ပမာဏထဲမှ ဖြတ်တောက်သွားပါမည်။ ကျွန်ုပ်တို့၏ မှတ်တမ်း မှ သုံးစွဲသူ ငွေပမာဏမည်မျှ ထည့်သွင်းထားသည်နှင့် ဝန်ဆောင်မှုအတွက် မည်မျှ အသုံး ပြုသည်ကို မှတ်တမ်းတင်ထားပါသည်။

၅။(ဂ) အကယ်၍ ကုန်သွယ်လုပ်ငန်းခွန်ကျရောက်လာပါက ကျွန်ုပ်တို့မှတာ၀န်ရှိသည့်အတိုင်း သင့်ကို စည်းကြပ် ကောက်ခံပါမည်။ အကယ်၍ သင့်အနေဖြင့် ကျွန်ုပ်တို့အပေါ်တွင် ပေးဆပ်ရန် ကြွေးမြီ တစ်စုံတစ်ရာရှိ၍ ယင်းကို သတ်မှတ်ချိန်အတွင်း မပေးနိုင်ပါက သင်ပေးရမည့် ငွေပမာဏကို သင့်ငွေဖြည့်အကောင့်မှ (သို့မဟုတ်) သင်ကျွန်ုပ်တို့အားပို့ထားခဲ့သော သင်၏ debit ကတ်(သို့မဟုတ်) credit ကတ်၏ အချက်အလက် အသေးစိပ်အချက်အလက်များကို အသုံးပြု၍ ကောက်ခံ နှုတ်ယူ နိုင်ပါသည်။ သင်မပေးရသေးသော ငွေပမာဏပေါ်တွင် ကျွန်ုပ်တို့ အတိုးနှုန်း ကောက်ခံ နိုင် ပါသည်။ နေ့စဉ်အတိုးနှုန်းအနေဖြင့် မြန်မာနိုင်ငံဗဟိုဘဏ်က ကောက်ခံသည့် အခြေခံချေး ငွေနှုန်းထား ထက် ၄ရာခိုင်နှုန်း ကျော်လွန်ကောက်ခံပါမည်။

၆။ မိုဘိုင်း ပစ္စည်း ပျောက်ဆုံးခြင်း

အကယ်၍ သင်၏ မိုဘိုင်း ပစ္စည်း ခိုးယူခံရခြင်း၊ ပျက်စီးခြင်း ၊ ဖျက်ဆီးခံရခြင်း နှင့် ပျောက်ဆုံး ခြင်းဖြစ်လျှင် မည်သည့် ဝန်ဆောင်မှုမဆို သင်မှ ကြိုတင် ပေးချေထားခဲ့သော မည်သည့် ပေးချေ ခြင်းများ အတွက်မဆို ကျွန်ုပ်တို့မှ သင့်အား ပြန်လည် ငွေပြန်အမ်းခြင်းပြုလုပ်ရန် မလိုအပ်ပါ (သို့မဟုတ်) ပြန်လည်ပေးအပ်မည်မဟုတ်ပါ။ သင်၏ မိုဘိုင်းဖုန်းမှ တဆင့် ဆက်လက် ခေါ်ဆိုမှု ပြုလုပ် ခြင်းမှ တားမြစ်နိုင်ရန် သင့်အနေဖြင့် ကျွန်ုပ်တို့အား ချက်ချင်း အကြောင်းကြားရပါမည်။

၇။ ခေတ္တဆိုင်းငံ့ခြင်း ၊ ရပ်ဆိုင်းခြင်းနှင့် အဆုံးသတ်ခြင်း

၇။(က) အောက်ပါ အခြေအနေများတွင် ကျွန်ုပ်တို့ သည် ဝန်ဆောင်မှုများအား ဆိုင်းငံ့ခြင်း၊ ကန့်သတ် တားမြစ်ခြင်း (သို့မဟုတ်) ပေးအပ်ခြင်း ကို ရပ်ဆိုင်းခြင်း (ယင်းတို့အားလုံး (သို့မဟုတ်) ယင်းတို့၏ တစ်စိတ်တစ်ပိုင်းကို )ပြုလုပ်နိုင်ပါသည်။

  • (၁) မိုဘိုင်းဆိုင်ရာ ပစ္စည်းနှင့် ဝန်ဆောင်မှုများကို သုံးစွဲလျှင် ဤသဘောတူညီချက်အရ ကျွန်ုပ်တို့ ခွင့်မပြုသည့် နည်းလမ်းများဖြင့် သုံးစွဲနေသည်ဟု ကျွန်ုပ်တို့က ယုံကြည်လျှင်
  • (၂) ဝန်ဆောင်မှုဆိုင်ရာများနှင့် စပ်လျဉ်းသော (သို့မဟုတ်) သင့်မိုဘိုင်းဆိုင်ရာပစ္စည်းများနှင့် စပ်လျဉ်းသော ကိစ္စများအတွက် နံပါတ်များ (သို့မဟုတ်) စကားဖွက်များကို သုံးစွဲခွင့်နှင့် စပ်လျဉ်း၍ အခွင့်မရှိသော တရားဥပဒေနှင့် မညီညွတ်သော ၊ မမှန်ကန်သော (သို့မဟုတ်) အတုအပ ပြုလုပ်၍ သုံစွဲသည်ဟု အကယ်၍ ကျွန်ုပ်တို့ အနေဖြင့် ယုံကြည်လျှင်
  • (၃) သင့်အနေဖြင့် ရက်ပေါင်း ၁၈၀ အတွင်း ဝန်ဆောင်မှုကို သုံးစွဲခြင်း မပြုခဲ့ပါက၊ ဤ ဝန်ဆောင်မှုကို အသုံးပြုခြင်းဆိုသည်မှာ နှုန်းထားကောက်ခံနိုင်သော ပြင်ပသို့ခေါ်ဆိုခြင်း (သုံးစွဲသူဆိုင်ရာရှင်းလင်း ပြန်ကြားပေးသော ဌာန သို့ ခေါ်ဆိုမှု မပါဝင်ပါ) (သို့မဟုတ်) သင့်အကောင့်အားပြန်လည် ငွေဖြည့်တင်းမှုကို ဆိုလိုပါသည်။
  • (၄) သင်၏မိုဘိုင်းဖုန်းအား ပျောက်ဆုံး (သို့မဟုတ်) ခိုးယူခြင်းခံရခြင်းရှိသော်
  • (၅) သင်၏လုပ်ဆောင်ချက် တစ်စုံတစ်ရာကြောင့် ကျွန်ုပ်တို့ ၏ လုပ်ငန်းလည်ပတ်မှု (သို့မဟုတ်) ကွန်ယက်အားပျက်ဆီး (သို့မဟုတ်) ထိခိုက်နိုင်ကြောင်းယူဆရသော်
  • (၆)ကျွန်ုပ်တို့ အနေဖြင့် သင့်အား ဝန်ဆောင်မှုပေးအပ်ရန် အမြဲတမ်း မတတ်စွမ်းတော့လျှင်
  • (၇) အရေးပေါ် (သို့မဟုတ်) အာဏာပိုင်များက လိုအပ်ချက်အရ ကျွန်ုပ်တို့လိုက်နာစေ၍ (သို့မဟုတ်) ဥပဒေအရ (သို့မဟုတ်) နည်းဥပဒေတစ်ရပ် ပေါ်ပေါက်၍ ကျွန်ုပ်တို့ အနေဖြင့် ထိုသို့ လိုက်နာရန် လိုအပ်ခဲ့လျှင်
၇။(ခ) အကယ်၍ သုံးစွဲမရနိုင်သည့် အခြေအနေ(One Way Block) သို့ ရောက်ရှိနေသော လူကြီးမင်း၏ ဖုန်းနံပါတ်ကို သုံးစွဲမရနိုင်သည့် အခြေအနေ (One Way Block) ၌ ရှိနေသည့် ရက်ပေါင်း(၃၀)အတွင်း ငွေဖြည့်တင်းခြင်းပြုပါက ဝန်ဆောင်မှုအားလုံးနှင့် ပြန်လည် ချိတ်ဆက်ပေးပြီး လူကြီးမင်း၏ SIM/ Account တွင် ကျန်ရှိနေသောလက်ကျန်ပမာဏကိုလည်း ပြန်လည်ရရှိနိုင်မည်ဖြစ်သည်။ အကယ်၍ လူကြီးမင်းအနေဖြင့် ဤသဘောတူညီချက်အတိုင်း ဆောင်ရွက်ခြင်းမရှိခဲ့ပါက လူကြီးမင်း၏ ဆင်းကတ် (SIM Card)ကို ချိတ်ဆက်မှုဖြတ်တောက်မည်ဖြစ်သဖြင့် လူကြီးမင်း၏ SIM/Account တွင် ရှိသော မည်သည့်လက်ကျန်ပမာဏကိုမဆို ဆုံးရှုံးမည်ဖြစ်သည်။ အကယ်၍ သုံးစွဲမရနိုင်သည့် အခြေအနေ (One Way Block) ၌ရှိစဉ် ရက်ပေါင်း(၃၀)အတွင်း ငွေဖြည့်တင်းခြင်းမရှိပါက လူကြီးမင်း ၏ အကောင့်သည် ဖုန်းလက်ခံခြင်း၊ ဖုန်းခေါ်ခြင်း၊ စာတိုလက်ခံခြင်း/ပို့ခြင်း နှင့် အင်တာနက် ဝန်ဆောင်မှုတို့ သုံးစွဲမရနိုင်သည့်(Two Way Block) အခြေအနေသို့ရောက်ရှိသွားပါမည်။ ဤအခြေ အနေ၌ လူကြီးမင်း၏ ဖုန်းနံပါတ်နှင့် SIM/Account တွင်လက်ကျန်ပမာဏတို့ကို ဆုံးရှုံးသွားပါ လိမ့်မည်။

 

လူကြီးမင်း ၏ ဆင်းကတ် (SIM Card)သည် အောက်ပါအခြေအနေအမျိုးအစား နှစ်ရပ်ဖြင့် သုံးစွဲမရနိုင်သည့် အခြေအနေ(One Way Block) သို့ ရောက်ရှိသွားနိုင်ပါသည်။

  • 1) ဆင်းကတ်အား သုံးစွဲရန် အသင့်အနေအထားသို့ ချိတ်ဆက်ပြုလုပ်ပြီး(Activation)နောက် (ရက်ပေါင်း ၆၀ အတွင်း) သုံးစွဲသူက ငွေဖြည့်တင်း၍ (၃၆၅)ရက်သက်တမ်း ရရှိထားရန် လိုပါသည်။
  • 2) (၃၆၅)ရက် သက်တမ်းဖြင့် ချိတ်ဆက်သုံးစွဲမှုသက်ဝင်လျက်ရှိပြီး၊ (၃၆၅)ရက်ကို ကျော်လွန်၍ ငွေဖြည့်တင်းခြင်းမရှိပါက သုံးစွဲသူ၏ ဆင်းကတ်( SIM Card)သည် One Way Block အဆင့်သို့ ရောက်ရှိသွားပါမည်။

၇။(ဂ) ကျွန်ုပ်တို့မှ ဝန်ဆောင်မှုအား ဆိုင်းငံ့ခြင်း၊ ရပ်တန့်ခြင်း၊ ရပ်ဆိုင်းခြင်း ပြုလုပ်မည်ဆိုလျှင် အသိပေးရန် ကြိုးစားပါမည်။ သို့သော် ထိုကဲ့သို့ ပြုလုပ်ရန်လိုအပ်ချက်တစ်ခုမဟုတ်ပါ။

၈။ ကွဲပြားခြားနားချက်များ

၈။(က) ကျွန်ုပ်တို့ အနေဖြင့် ကောက်ခံရမည့် နှုန်းထားများ ကို ပြင်ဆင်၊ အသစ်ပြောင်းလဲ နိုင်ပါသည်။ ၄င်း ပြင်ဆင်/ ပြောင်းလဲမှုများ မစတင်မီ ဆီလျော်သော နည်းလမ်းဖြင့် (ဥပမာ ၊ ဝန်ဆောင်မှုများမှ တဆင့် သတင်းများပေးပို့၍) ရက် ၃၀ (သုံးဆယ်) ကြိုတင် အကြောင်းကြားပါမည်။ သို့သော် ပြင်ဆင်/ ပြောင်းလဲခြင်းသည် အကျိုးစီးပွားအရ သင့်အပေါ်တွင် ထိခိုက်ခြင်းမရှိနိုင်ဟု ယုံကြည်ပါက ကျွန်ုပ်တို့ အနေဖြင့် အကြောင်းကြားခြင်းမရှိဘဲ ဝန်ဆောင်မှု စတင်နိုင်ပါသည်။

၈။(ခ) ကျွန်ုပ်တို့ အနေဖြင့် ဝန်ဆောင်မှုကို အချိန်မရွေးပြင်ဆင် / ရုပ်သိမ်းခွင့် နှင့် ဤ သဘော တူညီ ချက်ပါ အချက်အလက်များအား အချိန်မရွေး ပြောင်းလဲ / ပြင်ဆင်မှု ရှိပါသည်။ ၄င်းပြင်ဆင် / ပြောင်းလဲမှုများကို ကျွန်ုပ်တို့မှ သင့်တော်သည်ဟု ယူဆသော နည်းလမ်းများဖြင့် အသေးစိပ် ထုတ်ပြန် ပေး၍ ထိုသို့ထုတ်ပြန်သည့်အချိန်မှစ၍ သက်ဝင်မှုရှိမည်။ ဥပမာ-ဝန်ဆောင်မှုများမှ တဆင့် သတင်း ပေးပို့၍ အသိပေးခြင်း

၈။(ဂ) ထို့သို ပြောင်းလဲ/ပြင်ဆင်မှုများကြေငြာပြီး နောက် ဝန်ဆောင်မှု ဆက်လက်သုံးစွဲသူများ အားလုံးကို ပြောင်းလဲ/ပြင်ဆင်မှုများအား သဘောတူသည်ဟု မှတ်ယူပါမည်။ သို့မဟုတ်ပါက ငွေထပ်မံဖြည့်သွင်းခြင်း မပြုဘဲ ဝန်ဆောင်မှုကို ရပ်ဆိုင်းနိုင်ပါသည်။

၉။ ဥပဒေအရ တာဝန်ကျရောက်မှုနှင့် ခြွင်းချက်ပြုခြင်းများ

၉။(က) ကျွန်ုပ်တို့ ၏ ပေါ့ဆ မှုကြောင့် သင့်အားထိခိုက်ဒဏ်ရာ (သို့မဟုတ်) သေကြေပျက်စီးမှုများ အတွက် အပြည့်အဝတာဝန်ယူပါသည်။သို့သော် အောက်ပါအချက်အလက်များအတွက် တာဝန်ယူမည် မဟုတ်ပါ။

ဝင်ငွေ (သို့မဟုတ်) အမြတ်အစွန်းဆုံးရှုံးခြင်း

ဝန်ဆောင်မှုသုံးစွဲခွင့် ဆုံးရှုံးခြင်း

လုပ်ငန်း (သို့မဟုတ်) အခွင့်အရေး ဆုံးရှုံးခြင်း

ကျွန်ုပ်တို့နှင့် တိုက်ရိုက်သက်ဆိုင်မှု မရှိသော (သို့မဟုတ်) ဤသဘောတူညီချက်ပြုလုပ်ချိန်တွင် မျှော်မှန်းနိုင်ခြင်းမရှိသော အခြားဆုံးရှုံး ပျက်ဆီးမှုများ၊ ကျွန်ုပ်တို့ ထိန်းချုပ်မှု၏ ပြင်ပမှ အကြောင်း တစ်စုံတစ်ရာကြောင့် ဝန်ဆောင်မှု မပေးနိုင်ပါက ကျွန်ုပ်တို့ အပေါ်တွင် ဥပဒေအရ တာဝန် ကျရောက်ခြင်းမရှိပါ။

၉။ (ခ) ကျွန်ုပ်တို့၏ တာဝန်ပေါ့လျော့ မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု (သို့မဟုတ်) သေကြေပျက်ဆီးမှု မဟုတ်လျှင် တောင်းခံနိုင်သော နစ်နာကြေး ခံစားခွင့်မှာ အမြင့်ဆုံး ကျပ် ၅၀ဝဝဝဝ( ၅သိန်း) ဖြစ်ပါသည်။

၉။(ဂ) ဤသဘောတူညီချက်ပါစည်းကမ်းချက်များသည် သုံးစွဲသူအား မည်သည့်ဥပဒေ တစ်ရပ်ရပ်အရ ပေးအပ်ထားသော မည်သည့် အခွင့်အရေးများ အပေါ်တွင် မဆို ထိခိုက်သက်ရောက်ခြင်းမရှိနိုင်၍ ကျွန်ုပ်တို့နှင့် ဤသို့ သဘောတူညီခြင်းဖြင့် သင်၏အခွင့်အရေးများကို ခြွင်းချက်ပြု ထုတ်ပယ် ချန်လှပ် ၍ မရနိုင်ပါ။

၁၀။ ကိုယ်ရေး အချက်အလက်များ

၁၀(က)။ ဆင်းကတ် မှတ်ပုံတင်ရာတွင် အသုံးပြုသော အချက်အလက်များအပါအဝင် အောက် ဖော်ပြပါ ကိစ္စရပ်များ၊ အချက်အလက်များတွင် ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့ ကုမ္ပဏီမှ သင်၏ အချက် အလက်များကို အသုံးပြုကောင်းပြုနိုင်ပါသည်။

သင့်အကောင့်ကို စီမံခန့်ခွဲရန်၊ သုံးစွဲသူများအတွက် ရှင်းလင်းပြန်ကြားပေးရေးလုပ်ဆောင်ချက်များ လုပ်ဆောင်နိုင်ရန်၊ ကျွန်ုပ်တို့၏ ဝန်ထမ်းများအား သင်ကြားပို့ချရန် (ဖုန်းခေါ်ဆိုခြင်းနှင့် သင်တို့ပေးပို့လိုက်သော အီးမေးလ် (သို့မဟုတ်) မက်ဆေ့ချ်များကို ကြီးကြပ်ခြင်းဆိုင်ရာများ ပါဝင်သော သင်တန်းများတွင်) ကွန်ရက်၏ အရည်အသွေးနှင့် လုံခြုံစိတ်ချရမှုအား စောင့်ကြည့်ရန်၊ အိုင်တီနည်းစနစ်များကို စမ်းသပ်စစ်ဆေးရန်နှင့် ထိန်းသိမ်းစောင့်ရှောက်ရန်။

သင်တို့ပေးပို့လက်ခံရရှိသော ဖုန်းခေါ်ဆိုမှုများနှင့် မက်ဆေ့ချ်များ၊ ဆက်သွယ်မှု ဖြစ်ပွားသောအချိန်၌ သင်ရောက်ရှိနေသောနေရာ၊ ကျွန်ုပ်တို့ ဝက်ဘ်ဆိုက်ကို သင်အသုံးပြုမှုနှင့် သင့်အသုံးပြုမှုဆိုင်ရာ အချက်အလက်များ အပါအဝင်၊ သို့ရာတွင် ယင်းတို့သာဟု ကန့်သတ်ထားခြင်း မရှိဘဲ ဈေးကွက်ဖော်ဆောင်ရေး ရည်ရွယ်ချက်များ အတွက် သင်တို့၏ ဝန်ဆောင်မှုသုံးစွဲခြင်းများကို လေ့လာဆန်းစစ်ရာတွင် သင်ရောက်ရှိနေသော ခန့်မှန်းတည်နေရာအပါအဝင် သင့်အချက်များကို အရေးပေါ်ဝန်ဆောင်မှုများ ပေးအပ်သူသို့ ပေးပို့ရာတွင် အရေးပေါ်ကိစ္စများအတွက် ခေါ်ဆိုပါက သင်ကန့်ကွက်ခဲ့ခြင်းမရှိပါက ဈေးကွက်ဖော်ဆောင်ရေး မက်ဆေ့ချ်များဖြင့် သင့်ကို ဆက်သွယ်မည်။ ယင်းမက်ဆေ့ချ်များတွင် အခြားသော အဖွဲ့ အစည်းများ ၏ ဈေးကွက်ဖော်ဆောင်ရေးများ ပါဝင်နိုင်ပါသည်။ သို့သော်လည်း ကျွန်ုပ်တို့ သည် သင်၏ အချက်အလက်များနှင့် သက်ဆိုင်သော တာဝန်ဝတ္တရားများကို အခြားအဖွဲ့အစည်းများသို့ လွှဲပြောင်းပေးအပ်ခြင်း ပြုလုပ်လိမ့်မည် မဟုတ်ပါ။ အကယ်၍ ကျွန်ုပ်တို့ထံမှ ဈေးကွက်ဖော်ဆောင်ရေး မက်ဆေ့ချ်များကို သင်လက်ခံရရှိလိုခြင်းမရှိပါက ဝက်ဘ်ဆိုက် (သို့မဟုတ်) ၉၇၉ သို့ ကျေးဇူးပြု ခေါ်ဆို၍ ဆက်သွယ် အသိပေးနိုင်ပါသည်။

၁၀။(ခ) သင်၏ အချက်အလက်များ၏ အသေးစိတ်ကို မည်သည့်တယ်လီဖုန်း လမ်းညွှန်များတွင် မဆို (သို့မဟုတ်) ကျွန်ုပ်တို့ ၏(သို့မဟုတ်) အခြားကြားခံ ဝန်ဆောင်မှုပေးသည့် အဖွဲ့များ၏ တယ်လီဖုန်းလမ်းညွှန်များတွင်မဆို (သို့မဟုတ်) တယ်လီဖုန်း လမ်းညွှန်များတွင် လမ်းညွှန်စုံစမ်းခြင်း ဝန်ဆောင်မှုများတွင် ရိုက်နှိပ်ဖြန့်ချိနိုင်ပါသည်။ အကယ်၍ သင်၏အကြောင်းအရာများအား ဤဝန်ဆောင်မှုများတွင် မပါဝင်စေလိုပါက ကျွန်ုပ်တို့ကို ဆက်သွယ်နိုင်ပါသည်။ ၁၀။(ဂ) ကျွန်ုပ်တို့ သင်၏ အချက်အလက်များကို မည်သို့ မည်ပုံ အသုံးပြုမည်ကို သိရှိလိုပါက ကိုယ်ရေးကိုယ်တာ အချက်အလက်များဆိုင်ရာ ပေါ်လစီကို ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်တွင် ကျေးဇူးပြု၍ ဖတ်ကြည့်ပေးစေလိုပါသည်။

၁၁။ အထွေထွေ

၁၁။(က) ဤသဘောတူညီမှုအား မည်သူ့ကို မဆို၊ မည်သည့် အချိန်တွင်ဖြစ်စေ ကျွန်ုပ်တို့ လွှဲပြောင်း ပေးနိုင်ပါသည်။ အကယ်၍ ကျွန်ုပ်တို့နှင့် သဘောတူညီမှုကို လွှဲပြောင်းပေးချင်သည်ဆိုပါက ကျွန်ုပ်တို့ သဘောတူညီလျှင် သင်လွှဲပြောင်းပေးနိုင်ပါသည်။ ဤ တောင်းဆိုမှုကို အကြောင်းအကျိုးမခိုင်လုံဘဲ ကျွန်ုပ်တို့က ငြင်းဆန်လိမ့်မည် မဟုတ်ပါ။ ကျွန်ုပ်တို့ သဘောတူညီသည် ဆိုပါက ဤ သဘောတူညီမှု ကို သင်မှ လက်ခံခဲ့သောကြောင့် လက်ကိုင်ဖုန်း ဆိုင်ရာ ပစ္စည်း ၊ ၎င်းနှင့်သက်ဆိုင်သောကြွေးမြီများ ပါဝင်သော တာဝန်သည် သင့်အပေါ်တွင် ကျရောက်သည့်အတိုင်း ကျွန်ုပ်တို့ က သင့်အပေါ် ဆောင်ရွက်ပြုလုပ်မည်ဖြစ်သည်။

၁၁။(ခ) အကယ်၍သင် (သို့မဟုတ်) ကျွန်ုပ်တို့မှ ဤ သဘောတူညီမှုအရ အခွင့်အရေးများကို စည်းကြပ် ရန် ပျက်ကွက်ခဲ့ပါက နှင့် ရပိုင်ခွင့်များကို မလိုက်နာ နိုင်ပါက ဆက်လက်အရေးယူ ဆောင်ရွက်ခြင်း များမှ သင် (သို့မဟုတ်) ကျွန်ုပ်တို့ကို ကာကွယ်ပေးနိုင်လိမ့်မည် မဟုတ်ပါ။

၁၁။(ဂ) သင်၏လက်ကိုင်ဖုန်းဆိုင်ရာ ပစ္စည်းကို သုံးသောအခါ သင်ဆက်သွယ်သော လက်ကိုင်ဖုန်း ပစ္စည်းတွင် သင်၏ ဖုန်းနံပါတ်ကို ဖော်ပြခြင်းခံရနိုင်ပါသည်။ အကယ်၍ အရေးပေါ် ဆိုင်ရာဝန်ဆောင်မှုကို သင်ဆက်သွယ်စဉ်တွင် သင်၏ဖုန်းနံပါတ်သည် သင်ဆက်သွယ်သည့် အရေးပေါ် ဝန်ဆောင်မှုထံတွင် အမြဲတမ်း ဖော်ပြနေပါမည်။

၁၁။(ဃ) အကယ်၍ သင့်တွင်တိုင်ကြားရန် အကြောင်းအရာရှိပါက ကျေးဇူးပြု၍ ကျွန်ုပ်တို့ကို ဆက်သွယ်ပါ။ သင်၏ တိုင်ကြားချက်များကို ကျွန်ုပ်တို့မှ အကောင်းဆုံးဖြေရှင်းပေးသွားပါမည်။ ဤသဘောတူညီမှုနှင့် ပတ်သတ်၍ အငြင်းပွားဖွယ်ရာများ ရှိပါက သင် (သို့မဟုတ်) ကျွန်ုပ်တို့မှ တရားဥပဒေအရ မြန်မာနိုင်ငံ တရားရုံးတွင် ဖြေရှင်းနိုင်ပါသည်။

၁၁။(င) ဤသဘောတူညီမှုကို မြန်မာနိုင်ငံ၏ ပြဌာန်းဥပဒေများမှ လွှမ်းမိုးသက်ရောက်မှု ရှိမည်။

ကျွန်ုပ်တို့အား ဆက်သွယ်ရန်

အီးမေးလ် care@atom.com.mm

ဖုန်းသုံးစွဲသူ ဆိုင်ရာ ရှင်းလင်းပြန်ကြားရေးဌာန

( Customer Care Center) - ၉၇၉ (သို့မဟုတ်) ဝ၉၇၉၀ဝ၉၇၉၀ဝ

မြန်မာမှတ်ပုံတင်အမှတ် - ၃၈၇ အက်ဖ်စီ / ၂၀၁၃ - ၂၀၁၄ ။

ရုံးချုပ် - နံပါတ် ၂၂၁၊ ၁၇-၂၂-၂၃ အလွှာ၊ ဆူးလေဘုရားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ၁၁၁၈၂ မြန်မာ။

Product

အဓိပ္ပါယ်ဖွင့်ဆိုချက်

We, our or us စကားရပ်ဖြင့် တယ်လီနောမြန်မာလီမိတက်ကို ရည်ညွှန်းပါသည်။

သင်၊သင်၏ဟူသောစကားရပ်ဖြင့် ဝန်ဆောင်မှုသုံးစွဲသူကို ရည်ညွှန်းပါသည်။

e-load ဆိုသည်မှာငွေဖြည့်ကတ်မပါပဲ အီလက်ထရွန်နစ်စနစ်ကို အသုံးပြု၍ငွေဖြည့်ခြင်းကို ဆိုလိုပါသည်။

Pay As You Go ဆိုသည်မှာ.သင်၏ အမှန်တကယ်သုံးစွဲမှုပမာဏ အတိုင်းသာကောက်ခံသည့်ပုံစံကို ဆိုလိုပါသည်။

IVR ဆိုသည်မှာ ခေါ်ဆိုသူအား အလိုအလျှောက်တုန့်ပြန်ဖြေကြားလမ်းညွှန်သည့် စနစ်ဖြစ်ပါသည်။

USSD ဆိုသည်မှာ ဝန်ဆောင်မှုဆိုင်ရာအချက်အလက်များရယူ လိုသည့် အခါတွင် ဝင်ရောက်သုံးစွဲရန်ရိုက်နှိပ်ခေါ်ဆိုရသောနံပါတ်(ဥပမာ*124#) ကိုဆိုလိုပါသည်။

SIM card & Phone number
ဆင်းကတ်နှင့်ဖုန်းနံပါတ်

Start Up Kit

SUK တွင်သင်၏တယ်လီနောဆင်းကတ်၊သင်၏မိုဘိုင်းနံပါတ်၊လျှောက်လွှာနှင့် ဝန်ဆောင်မှုအားစတင်အသုံးပြုရန်လမ်းညွန်ချက်များစသည်တို့ပါဝင်မည်။

Included benefits upon activation
ဆင်းကတ်နှင့်တစ်ပါတည်းပါဝင်သော ထပ်ဆောင်းဝန်ဆောင်မှုများ ဆင်းကတ်တွင်ခံစားခွင့်အဖြစ်ပေးအပ်သောထပ်ဆောင်းဝန်ဆောင်မှုများတပါတည်းပါဝင်မည်။ ထိုထပ်ဆောင်းဝန်ဆောင်မှုများ၏သုံးစွဲမှုသက်တမ်းကိုတယ်လီနောမှပေးပို့သော SMS တွင်လည်းကောင်း၊ ဝယ်ယူသောဆိုင်များတွင်လည်းကောင်း၊တယ်လီနော၏ website ဖြစ်သော www.atom.com.mm .တွင်လည်းကောင်းလေ့လာဖတ်ရှုနိုင်သည်။

မှတ်ချက်။ထပ်ဆောင်းဝန်ဆောင်မှုများ၏သက်တမ်းမှာပုံမှန်ဝန်ဆောင်မှုများ၏သက်တမ်းထက်တိုတောင်းပါမည်။

SIM card
ဆင်းကတ်

တယ်လီနော၏ဆင်းကတ်အရွယ်အစားများမှာ normal, micro နှင့် nano ဟုသုံးမျိုးရှိမည်။တယ်လီနောအရောင်းဆိုင်များတွင် normal နှင့ micro SIM အတွဲများကိုရရှိနိုင်ပြီး nano SIMများကိုသက်မှတ်ထားသောတယ်လီနောအရောင်းဆိုင်များတွင် သာရရှိနိုင်သည်။ ဆင်းကတ်ပျက်စီး/ပျောက်ဆုံးခဲ့လျှင် တယ်လီနောမှတာဝန်ယူမည်မဟုတ်ပါ။အစားထိုးဆင်းကတ်အားကျသင့်သောတန်ဖိုးပေးဆောင်၍တယ်လီနောအရောင်းဆိုင်များတွင်ဝယ်ယူရရှိနိုင်သည်။ အစားထိုးဆင်းကတ်၏ကျသင့်သည့် တန်ဖိုးတွင်ထိုဆင်းကတ်၏တန်ဖိုးမျှသာပါဝင်ပြီး သင်အသုံးပြုမည့အခြားသောဝန်ဆောင်မှုများအတွက် သီးသန့်ဝယ်ယူရမည်ဖြစ်သည်။

Account သက်တမ်း

Accountဆိုသည်မှာ တယ်လီနောြမန်မာ ၏ ဆင်းကတ်နှင့် သက်ဆိုင်သည့် မည်သည့် ဆက်သွယ်ရေး ဝန်ဆောင်မှု သုံးစွဲခြင်းအတွက်မဆို သုံးစွဲသူတစ်ဦး၏ ဖုန်းငွေပမာဏ (သို့) ဒေတာပမာဏ (သို့) မည်သည့် အခပေးဝန်ဆောင်မှုအတွက်မဆို ရှိနေသည့် ပမာဏ စသည်တို့ပါဝင်သည့် Accountကို ရည်ညွှန်းသည်။ လူကြီးမင်း၏ Account သည် ပထမဦးဆုံး ဖုန်းခေါ်ဆိုမှုပြုလုပ်ပြီးသည်မှ နောင်ရက်ပေါင်း(၆၀)အထိ သက်တမ်းရရှိပါမည်။ မိမိ၏ Account တွင် ငွေဖြည့်ခြင်းကို အောင်မြင်စွာဆောင်ရွက်ပြီးနောက် လူကြီးမင်း၏ Account သည် ထိုသို့ဖြည့်တင်းခြင်း ဆောင်ရွက်သည့်နေ့မှ ရက်ပေါင်း (၃၆၅)ရက်ထိ သက်တမ်းရှိနေမည်။ အကယ်၍ လူကြီးမင်း၏ Account ကိုရက်ပေါင်း (၃၆၅)ရက်ကြာသည်ထိ ငွေဖြည့်ခြင်းမပြုပါက လူကြီးမင်း၏ Accountသည် One Way Block အဆင့်သို့ရောက်ရှိသွားပါမည်။ လူကြီးမင်း၏ Account သည် One Way Block အဆင့်တွင်ရှိစဉ် ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း နှင့် အင်တာနက်သုံးစွဲခြင်းနှင့် အခြားသောဝန်ဆောင်မှုတို့ကို ရရှိနိုင်မည်မဟုတ်ပါ။ လူကြီးမင်း၏ Account သည် One Way Block အဆင့်တွင်ရှိစဉ် သုံးစွဲမှုနှင့်စပ်လျဉ်း၍ မည်သည့်လက်ကျန်စုဆောင်းသိမ်းဆည်းထားရှိမှုများ (ဥပမာ- လက်ကျန် အင်တာနက် ဒေတာ ပမာဏ/ plan ၊ လက်ကျန် ဘေလ်ပမာဏ) ကိုမဆို သိမ်းယူ ရှင်းလင်းခြင်းပြုသွားမည်ဖြစ်သည်။ လူကြီးမင်း၏ Account အား One Way Block လုပ်ထားစဉ်တွင် ဖုန်းအဝင် Call နှင့် စာတိုသတင်းတို့ကို လူကြီးမင်း မှလက်ခံ ရရှိနိုင်ပါ သေးသည်။ One Way Block အဆင့်သို့ရောက်ရှိပြီးနောက် ရက်ပေါင်း(၃၀)အတွင်း ငွေဖြည့်တင်းခြင်းကို အောင်မြင်စွာ ဆောင်ရွက်ပြီးပါက လူကြီးမင်း၏ Account ကို ပုံမှန်အတိုင်း ပြန်လည်သုံးစွဲခြင်း ပြုနိုင်မည်ဖြစ်ပြီး လူကြီးမင်း၏ Account သည် နောက်ဆုံးငွေဖြည့်ခဲ့သည့်နေရက်မှ (၃၆၅)ရက်အထိ အသစ်တစ်ဖန် သက်တမ်းရှိနေပါမည်။

One Way Block အဆင့်သို့ရောက်ရှိနေသည့် Account ကို အကယ်၍ ရက်ပေါင်း(၃၀)အတွင်း ငွေဖြည့်တင်းခြင်းမရှိပါက ဖုန်းအဝင်အထွက် Call လက်ခံခြင်း၊ ဖုန်းခေါ်ဆိုခြင်း၊ စာတိုလက်ခံခြင်းနှင့်ပေးပို့ခြင်း အပါအဝင် အင်တာနက်သုံးစွဲခြင်းနှင့်အခြားသော ဝန်ဆောင်မှုများအားလုံး အသုံးပြု၍ မရနိုင်သည့် Two Way Block အဆင့်သို့ရောက်ရှိသွားပါမည်။

Two Way Block အဆင့်သို့ရောက်ရှိသွားသည့် Account/SIM Card အား ရက်ပေါင်း(၆၀)အတွင်း ငွေဖြည့်သွင်းပါက Account အားပုံမှန်အတိုင်း ဆက်လက်အသုံးပြု၍ ရနိုင်မည်ဖြစ်ပြီး Account ၏သက်တမ်း မှာလည်း ငွေဖြည့်တင်းခြင်း နောက်ဆုံးဆောင်ရွက်ခဲ့သည့် နေ့ရက်မှသည် ရက်ပေါင်း(၃၆၅)ရက်ထိ ရရှိသွားမည် ဖြစ်ပါသည်။

အကယ်၍ Two Way Block အတွင်းရောက်ရှိနေသည့် Account ကို ရက်ပေါင်း(၆၀) ကြာသည့်တိုင် ငွေဖြည့်တင်းခြင်းမပြုခဲ့ပါက Account ကို အပြီးသတ်ပိတ်သိမ်းခြင်း (cooling)ပြုလုပ်သွားပါမည်။ Account ကို အပြီးသတ်ပိတ်သိမ်းခြင်းပြုသည့်အခါ အကောင့် လက်ကျန်ပမာဏကို သိမ်းယူပါမည်။ နောက်ထပ် ရက်ပေါင်း(၆၀) ထပ်မံ စောင့်ဆိုင်းပြီးနောက်တွင် ကျွန်ုပ်တို့မှ ၄င်းမိုဘိုင်းဖုန်းနံပါတ် ကို အခြားသုံးစွဲသူသို့ တစ်ဖန်ပြန်လည် သတ်မှတ်ချထားပေးနိုင်သည် ဖြစ်သည်။

Network services
ကွန်ရက်ဝန်ဆောင်မှု

မည်သည့်အချိန်တွင်ပင်ဖြစ်စေသတ်မှတ်တည်နေရာအတွင်း မိုဘိုင်းကွန်ရက်ရရှိနိုင်မှုနှင့်သုံးစွဲနိုင်မှုအပေါ်မူတည်၍ သာတယ်လီနော၏ ဝန်ဆောင်မှုများကိုပေးအပ်ခြင်းဖြစ်သဖြင့်မည်သို့သောမိုဘိုင်းကွန်ရက်မရရှိနိုင်မှု၊ မတည်ငြိမ်မှုသို့မဟုတ်ချွတ်ယွင်းမှုများအတွက် ကုန်ကျသောစရိတ်များသို့မဟုတ်နစ်နာကြေးများအဖြစ် ငွေပြန်အမ်းပေးရန်တာဝန်မရှိပါ၊

Onnet, offnet and anynet

ပြည်တွင်းဖုန်ခေါ်ဆိုမှုများ/SMS ဝန်ဆောင်မှုများတွင် Onnet, Offnet နှင့် anynet ဟု၃မျိုးရှိသည်။.

Onnet - တယ်လီနောသုံးစွဲသူအချင်းချင်းဖုန်းခေါ်ဆိုခြင်း၊ SMS ပေးပို့ခြင်းကိုဆိုလိုပါသည်။

Offnet - တယ်လီနောနံပါတ်မှတယ်လီနောမဟုတ်သောနံပါတ်အားဖုန်းခေါ်ဆိုခြင်း၊SMS ပေးပို့ခြင်းကိုဆိုလိုပါသည်။ Anynet - မည့်သည့်မိုဘိုင်းကွန်ယက်ကိုမဆိုဖုန်းခေါ်ဆိုခြင်း၊ SMS ပေးပို့ခြင်းကိုဆိုလိုပါသည်။

SIM Tool Kit menu

SIM tool kit menu (STK) သည် သင်၏ ဆင်းကတ်တွင် တစ်ပါတည်းပါဝင်သော menu ဖြစ်ပြီး menu များသည် သင်၏ မိုဘိုင်းဖုန်းအပေါ်မူတည်သည်။ STK menu ကို မြန်မာ/အင်္ဂလိပ် ၂ ဘာသာဖြင့် ဖတ်ရနိုင်ပြီး prepaid နှင့် postpaid စနစ် ၂ ခုစလုံးတွင် အသုံးပြုနိုင်သည်။ STK menuအတွက်ဝန်ဆောင်ခပေးရန်မလိုပဲmenu ရှိဝန်ဆောင်မှုများကိုရွေး ချယ်ဝယ်ယူမှသာ ကျသင့်သောအခကိုပေးရပါမည်။

Phone numbers
ဖုန်းနံပါတ်များ

Number format

သင်၏ဖုန်းနံပါတ်မှာ(ဝ၉၇၉)နှင့်စ၍ဂဏန်း(၁၁)လုံးပါရှိမည်။အကယ်၍သုညကိုချန်လှပ်၍ဂဏန်း(၁၀)လုံးသာမှတ်သားထားသောသုံးစွဲသူများအနေဖြင့် နံပါတ်ရှေ့တွင်သုညခံ၍ဖြစ်စေ၊(+၉၅)သို့မဟုတ်(ဝဝ၉၅)ခံ၍ဖြစ်စေ ခေါ်ဆိုနိုင်ပါသည်။ မည်သို့ပင်ခေါ်ဆိုသည်ဖြစ်စေသတ်မှတ်ထားသောခေါ်ဆိုခသာကျသင့်ပါမည်။ သင်၏ဖုန်းထဲရှိ phone book ထဲတွင်(+၉၅) သို့မဟုတ်(ဝ) ခံ၍ဖုန်းနံပါတ်များကိုမှတ်သားထားရန်အကြံပေးလိုသည်။ သင်လက်ခံရရှိသောနံပါတ်ပုံစံများကွာခြားခြင်း နှင့်ပတ်သက်၍ နားလည်မှုလွဲခြင်းများကိုတယ်လီနောမှတာဝန်မယူပါ။

နံပါတ်လှနှင့်ပုံမှန်နံပါတ်များ

နံပါတ်လှ၏ဈေးနှုန်းများမှာ နံပါတ်၏လှပမှုအပေါ်မူတည်၍ကွာခြားမည်။ ဆင်းကတ်ဝယ်ယူချိန်တွင် နံပါတ်ရွေးချယ်ရမည်ဖြစ်ပြီးကျသင့်သောဈေးနှုန်းကိုပေးချေရမည်။ သင်တို့ရွေးချယ်သောနံပါတ်အတွက် တယ်လီနောမှ အထူးထောက်ခံချက်လိုသည်။ နံပါတ်လှစာရင်းတွင်မပါဝင်သော သုံးစွဲထားခြင်းမရှိသည့် နံပါတ်များကို့ဦးစွာပထမ အသက်သွင်းပေးခြင်းမတိုင်မီသုံးစွဲသူမှကိုယ်တိုင်ရွေးချယ်နိုင်ပြီး အဆိုပါ နံပါတ်များသည် ပုံမှန်နံပါတ်များဖြစ်ပါသည်။ နံပါတ်အလှနှင့်ပုံမှန်နံပါတ်များကို တယ်လီနောဆိုင်များတွင်ရရှိနိုင်သည်။

ငွေဖြည့်ခြင်းနှင့်အကောင့်တွင်ရှိငွေ

ငွေဖြည့်ကတ်

ငွေဖြည့်ကတ်များကို ငွေပမာဏအမျိုးမျိုးနှင့်ရရှိနိုင်သည်။ USSD (*၁၂၃*ငွေဖြည့်ကတ်ကုတ်နံပါတ်#ဖုန်းခေါ်ခလုပ်) သို့မဟုတ် ၉၇၉ သို့ခေါ်ဆို၍လည်းကောင်း ငွေဖြည့်နိုင်သည်။ ငွေဖြည့်မှု အောင်မြင်ပါက SMS သို့မဟုတ် အသံဖြင့်အသိပေးချက်ရရှိမည်ဖြစ်ပြီး သင်၏အကောင့်ထဲတွင်ရှိသောမူလလက်ကျန်ငွေနှင့်ပေါင်းသွားမည်။ ငွေဖြည့်ကတ်တိုင်းသည် တစ်ကြိမ်သာ အသုံးပြုနိုင်သည်။တယ်လီနော၏ငွေဖြည့်ကတ်သည် တယ်လီနောမှပေးသောဝန်ဆောင်မှုများအတွက်သာဖြစ်သည်။ သင်ဝယ်ယူပြီးသော ငွေဖြည့်ကတ်အတွက် ငွေပြန်အမ်းမည်မဟုတ်ပါ။ငွေဖြည့်ကတ်၏သက်တမ်းကို ကတ်တွင်ရိုက်နှိပ်ထားပြီး၊ ကတ်တွင်ရိုက်နှိပ်ထားသောရက်စွဲအထိသာ သက်တမ်းရှိမည်။

 

Eload ဖြင့်ငွေဖြည့်ခြင်း ဆိုသည်မှာ ငွေဖြည့်ကတ်မပါပဲ အီလက်ထရွန်နစ်စနစ်ကိုအသုံးပြု၍ သင်၏ဖုန်းနံပါတ်နှင့် သင်ငွေဖြည့်လိုသောပမာဏအတိုင်း တယ်လီနောဆိုင်များ၊ ကိုယ်စားလှယ်ဆိုင်များ တွင် ငွေဖြည့်ခြင်းဖြစ်သည်။ ငွေဖြည့်မှုအောင်မြင်ပါက SMSနှင့်အသိပေးချက်ရရှိမည်ဖြစ်ပြီး Eload ဖြင့်ငွေဖြည့်တင်းခြင်းသည်လည်း အခြားငွေဖြည့်ကတ်များနည်းတူတစ်ကြိမ်သာသုံးစွဲခွင့်ရှိမည်။ ဝယ်ယူပြီးသော ငွေဖြည့်ကတ်များကို ငွေပြန်အမ်းပေးမည်မဟုတ်ပါ။တယ်လီနော၏ငွေဖြည့်ကတ်သည် ကျွနုပ်တို့ကွန်ရက်မှတဆင့် တယ်လီနောသို့မဟုတ် အခြားသီးသန့်အဖွဲအစည်းများမှပေးအပ်သော အသံ၊ data၊ content ဆိုင်ရာဝန်ဆောင်မှုများနှင့် တယ်လီနော၏ဆက်သွယ်ရေးဆိုင်ရာဝန်ဆောင်မှုအတွက်သာဖြစ်သည်။

လက်ကျန်ငွေစစ်ခြင်း

ပင်မလက်ကျန်ငွေများကို *၁၂၄#ဖုန်းခေါ်ခလုပ်ကိုရိုက်နှိပ်၍ လည်းကောင်း၊ အခြားသောလက်ကျန်ငွေ (အပိုဆောင်းရရှိသောအကျိုးခံစားခွင့်များ) ကို *၁၂၄*၁#ဖုန်းခေါ်ခလုပ်ကိုရိုက်နှိပ်၍ လည်းကောင်းစစ်ဆေးနိုင်သည်။ ထိုသို့စစ်ဆေးမှုရလဒ်ကို USSD အနေနှင့်လည်းကောင်း၊ SMS အနေနှင့်လည်းကောင်းရရှိနိုင်သည်။ လက်ကျန်ငွေစစ်ခြင်းသည် ဆက်သွယ်မှုကွန်ရက်ရရှိမှုအပေါ်မူတည်နေသည် ကိုလည်းသတိပြုစေလိုပါသည်။ ဆက်သွယ်မှုပြင်ပရောက်ရှိနေချိန်တွင် မအောင်မြင်သောလက်ကျန်ငွေစစ်ခြင်း များအတွက် တယ်လီနောမှတာဝန်ယူ မည်မဟုတ်ပါ။ လက်ကျန်ငွေ၏ ပြားစွန်းများကိုဖေါ်ပြခြင်းမရှိဘဲ ကျပ်ပြည့်အထိသာဖေါ်ပြပေးပါမည်။ သို့သော်ပြားစွန်းများကို စနစ်တွင်ထိန်းသိမ်းထားရှိပါသဖြင့် အသေးစိတ်သိရှိလိုပါက Call Center မှတဆင့်ဆက်သွယ်စုံစမ်းရရှိနိုင်ပါသည်။

လက်ကျန်ငွေနည်းပါးခြင်းအတွက်သတိပေးချက်

သင်၏လက်ကျန်ငွေကျပ်၁၀ဝအောက်ရောက်ရှိသွားပါကသင်ဖုန်းခေါ်ဆိုချိန်တွင်ငွေဖြည့်ရန် SMS သတိပေးချက်ကိုရရှိမည်ဖြစ်သည်။ လက်ကျန်ငွေကျပ်၁၀ဝအောက်ရောက်ရှိသွားပါကအင်တာနက်သုံးစွဲမှုကိုအလိုအလျှောက်ပိတ်လိုက်မည်ဖြစ်ပြီး ကျန်ရှိငွေကိုသင်ဖုန်းခေါ်ဆိုရန်အရန်ချန်ထားမည်ဖြစ်သည်။

Mဖုန်းခေါ်ဆိုခြင်းနှင့်SMSပေးပို့ခြင်း

အကျိုးခံစားခွင့်ယူနစ်များ

အခြားအကျိုးခံစားခွင့်ယူနစ်များတွင်ဖုန်းခေါ်ဆိုနိုင်ခွင့်မိနစ်များ၊ SMS အစောင်ရေများနှင့်အင်တာနက်သုံးစွဲခွင့်ယူနစ်များပါဝင်သည်။ ဤတွင်ပါဝင်သောအကျိုးခံစားခွင့်များကိုသက်မှတ်ထားချက်များအတိုင်းသာသုံးစွဲခြင်းပြုရန်တားမြစ်ကန့်သတ်ထားနိုင်သည်။ ဥပမာသင်ဝယ်ယူထားသော SMS အစောင်ရေများမှာ Onnet SMS ဖြစ်ခဲ့ပါကတယ်လီနောသုံးစွဲသူ (တယ်လီနောနံပါတ်) အချင်းချင်းသာပေးပို့နိုင်မည်။ သင်၏ယူနစ်များမရှိတော့ပါကသင်၏သုံးစွဲမှုပေါ်မူတည်၍သင်၏လက်ကျန်ငွေမှနှုတ်သွားမည်ဖြစ်သည်။

အကျိုးခံစားခွင့်များကုန်သွားကြောင်းအသိပေးစနစ်ရှိနိုင်သည်။ ဤအကျိုးခံစားခွင့်များ၏သက်တမ်းကာလကိုသတ်မှတ်ပေးထားသဖြင့်ယင်းကာလအတွင်းသာသုံးစွဲခွင့်ရရှိမည်။ အကျိုးခံစားခွင့်များကို USSD မှတဆင့်စစ်ဆေးနိုင်ပြီးဝယ်ယူနိုင်သောယူနစ်များကုန်သွားပါကအကျိုးခံစားခွင့်များကိုသုံးစွဲ၍ရနိုင်တော့မည်မဟုတ်ပါ။

အလိုအလျှာက်သက်တမ်းတိုးခြင်း

အချိန်ကာလအတိုင်းအတာတစ်ခုအတွင်းအလိုအလျောက်သက်တမ်းတိုးသွားသည့်ဝန်ဆောင်မှုမျိုးကိုကျွနုပ်တို့ကမ်းလှမ်းပါမည်။ ဤကဲ့သို့ကိစ်စရပ်များတွင်ဝန်ဆောင်မှုအမျိုးအစားအလိုက်မည်သို့သက်တမ်းတိုးသွားသည်ကိုသတ်မှတ်ထားသောစည်းမျဉ်းနှင့် သတ်မှတ်ချက်များ၌တိတိကျကျဖေါ်ပြပေးထားပါမည်။ ဝန်ဆောင်မှုအများစုအတွတ်သက်တမ်းမကုန်မီတစ်ရက်အလိုတွင် SMS သတိပေးချက်ပေးပို့မည်။ အကယ်၍သင့်အနေဖြင့်အဆိုပါဝန်ဆောင်မှုကိုဤအချိန်တွင်မရပ်နားခဲ့ပါကကျသင့်ငွေကိုသင့်မူလအကောင့်ထဲမှနှုတ်သွားပြီး သင့်အကောင့်ထဲတွင်လုံလောက်သောငွေပမာဏမရှိပါကဝန်ဆောင်မှုသည်အလိုအလျှာက်ရပ်နားခံရမည်ဖြစ်သည်။

မှတ်ပုံတင်၍ဝယ်ယူထားသူမဟုတ်သည့်အခြားသူမှသုံးစွဲခြင်း

တယ်လီနော၏ဆင်းကတ်နှင့်ဝန်ဆောင်မှုများသည်သင့်ကိုယ်ပိုင်သုံးစွဲမှုအတွက်သာအကျုံးဝင်ပြီးတယ်လီနော၏သဘောတူညီချက်မရရှိပဲ အခြားသူထံသို့တစ်ဆင့်ပြန်လည်ရောင်းချခြင်းအတွက်ဝန်ဆောင်မှုများအားတယ်လီနောမှရပ်စဲ နိုင်ခွင့်ရှိသည်။

အခွန်

တယ်လီနောအနေဖြင့်မြန်မာနိုင်ငံတော်အစိုးရမှသုံးစွဲသူများအပေါ်ချမှတ်သောအခွန်အားကောက်ခံခွင့်ရှိသည်။ဈေးနှုန်းများကိုအခွန်ပါပြီးဖြစ်စေ။ မပါပဲဖြစ်စေသုံးစွဲသူများကိုရှင်းလင်းစွာဆက်သွယ်ပြန်ကြားပေးသွားမည်။

ဖုန်းခေါ်ဆိုခြင်း

တယ်လီနော၏ဆင်းကတ်များဖြင့် အခြားသော မိုဘိုင်းဖုန်းကိုလည်းကောင်း၊ လိုင်းဖုန်းကိုလည်းကောင်း၊ နိုင်ငံခြား ဖုန်းကိုလည်းကောင်း ဆက်သွယ်ပြောဆိုနိုင်သည်။ သီးသန့်ဖော်ပြထားသည့် ပမာဏမရှိလျှင် ဖုန်းခေါ်ဆိုခများကို သတ်မှတ်ထားသည့်အတိုင်း ၂၀စက္ကန့်ခြား တစ်ခါ သို့မဟုတ် ယင်းနှင့်အနီးဆုံးကိုယူ၍ တွက်ချက်ကောက်ခံပါမည်။ အချို့သော သက်ဆိုင်ရာ နံပါတ်အုပ်စုများအတွက် ဖုန်းခေါ်ဆိုခများ ကွာခြားနိုင်သည် (ဥပမာ နိုင်ငံခြားခေါ်ဆိုမှုများနှင့် Premium Charged Number များ) မအောင်မြင်သောဖုန်းခေါ်ဆိုမှုများ/ လက်ခံဖြေကြားခြင်းမရှိသော ဖုန်းခေါ်ဆိုမှုများအတွက် ဖုန်းခေါ်ဆိုခ မကောက်ခံပါ။ သင်၏ခေါ်ဆိုမှုများအတွက် သင့်နံပါတ်ကို တစ်ဖက်လက်ခံသူမှ မသိရှိနိုင်အောင် ဖုန်းခေါ်ရန်မဖြစ်နိုင်ပါ။ တစ်ဖက်လက်ခံသူ၏ သင်၏နံပါတ်ကို မြင်ရခြင်း၊ မမြင်ရခြင်းသည် ၄င်း၏ လက်ကိုင်ဖုန်းအပေါ်မူတည်၍သာ ကွာခြားနိုင်သည်။

Call Center သို့ဖုန်းခေါ်ဆိုခြင်း

တယ်လီနောဖုန်းဖြင့်ခေါ်ဆိုပါက၉၇၉ကိုတိုက်ရိုက်နှိပ်၍Call Centerသို့ဖုန်းခေါ်ဆိုနိုင်သည်။ နိုင်ငံခြားမှခေါ်ဆိုပါ +၉၅(ဝ) ၉၇၉၀ဝ၉၇၉၀ဝသို့မဟုတ်တယ်လီနောဖုန်းမဟုတ်သောအခြားဖုန်းမှခေါ်ဆိုပါကဝ၉၇၉၀ဝ၉၇၉၀ဝသို့တိုက်ရိုက်နှိပ်၍ခေါ်ဆိုပါ။ Call Center ၏ IVသို့ခေါ်ဆိုမှုအတွတ်ဖုန်းပြောခကောက်ခံခြင်းမရှိသော်လည်းCustomer Service representativeနှင့်တိုက်ရိုက်ပြောဆိုပါကသက်မှတ်ထားသည့်နှုန်းဖြင့်ဖုန်းပြောခကောက်ခံမည်ဖြစ်သည်။

ဖုန်းခေါ်ဆိုပြီးချိန်တွင်ရရှိမည့်အသိပေးချက်

သင်ဖုန်းခေါ်ဆိုပြီးတိုင်းစနစ်မှအလိုအလျှာက်ပေးပို့သော USSD အသိပေးချက်ကိုရရှိမည်။ထိုအသိပေးချက်တွင်သင်၏ခေါ်ဆိုမှုအတွက်ကျသင့်ငွေ ၊ ကြာချိန်နှင့်သင့်လက်ကျန်ငွေတို့ကိုဖော်ပြပေးသွားပါမည်။ သင့်တွင်အပိုထပ်ဆောင်းရရှိသောမိနစ်များရှိလျှင်ကျသင့်ငွေကို 0.00 ကျပ်ဟုဖော်ပြပေးပါမည်။ *၁၂၄#ဖုန်းခေါ်ခလုတ်ကိုရိုက်နှိပ်၍လက်ကျန်ငွေပမာဏအားစစ်ဆေးနိုင်သည်။

မှတ်ချက်။အကယ်၍သင်ဖုန်းခေါ်ဆိုနေချိန်တွင်အင်တာနက်ကိုလည်းအသုံးပြုနေပါကယင်းအတွက်လက်ကျန်ငွေအချို့ကိုအရန်အဖြစ်ထားရှိမည်ဖြစ်၍ အလိုအလျှာက်စနစ်မှလက်ကျန်ငွေကိုဖော်ပြရာတွင်ကွာခြားမှုအနည်းငယ်ရှိနိုင်ပါသည်။

သုံးစွဲမှုအမြင့်ဆုံးနှင့်သုံးစွဲမှုနည်းပါးသည့်အချိန်

အချို့သောဝန်ဆောင်မှုများသည်နေ့တစ်နေ့၏အချိန်အလိုက်သို့မဟုတ်သီတင်းပတ်၏ရက်အလိုက်သတ်မှတ်ထားသော အချိန်အပိုင်းအခြားပေါ်မူတည်၍ဈေးနှုန်းအပြောင်းအလဲရှိသည်။

အချိန်အပိုင်းအခြားသတ်မှတ်ချက်များနှင့်ဈေးနှုန်းများကိုဝယ်ယူသူများအားအသိပေးသွားပါမည်။

ကွန်ရက်၏ပုံသေဝန်ဆောင်မှုများ

Call hold

ပထမဖုန်းခေါ်ဆိုမှုအားဖြေကြားနေချိန်တွင်ဒုတိယဖုန်းခေါ်ဆိုမှုကိုပြန်လည်ဖြေကြားနိုင်ရန်ပထမဖုန်းကိုဖုန်းမချပဲခေတ်တခဏဆိုင်ငံ့ထား၍ရပါသည်။ ပထမဖုန်းကိုခေတ်တခဏဆိုင်းငံ့ထားသည့်အချိန်ကာလအတွက်အကျုံးဝင်သည့်ဈေးနှုန်းအတိုင်းသာဖုန်းခေါ်ဆိုခကောက်ခံခြင်းရှိပါမည်။ ယင်းဝန်ဆောင်မှုအတွက်မှတ်ပုံတင်ရန်မလိုပါ။တယ်လီနောမှထပ်ဆောင်းပေးသောဝန်ဆောင်မှုဖြစ်သည်။ သို့သော်ဤဝန်ဆောင်မှုကိုအသုံးပြုနိုင်ခြင်းရှိ၊မရှိဆိုသည်မှာသင်၏မိုဘိုင်းဖုန်းပေါ်တွင်လည်းမူတည်သည်။

Conference call

အများဆုံးလူ၅ယောက်သို့မဟုတ်နံပါတ်၅လုံးတစ်ပြိုင်နက်ပြောဆိုဆက်သွယ်နိုင်မည့် Conference Call စနစ်သည် တယ်လီနောမှထပ်ဆောင်းပေးသောဝန်ဆောင်မှုဖြစ်သည်။ Conference Call တွင်ပါဝင်သောဖုန်းခေါ်ဆိုမှုတိုင်းအတွတ်ဖုန်းခေါ်ဆိုခပေးဆောင်ရမည်။Conference Call စနစ်ကိုပြည်တွင်း၌သာအသုံးပြုနိုင်ပါသည်။ ယင်းဝန်ဆောင်မှုအတွက်မှတ်ပုံတင်ရန်မလိုပါ၊ သို့သော်ဤဝန်ဆောင်မှုကိုအသုံးပြုနိုင်ခြင်းရှိ၊မရှိဆိုသည်မှာသင်၏မိုဘိုင်းဖုန်းပေါ်တွင်လည်းမူတည်သည်။

Call divert

Call divert ဆိုသည်မှာအဝင်ဖုန်းခေါ်ဆိုမှုများကိုပြန်လည်ဖြေကြားရန်မလိုပဲ voicemail (အသေးစိတ်အချက်အလက်များကို VAS Voicemail တွင်ဖတ်ပါ) သို့လွှဲပြောင်းခြင်းဖြစ်သည်။ အဝင်ဖုန်းခေါ်ဆိုမှုများလွှဲပြောင်းခြင်းအတွတ်ကျသင့်ငွေကိုပေးဆောင်ရမည်။တယ်လီနောမှထပ်ဆောင်းပေးသောဝန်ဆောင်မှုဖြစ်သည်။ သို့သော်ဤဝန်ဆောင်မှုကိုအသုံးပြုနိုင်ခြင်းရှိ၊ မရှိဆိုသည်မှာသင်၏မိုဘိုင်းဖုန်းပေါ်တွင်လည်းမူတည်သည်။

Call forwarding

all forwarding ဆိုသည်မှာအဝင်ဖုန်းခေါ်ဆိုမှုများကိုအခြားဖုန်းနံပါတ်သို့လွှဲပြောင်းခြင်းဖြစ်သည်။ အဝင်ဖုန်းခေါ်ဆိုမှုများလွှဲပြောင်းခြင်းအတွတ်ဖုန်းခေါ်ဆိုသည့်အတိုင်းကျသင့်ငွေကိုပေးဆောင်ရမည်။ ယင်းဝန်ဆောင်မှုအတွက်မှတ်ပုံတင်ရန်မလိုပါ၊တယ်လီနောမှထပ်ဆောင်းပေးသောဝန်ဆောင်မှုဖြစ်သည်။ သို့သော်ဤဝန်ဆောင်မှုကိုအသုံးပြုနိုင်ခြင်းရှိ၊မရှိဆိုသည်မှာသင်၏မိုဘိုင်းဖုန်းပေါ်တွင်လည်းမူတည်သည်။

Message ပေးပို့ခြင်း

SMS

SMS တစ်စောင်တွင်ရေးသားပေးပို့နိုင်သော စာလုံးရေမှာအင်္ဂလိပ်စာလုံးရေ၁၆၀ဖြစ်ပြီး မြန်မာဘာသာဆိုပါကစာလုံးရေ ၇၀လောက်သာဝင်နိုင်သည်။ ဘာသာစကားရွေးချယ်နိုင်မှုသည် သင်၏မိုဘိုင်းဖုန်းပေါ်တွင် လည်းမူတည်သည်။ SMS တစ်စောင်တွင်အင်္ဂလိပ် စာလုံးရေ၁၆၀/မြန်မာစာလုံးရေ၇၀ကျော်ပါက SMS နောက်တစ်စောင်အနေနှင့် ကောက်ခံမည်ဖြစ်သည်။ တယ်လီနော၏ SMS အား ATOM SMS Center (SMSC) မှတဆင့်ပေးပို့ခြင်းဖြစ်သည်။SMSC နံပါတ်မှာ +၉၅၉၇၉၀ဝဝဝဝ၆၀ဝ ဖြစ်ပြီး၊ တယ်လီနော၏ဆင်းကတ်အား ဟန်းဆက်တွင်ထည့်သွင်းအသုံးပြုပါက အဆိုပါနံပါတ်အား အလိုအလျောက် ထည့်သွင်းမည်ဖြစ်ပါသည်။ သုံးစွဲသူအနေဖြင့် SMSC နံပါတ်အားပြောင်းလဲမိပါက၊SMSဝန်ဆောင်မှုကို အသုံးပြုနိုင်မည်မဟုတ်ပါ။

MMS

MMS (multimedia message) ပေးပို့ရာတွင် စာသား၊ အသံဖိုင် ၊ရုပ်ပုံ အစရှိသည်တို့ကိုပါ ပေးပို့နိုင်သည်။ ဖိုင်အရွယ်/ပမာဏမှာ 500KB အများဆုံးဖြစ်သည်။ ဤဝန်ဆောင်မှုကို မြန်မာပြည်တွင်း၌သာ အသုံးပြုနိုင်သည်။ MMSကိုရရှိနိုင်ခြင်း၊ မရရှိနိုင်ခြင်းမှာ လက်ခံသူ၏ မိုဘိုင်းဖုန်းနှင့် ကွန်ရက်ချိတ်ဆက်နိုင်မှုတွင် လည်းမူတည်သည်။

အင်တာနက်ဝန်ဆောင်မှုများ

အမှန်တကယ်သုံးစွဲသောပမာဏအတွက်သာပေးရသောအင်တာနက်ဝန်ဆောင်မှု

အင်တာနက်အသုံးပြုရန်အတွက် လျှောက်ထားရန်မလိုပဲ သင်၏ဆင်းကတ်ဖြင့် တိုက်ရိုက်ဖွင့်လှစ်အသုံးပြုနိုင်သည်။ အင်တာနက်သုံးစွဲခများကို အမှန်တကယ်အသုံးပြုသောပမာဏ (volume based) အတိုင်းကောက်ခံပြီး သက်မှတ်ထားသည့်အတိုင်း 100KB တစ်ခါနှင့်ယင်း၏အနီးဆုံးကို ယူ၍ တွက်ချက်ကောက်ခံပါမည်။ အင်တာနက်ဝန်ဆောင်မှုအား ရပ်စဲလိုပါက ဖုန်းနံပါတ်၅၀ဝသို့ "internet off" ဟု SMS ပေးပို့နိုင်ပြီး ပြန်လည်သုံးစွဲလိုပါက ဖုန်းနံပါတ်၅၀ဝသို့ "internet on" ဟု SMS ပေးပို့နိုင်သည်။ မှတ်ချက်။ ဝန်ဆောင်မှုစတင်သက်ရောက်စေရန် သင်၏ဖုန်းအား ပိတ်ပြီးပြန်ဖွင့်ပါ။

Smart အင်တာနက်

တယ်လီနော၏အင်တာနက်မြန်နှုန်း 2 mbps နှင့်အထက်ရှိသော Smart Internet စနစ်ကိုမှတ်ပုံတင်လိုပါကဖုန်းနံပါတ်၅၀ဝသို့ "smart" ဟု SMS ပေးပို့နိုင်သည်။

အင်တာနက်မြန်နှုန်း

သတိပြုရန်မှာ အင်တာနက်မြန်နှုန်းသည် တယ်လီနောကွန်ရက်အား သုံးစွဲသူအရေအတွက်၊ မိုဘိုင်းတာဝါတိုင်များ၏အကွာအဝေး၊ အသုံးပြုသူ၏ မိုဘိုင်းဖုန်းနှင့် ကွန်ရက်ချိတ်ဆက်နိုင်မှု အစရှိသည်တို့ပေါ်တွင် လည်းများစွာမူတည်ရာ တယ်လီနောအနေဖြင့် အင်တာနက်မြန်နှုန်းအတိအကျမရရှိခြင်းအတွက် တာဝန်မယူပါ။ တယ်လီနော၏ အင်တာနက်ဝန်ဆောင်မှုမှာ 2G နှင့် 3G အင်တာနက်ဝန်ဆောင်မှုဖြစ်ပြီး၊ သုံးစွဲသူအနေဖြင့် 2G ကွန်ရက်သာရရှိသာ နေရာတွင်အသုံးပြုပါက 2G အင်တာနက်မြန်နှုန်းသာ အမြင့်ဆုံးရရှိမည်ဖြစ်ပါသည်။ အင်တာနက်၊ peer to peer နှင့် VoIP ဝန်ဆောင်မှုကို အလွန်အမင်းအသုံးပြုခြင်း အင်တာနက်ဝန်ဆောင်မှုသည် သင့်ကိုယ်ပိုင်အသုံးပြုခွင့်သာဖြစ်ပြီး၊ တပါးသူထံပြန်လည်ငှားရမ်းခြင်း၊ ရောင်းချခြင်းတို့အားမပြုလုပ်ရပါ။ သင့်အသုံးပြုနှုန်းသည် အင်တာနက်ကို မြင့်မားများပြားစွာ သုံးစွဲသူများ၏ ပျှမ်းမျှသုံးစွဲနှုန်းထက်ပင်ကျော်လွန်နေပါက (ဥပမာ၊နေ့စဉ် 1 GB) သင့်လိုင်းအား တယ်လီနောမှ ဖြတ်တောက်ခွင့်ရှိပါသည်။ သင့်အသုံးပြုမှုအား နည်းပညာပိုင်းလေ့လာရန်အတွက်မှတ်တမ်းတင်ထားခွင့်ရှိသည်။ ဥပဒေနှင့်မကိုက်ညီသော အချက်အလက်များ၊ အခြားစက်ပစ္စည်း တစ်ခုခုနှင့်တွဲသုံးသည့် tethering services များ၊ အင်တာနက် အခြေခံအသံဝန်ဆောင်မှု VoIP များ၊ အလွန်များပြားသည့် ဖိုင်ကူးပြောင်းမှုများသို့မဟုတ် FTP အသုံးပြုမှုများအား တယ်လီနောမှ ဖြတ်တောက်သွားပိုင်ခွင့်ရှိသည်။ တယ်လီနောမှ အချို့ဒေတာစီးဆင်းမှုများကို ကွန်ယက်ကြပ်တည်းမှုမဖြစ်စေရန် အလို့ငှာ ဖြတ်တောက်ခြင်း သို့မဟုတ် စီးဆင်းမှုနှုန်း နှေးကွေးသွားစေရန် အတွက် လုပ်ဆောင်ပိုင်ခွင့်ရှိသည်။

အင်တာနက်ဝန်ဆောင်မှုအစီအစဉ်များ (Internet Packs)

အင်တာနက်ဝန်ဆောင်မှု အစီအစဉ်ကို ဝယ်ယူအသုံးပြုပါက ဖော်ပြထားသောသက်တမ်း မကုန်ခင်အသုံးပြုရန်နှင့် သုံးစွဲရန်သက်တမ်းကုန်ပြီးပါက သင့်အကောင့်တွင် လက်ကျန်ငွေ/လက်ကျန်ယူနစ် ကျန်ရှိနေသေးသော်လည်း သက်တမ်းကု န်ပြီး ဖြစ်သောကြောင့် သုံးစွဲ၍မရနိုင်တော့သလို၊ ငွေလည်းပြန်အမ်းမည်မဟုတ်ပါ။ ယူနစ်ကုန်သွား၍ဖြစ်စေ၊ သုံးစွဲရန်သက်တမ်းကုန်၍ဖြစ်စေ သင်၏အင်တာနက်အသုံးပြုမှု ကိုပုံမှန် PAYG စနစ်ဖြင့်ကောက်ခံပါမည်။ ဝန်ဆောင်မှုမှာ အလိုအလျှောက်သက်တမ်းတိုးသည့်ပုံစံဖြစ်ပါက အလိုအလျှောက်သက်တမ်းတိုးသွားမည်ဖြစ်ပြီး၊ သက်တမ်းတိုးရန်နှင့် သက်တမ်းတိုးပြီးသောအခါတွင် လည်းကြိုတင်အသိပေးချက်ကို လက်ခံရရှိပါမည်။ Internet Pack များသည် တစ်ခုနှင့်တစ်ခုမတူညီသော မြန်နှုန်းများရှိနိုင်ကြောင်း သိစေလိုပါသည်။ မှတ်ချက်။ မြန်နှုန်းတူသော pack (၂ )ခုကိုဝယ်ယူသုံးစွဲပါက ယူနစ်များပေါင်းသွားပြီး မြန်နှုန်းမတူသော pack (၂)ခုကိုဝယ်ယူသုံးစွဲပါက ၏သုံးစွဲသူများအနေဖြင့်မြန်နှုန်းမြင့်သော packကိုသာပိုမိုနှစ်သက်သုံးစွဲသောကြောင့် မြန်နှုန်းနိမ့်သောpack၏ သက်တမ်းသည် မြန်နှုန်းမြင့်သောpack ကိုသုံးစွဲလျက်ရှိသောကာလတွင်ပင် သက်တမ်းကုန်ဆုံးသွားနိုင်ပါသည်။

URL အခြေခံ Packများ

URL အခြေခံ pack များသည်သတ်မှတ်ထားသောမိုဘိုင်း app သို့မဟုတ်သတ်မှတ်ထားသော URL လိပ်စာမှတဆင့်ဒေတာကို အသုံးပြုနိုင်သည်၊ဥပမာ Facebook pack အားသတ်မှတ်ထားသောသုံးစွဲနိုင်သည့်ပမာဏအားသတ်မှတ်ထားသောအချိန်အတိုင်းအတာတစ်ခုအတွင်းသုံးစွဲနိုင်သည်။

အင်တာနက်ဆက်တင်

တယ်လီနော၏အင်တာနက်ကိုအသုံးပြုရန်မှန်ကန်သော အင်တာနက်ဆက်တင်ကိုသင်၏မိုဘိုင်းဖုန်းတွင်ထည့်သွင်းရမည်။ အသုံးပြုသည့်မိုဘိုင်းဖုန်းအပေါ်မူတည်၍သုံးစွဲသူများသည်အင်တာနက် setting ကိုအလိုအလျှောက်ရရှိနိုင်မည်။အကယ်၍အလိုအလျှာက်မရရှိနိုင်ခဲ့လျင် setting မည်သို့ပြုလုပ်ရမည်ကိုတယ်လီနောမှ SMS ပေးပို့၍ညွန်ကြားပေးပါမည်။ APN Setting မှာ "internet" ဖြစ်သည်။

WAP

WAP အသုံးပြုမှုကိုသတ်မှတ်ထားသောအင်တာနက်အသုံးပြုခအတိုင်းကောက်ခံမည်။ WAP နှင့် Internet အသုံးပြုခသည်တူညီမည်။

အပြည်ပြည်ဆိုင်ရာဖုန်းခေါ်ဆိုမှုများအတွက်ဝန်ဆောင်မှု

အပြည်ပြည်ဆိုင်ရာဖုန်းခေါ်ဆိုမှုနှင့် SMS

တယ်လီနောအသုံးပြုသူများအနေနှင့်နိုင်ငံတကာသို့ SMS ပေးပို့ခြင်း၊ဖုန်းခေါ်ဆိုခြင်းတို့ပြုလုပ်နိုင်သည်။ခေါ်ဆိုခများကိုနိုင်ငံအလိုက်သတ်မှတ်ထားပြီး (၂၀) စက္ကန့်တခါသို့မဟုတ်ယင်းနှင့်အနီးဆုံးကိုယူ၍တွက်ချက်ကောက်ခံပါမည်။ တယ်လီနောမှခေါ်ဆိုခများကို ပြောင်းလဲသက်မှတ်နိုင်ပြီးအပြောင်းအလဲရှိသော ဈေးနှုန်းများကိုတယ်လီနော website www.atom.com.mm တွင်ဖော်ပြသွားပါမည်။

အပြည်ပြည်ဆိုင်ရာခေါ်ဆိုမှုများကိုဖွင့်ခြင်း၊ပိတ်ခြင်း

ပြည်ပသို့ဖုန်းခေါ်ဆိုမှုများမပြုလုပ်လိုပါကCall Centerသို့ဖုန်းဆက်၍ပိတ်ခိုင်းနိုင်သည်။သို့သော် ID စစ်ဆေးရာတွင်မပြည့်စုံပါကတောင်းဆိုချက်ကိုတယ်လီနောမှငြင်းပယ်နိုင်သည်။ SMS ကိုအစောင်ရေဖြင့်ကောက်ခံခြင်းဖြစ်ပြီးပေးပို့မှုမအောင်မြင်သော SMS များအတွက်တယ်လီနောမှတာဝန်ယူမည်မဟုတ်ပါ။ သုံးစွဲသူအနေဖြင့်ပြည်ပမှပေးပို့သော SMS- ဥပမာအကြွေးဝယ်ခွင့်ဘဏ်ကဒ်ဆိုင်ရာများသို့မဟုတ် app အတည်ပြုချက်ဆိုင်ရာများကိုလက်ခံရရှိနိုင်သည်။

အတည်ပြုချက်ပေးပို့သောအဖွဲ့အစည်းများသည်တယ်လီနောနှင့်သဘောတူညီမှုရှိမှသာတယ်လီနောကွန်ရက်သို့ SMS ပေးပို့နိုင်သည်။

International Roaming

International roaming သည် အသင့်ပါဝင်သော ဝန်ဆောင်မှုဖြစ်သည်။ ဖုန်းခေါ်ဆိုခများကို နိုင်ငံအလိုက် သတ်မှတ်ထားသည့်အတိုင်း ကောက်ခံသွားပါမည်။ ဖုန်းခေါ်ဆိုခများကို သက်မှတ်ထားသည့်အတိုင်း (၂၀) စက္ကန့် ခြားတစ်ခါသို့မဟုတ်ယင်းနှင့် အနီးဆုံးကိုယူ၍ တွက်ချက်ကောက်ခံပါမည်။ တယ်လီနောမှသင်၏ roaming အသုံးပြုခွင့်ရှိ၊ မရှိကိုဆုံးဖြတ်နိုင်သည်။ တယ်လီနောမှကြိုတင် ငွေဖြည့်ဖုန်း ဝန်ဆောင်မှုစနစ်ဖြင့် ကမ်းလှမ်းရောင်းချသော International Roaming ဝန်ဆောင်မှုကိုရယူနိုင်ရန် သင့်အနေဖြင့် သက်တမ်းရှိနေသော နိုင်ငံကူးလက်မှတ်ကိုတင်ပြရမည်။ သင့်အားတယ်လီနောမှ International Roaming နှင့်/သို့မဟုတ် International Direct Dialing ဝန်ဆောင်မှုတွင် အများဆုံးအသုံးပြုနိုင်မည့်ပမာဏကို သတ်မှတ်ပေးနိုင်သည်။ သင့်အနေဖြင့် ပိုမိုများပြားသောပမာဏကို တိုးမြှင့်ရန်တောင်းဆိုပိုင်ခွင့်ရှိပြီး၊ တယ်လီနော မှသတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီပါကခွင့်ပြုနိုင်သည်။ သင့်အနေနှင့်ဆင်းကတ် ပျောက်ဆုံးပျက်စီးခဲ့ပါလျှင်၂၄နာရီအတွင်းအကြောင်းကြားပါရန်နှင့် အကြောင်းကြားရန်ပျက်ကွက်ခဲ့ပါက ထိုကာလအတွင်းပေါ်ပေါက်သည့် ကျသင့်သောစရိတ်များ အားလုံးအတွက် သင်၏တာဝန်သာဖြစ်သည်။ သင်သည်တယ်လီနော၏ စည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီသောသုံးစွဲမှုများရှိပါက တယ်လီနောအနေနှင့် အထွက်ခေါ်ဆိုမှုများကိုပိတ်ခွင့်ရှိသည်။ သင်အနေနှင့် international roamingဝန်ဆောင်မှုကို ပိတ်လိုပါက ၉၇၉သို့ဖုန်းဆက်၍ ပိတ်ခိုင်းနိုင်သည်။ သို့သော်အထောက်အထား(ID)ကို စစ်ဆေးရာတွင်မခိုင်လုံခြင်း၊ မပြည့်စုံခြင်းများတွေ့ရှိရပါက ယင်းကဲ့သို့တောင်းဆိုချက်ကို တယ်လီနောမှငြင်းပယ်နိုင်သည်။

နိုင်ငံခြားမှတဆင့်လက်ကျန်ငွေများလွှဲပြောင်းပေးခြင်း

တယ်လီနောသုံးစွဲသူများသည်မြန်မာပြည်တွင်းမှမဟုတ်သောအခြားမိုဘိုင်းကွန်ရက်များကိုသုံးစွဲသူများမှလွှဲပြောင်းပေးသော airtime ကိုလက်ခံရရှိနိုင်သည်။ လွှဲပြောင်းပေးနိုင်သည့် operatorများ၏စာရင်းကိုသတ်မှတ်ကန့်သတ်ထားခြင်းမရှိပါ။ တယ်လီနောသုံးစွဲသူများသည် airtimeကိုသာလက်ခံနိုင်ပြီး၊အခြားတိုင်းပြည်ရှိဖုန်းများထံသို့လွှဲပြောင်း၍မရနိုင်ပါ။ မူလ Airtime လွှဲပြောင်းပေးပို့သူအားသတ်မှတ်ထားသောအတိုင်းအတာရှိသော Airtime ပမာဏများကိုကမ်းလှမ်း၍ထိုသို့ပေးပို့ခြင်းအတွက်ပေးပို့သောဒေသရှိအော်ပရေတာ၏သတ်မှတ်နှုန်းထားများနှင့်အညီလွှဲပြောင်းခကိုပေးပို့သူမှကျခံရမည်။ ပေးပို့သူမှနံပါတ်မှားပို့ခဲ့လျှင်တယ်လီနောမှတာဝန်ယူမည်မဟုတ်သကဲ့သို့ပြန်အမ်းပေးမည်လည်းမဟုတ်ပါ။တယ်လီနောမှ airtime လက်ခံခြင်းအတွက်သုံးစွဲသူများကိုအခကြေးငွေကောက်ခံမည်မဟုတ်ပါ။ လက်ခံရရှိသော airtime ကိုသုံးစွဲသူမှငွေသားအဖြစ်လဲလှယ်ခွင့်မရှိပါ။

ရရှိနိုင်သောအထူးဝန်ဆောင်မှုများ (VAS)

SMS-based Services
SMS အခြေခံသတင်းအချက်အလက်ဝန်ဆောင်မှုများ

Content ( ဥပမာ။သတင်းများသို့မဟုတ်နောက်ဆုံးရအားကစားသတင်များ) များအား sms ဖြင့်ပေးပို့သောဝန်ဆောင်မှုများသည် SMSကိုအခြေခံသောဝန်ဆောင်မှုများဖြစ်သည်။ တစ်နှစ်စာ ၀န်ဆောင်မှုရယူထားသော VAS ၀န်ဆောင်မှုများအတွက် ၀န်ဆောင်မှု သုံးစွဲခကို သင်၏ ပင်မလက်ကျန်ငွေမှ ဖြတ်တောက်ရန်သဘောတူပါသည်။ ၀န်ဆောင်မှုကို ပယ်ဖျက်လိုပါက *979*3*2# သို့တိုက်ရိုက်ခေါ်ဆိုပြီး ၀န်ဆောင်မှုကို အချိန်မရွေး အခမဲ့ဖျက်သိမ်းနိုင်ပါသည်။ ဤဝန်ဆောင်မှုများ၏ content များအတွက်ကျွန်ပ်တို့တွင်တာဝန်မရှိပါ။ SMS တွင်ပါဝင်သည့်အကြောင်းအရာများကို တယ်လီနောမှပေးပို့ခြင်းမဟုတ်ပဲ တယ်လီနောနှင့်သဘောတူညီမှုယူထားသောသီးခြားအဖွဲ့အစည်းမှ ပေးပို့ခြင်းဖြစ်သည်။ SMSတွင်ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ content provider တွင်သာတစ်ဦးတည်းသီးသန့်တာဝန်ရှိသည်။ SMS ကိုအခြေခံသောဝန်ဆောင်မှုများကိုသုံးစွဲသူများ အားကြိုတင်အသိမပေးပဲ တယ်လီနောမြန်မာလီမိတက်မှ ယာယီပိတ်ထားနိုင်ခွင့်ရှိသည်။ တယ်လီနောမှ SMSအခြေခံဝန်ဆောင်မှု သုံးစွဲသူများဆိုင်ရာ အချက်အလက်များ ကိုပိုမိုကောင်းမွန်သောဝန်ဆောင်မှုပေးရန် အတွက်သုံးစွဲပိုင်ခွင့်ရှိသည်။

Missed Call Alert

Missed Call Alert ဝန်ဆောင်မှုအသုံးပြုလိုပါက မှတ်ပုံတင်ရန်လိုအပ်ပြီး ကျသင့်သောငွေကို သင့်၏ပင်မလက်ကျန်ငွေမှ ကြိုတင်ပေးရမည်။ ၀န်ဆောင်ခ ပေးဆောင်ရန် မလိုပါ။ Missed Call Alert နှင့် Voice Mail ဝန်ဆောင်မှုကိုတစ်ချိန်တည်းအသုံးမပြုနိုင်ပါ။ သင်နိုင်ငံခြားသို့ရောက်ရှိနေချိန်တွင် Missed Call Alert ဝန်ဆောင်မှုမှာ သင်ချိတ်ဆက်ထားသော ကွန်ရက်ပေါ်မူတည်၍ အသုံးပြုရခြင်း၊ မရခြင်းရှိနိုင်သည်။

ATOM Mobile Portal

ATOM Mobile portal တွင် wallpaper, animation, themes, ringtones, full track mp3 songs, video clips, news, entertainment, information contents, games, apps များကို သက်မှတ်ထားသောနှုန်းထားများနှင့် ဝယ်ယူရရှိနိုင်သည်။ တစ်နှစ်စာ ၀န်ဆောင်မှု ရယူထားသော VAS ၀န်ဆောင်မှုများအတွက် ၀န်ဆောင်မှု သုံးစွဲခကို သင်၏ ပင်မလက်ကျန်ငွေမှ ဖြတ်တောက်ရန်သဘောတူပါသည်။ ၀န်ဆောင်မှုကို ပယ်ဖျက်လိုပါက *979*3*2# သို့တိုက်ရိုက်ခေါ်ဆိုပြီး ၀န်ဆောင်မှုကို အချိန်မရွေး အခမဲ့ဖျက်သိမ်းနိုင်ပါသည်။ATOM Mobile portal ရှိဝန်ဆောင်မှုများကို အသုံးပြုသူသည် portal ၏ သတ်မှတ်ချက်များကို သိရှိပြီးဖြစ်သည်ဟုယူဆကာ portal တွင်သင်၏လုပ်ဆောင်ချက်များ အတွက်သင်ကိုယ်တိုင်တွင် တာဝန်ရှိသည်။ တယ်လီနောမှ သုံးစွဲသူများအား ကြိုတင်အသိမပေးပဲ portal ရှိဝန်ဆောင်မှုများကို အပြောင်းအလဲလုပ်ခွင့်ရှိသည်။ အချို့သော content အမျိုးအစားများကို လက်ခံရယူသုံးစွဲခြင်း ပြုရန်ဆော့ဖ်ဝဲမှစွမ်းဆောင်ထောက်ပံ့ပေးနိုင်ခြင်း မရှိသောစက် ပစ္စည်း ကိရိယာအသုံးအဆောင်များအတွက် ကျွနုပ်တို့တွင် တာဝန်မရှိပါ။ ဤကဲ့သို့ ကိစ္စ ရပ်များတွင်content များကို သင့်ထံသို့ပေးပို့ခြင်း ဆိုင်ရာများအတွက် ကျွန်ပ်တို့တွင် တာဝန်မရှိပါသဖြင့် ကောက်ခံထားသော အဖိုးအခများကို လည်းပြန်အမ်းပေးမည် မဟုတ်ပါ။ content providerများမှပေးပို့သော content အရင်းအမြစ်များအတွက် ဥဏပစ္စည်း မှုပိုင်ခွင့်(IP) ဆိုင်ရာများနှင့် စပ်လျှင်း၍ ကျွန်ပ်တို့တွင် တာဝန်တစ်စုံတစ်ရာမရှိသကဲ့သို့ ထိုအရင်းအမြစ်များအတွက် တယ်လီနောမှ မည်သည့်ပေးရန်တာဝန်မှမရှိပါ။ တယ်လီနောမှ portal တွင်ကြော်ငြာများထည့်သွင်း ဖော်ပြခွင့်ရှိသည်။ တယ်လီနောမှ portal သုံးစွဲသူ၏ အချက်အလက်များကို စုဆောင်း၍ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုပေးရန် အတွက်သုံးစွဲပိုင်ခွင့်ရှိသည်

Co-branded Opera Mini

Opera Mini အားသုံးပြုရန်သင့်တွင်အင်တာနက်သုံးစွဲရန်ယူနစ် (သို့) PAYG စနစ်အသုံးပြုရန်လက်ကျန်ငွေရှိရမည်။ အင်တာနက်သုံးစွဲမှုအတွက်သက်မှတ်ထားသောကျသင့်ငွေကိုပေးဆောင်ရပါမည်။ မည်သို့သောအထူးပြုပြင်ဆင်ပြုလုပ်ခြင်းများကြောင့်မဆိုပေါ်ပေါက်သောချို့ယွင်းပျက်စီးမှုများအတွက်တယ်လီနောမြန်မာလီမိတက်သို့မဟုတ် Opera Mini တွင်တာဝန်မရှိပါ။ Opera Mini app သည် video file များအတွက်အထောက်အပံ့မပေးသည့်အတွတ်သင်၏မိုဘိုင်းတွင် media player ရှိမှသာ Opera Mini app ကိုအသုံးပြု၍ video ကြည့်နိုင်မည်။သင်အနေနှင့် Opera Software ၏သုံးစွဲသူလိုက်နာရန်အချက်များကိုသဘောတူလက်ခံရမည်။

Voicemail Service

Voicemail ဝန်ဆောင်မှုအသုံးပြုလိုပါက မှတ်ပုံတင်ရန်လိုအပ်ပြီး ကျသင့်သောငွေကို သင့်၏ပင်မလက်ကျန်ငွေမှကြိုတင်ပေးရမည်။ voicemail message ထဲရောက်သွားသော အဝင်ခေါ်ဆိုမှုများအတွက် ဖုန်းခပေးဆောင်ရန်မလိုပဲ IV အသုံးပြု၍ voicemail message များကိုနားထောင်ခြင်းနှင့် နှုတ်ခွန်းဆက် message ထားခြင်းများအတွက် သာ၁မိနစ်သို့မဟုတ် ယင်းနှင့်အနီးဆုံးယူ၍ တွက်ချက်ကောက်ခံသော ဖုန်းအသုံးပြုခကိုပေးရပါမည်။ ဝန်ဆောင်မှု၏ သက်တမ်းမှာ အလိုအလျှောက် တိုးသွားမည်ဖြစ်ပြီး သက်တမ်းတိုးရန်နှင့် သက်တမ်းတိုးပြီးသောအခါများတွင် ကြိုတင်အသိပေးချက်လက်ခံရရှိမည်။ Missed Call Alert နှင့် Voice Mail ဝန်ဆောင်မှုကိုတစ်ချိန်တည်းအသုံးမပြုနိုင်ပါ။ Voicemail inbox တွင် message အစောင်၁၀ဝသာ အများဆုံးသိမ်းထားနိုင်ပြီး ၁၀ဝကျော်ပါက message အဟောင်းများကို ဖျက်ပစ်ပါမည်။ သင်နိုင်ငံခြားသို့ ရောက်ရှိနေချိန်တွင် Voicemail ဝန်ဆောင်မှုမှာ သင်ချိတ်ဆက်ထားသော ကွန်ရက်ပေါ်မူတည်၍ အလုပ်လုပ်ခြင်း/မလုပ်ခြင်းတို့ဖြစ်နိုင်သည်။

တယ်လီနောမြန်မာ၏ဆင်းကတ်သုံးစွဲသူများအချင်းချင်းလက်ကျန်ငွေလွှဲပြောင်းခြင်း

အကယ်၍ သင်သည်လက်ကျန်ငွေကို လွဲပြောင်းပေးသူဖြစ်ပါက လက်ကျန်ငွေလွှဲပြောင်းခြင်း အတွက် လွဲပြောင်းသည့် ပမာဏအပြင် လွှဲပြောင်းခကိုပါ သင်၏ပင်မလက်ကျန်ငွေမှ ဖြတ်ယူထားမည်။ လက်ကျန်ငွေလွှဲပြောင်းခြင်းကို ပြည်တွင်း (သို့) ပြည်ပတွင်ရောက်ရှိနေချိန်တွင် လည်းလုပ်ဆောင်နိုင်သည်။ လက်ကျန် ငွေလွှဲပြောင်းရာတွင် ဥပဒေနှင့်ကိုက်ညီသော ရည်ရွယ်ချက်များအတွက် သာပြုလုပ်သုံးစွဲရန် သင်သဘောတူညီပြီးဖြစ်သည်။ ဝန်ဆောင်မှုပုံစံ၊ အဖိုးအခဆိုင်ရာ၊ ဝန်ဆောင်မှုကိုဝင်ရောက်ရယူမည့် channel ဆိုင်ရာများနှင့်စပ်လျဉ်း၍ မည်သည့်အချိန်တွင်မဆိုကြိုတင် အသိမပေးဘဲ ပြောင်းလဲသတ်မှတ်ပိုင်ခွင့် ကျွန်ပ်တို့တွင်ရှိသည်။ လက်ကျန်ငွေ လွှဲပြောင်းခြင်းကိုသုံး၍ လွှဲပြောင်းခြင်းပြုနိုင်သောအများဆုံးနှင့် အနည်းဆုံးပမာဏကို သတ်မှတ်ထားရှိသည်။ ကာလတစ်ခုအတွင်း သင်၏လက်ကျန်ငွေလွှဲပြောင်းခြင်း ပြုလုပ်လိုသော ပမာဏသို့မဟုတ် အမှန်တကယ်လွှဲပြောင်းသည့် ပမာဏအပေါ်တွင် သတ်မှတ်ကန့်သတ်နိုင်ခွင့် ကျွန်ပ်တို့တွင်ရှိသည်။ လက်ကျန်ငွေလွှဲပြောင်းရာတွင် တယ်လီနောနံပါတ်ခြင်း သာလွှဲပြောင်းနိုင်သည်။

အခြားသူတစ်ဦးအားသင့်တွင် လက်ကျန်ငွေမရှိတော့ပါက သင့်အားပြန်ခေါ်ရန်

SMS ပေးပို့ခြင်းဖြစ်သည်။ဤဝန်ဆောင်မှုအားတစ်ရက်၊တစ်ပတ်၊ တစ်လအတွင်းသက်မှတ်ထားသော အကန့်အသတ်ထက် ကျော်လွန်အသုံးပြုပါက တယ်လီနောမှဝန်ဆောင်မှုကို ပိတ်ခွင့်ရှိသည်။ Call Me Back ဝန်ဆောင်မှုကိုအသုံးပြုရာတွင် ဥပဒေနှင့်ညီညွတ်သောရည်ရွယ်ချက်များ အတွက်သာသုံးစွဲရန် သင်သဘောတူညီပြီးဖြစ်သည်။ Call Me Back ဝန်ဆောင်မှုအတွက် အခကြေးငွေပေးရန်မလိုပဲ သင့်အားဖုန်းပြန်ခေါ်သည့်ဘက်က သာသက်ဆိုင်ရာဖုန်းအော်ပရေတာနှင့် သဘောတူထားသည့်အတိုင်း ဖုန်းခေါ်ဆိုခပေးရပါမည်။ တယ်လီနောမြန်မာလီမိတက်မှဝန်ဆောင်မှုပုံစံ၊ ဝန်ဆောင်ခ ၊ ဝန်ဆောင်မှုကိုဝင်ရောက်ရယူနိုင်မည့် channel ဆိုင်ရာများနှင့် စပ်လျဉ်း၍သုံးစွဲသူအား ကြိုတင်အသိမပေးဘဲပြောင်းလဲနိုင်သည်။ Call Me Back Message လက်ခံရရှိသူမှဖုန်း ပြန်မခေါ်ခြင်း အတွက်သို့မဟုတ်ပေးပို့သည့် message ကိုအချိန်မီလက်ခံရရှိခြင်း၊ မရှိခြင်းဆိုသည့် ကိစ္စ ရပ်များအတွက် တယ်လီနောမြန်မာလီမိတက် တွင်တာဝန်မရှိပါ။ Call Me Back ဝန်ဆောင်မှုသည်

ဟန်းဆက်၊ဆင်းကတ်နှင့်ဆက်စပ်ပစ်စည်းများ (Device & Handset)

ဆင်းကတ်နှင့်ဟန်းဆက်တွဲဖက်ဝန်ဆောင်မှုအကျိုးခံစားခွင့်များ

တယ်လီနောမှရောင်းချသော မိုဘိုင်းဖုန်းများအတွက် ထပ်ဆောင်းအကျိုးခံစားခွင့်များရှိသည်။ အကျိုးခံစားခွင့်များကို သတ်မှတ်ထားသည့် ကာလအတွင်းသာခံစားခွင့်ရှိသည်။ တယ်လီနောဆင်းကတ်ကို တယ်လီနောမိုဘိုင်း ဖုန်းတွင်ထည့်သွင်း၍ အသုံးပြုချိန်မှစ၍ (၇၂)နာရီအတွင်း ထိုအကျိုးခံစားခွင့်များ စတင်သက်ရောက်မည်။ ကနဦးဆုံးဆင်းကတ်နှင့် မိုဘိုင်းအတွဲသာလျင် bundle benefits အကျိုးခံစားခွင့်များ ကိုရရှိရန်အကျုံးဝင်သည်။ အကျိုးခံစားခွင့်အတွက် "လ"အရေအတွက်ကို သတ်မှတ်ရေတွက်ရာတွင် ပြက္ခဒိန်လ အတိုင်း သတ်မှတ်ရေတွက်ခြင်းမဟုတ်ဘဲ၊ ဆင်းကတ်နှင့်မိုဘိုင်းဖုန်းကို ကနဦးဆုံးတွဲဖက်သည့်နေ့စွဲမှ စတင်၍ရေတွက်ခြင်းပြုရမည်။ ထပ်ဆောင်းရရှိသော ယူနစ်များကို နောက်လသို့ ဆက်လက်ယူဆောင်သွားခွင့်မရှိ။

ဝယ်ယူမှု၏နောက်ဆက်တွဲဝန်ဆောင်မှုများ

တယ်လီနောမှရောင်းချသောမိုဘိုင်းဖုန်းများအတွက်အာမခံပါရှိပြီးမိုဘိုင်းဖုန်းချို့ယွင်းမှုအတွက်ပြင်ဆင်ပေးသောဝန်ဆောင်မှုများရှိမည်။ အခြေအနေအပေါ်မူတည်၍သင့်ဖုန်းအားပြင်ဆင်ရန်သို့မဟုတ်အသစ်လဲလှယ်ပေးရန်တယ်လီနော၏ဖုန်းဝန်ဆောင်မှုပါတနာမှရွေးချယ်ခွင့်ရှိသည်။ အာမခံကတ်သည်မိုဘိုင်းဖုန်းထည့်ထားသောဘူးထဲတွင်ရှိပြီးအာမခံကတ်တွင်ပါဝင်သောသက်မှတ်ချက်များသာအကျုံးဝင်သည်။

လစဉ်ငွေပေးဝန်ဆောင်မှု

ဆင်းကတ် နှင့် ဖုန်းနံပါတ်

ကောင့်သက်တမ်း

လစဉ်ငွေပေးဝန်ဆောင်မှုစနစ်သုံး ဆင်းကတ်များ၏ ဝန်ဆောင်မှု ဆိုင်ရာသက်တမ်းမှာ ဝန်ဆောင်မှုသုံးစွဲသူများသည် မိမိတို့ ဆင်းကတ်ဖြင့ သုံးစွဲထားခဲ့သောဝန်ဆောင်မှုများအတွက် ကောက်ခံသောကျသင့သုံးစွဲခများကို ပုံမှန်ပေးချေခြင်း ရှိမရှိဆိုသည့် အပေါ်တွင်မှုတည်လျက်ရှိပါသည်။ လစဉ် သုံးစွဲခကောက်ခံလွှာကို နောက်ဆုံးရက် (လက်ရှိသတ်မှတ်ချက် )တွင် စည်းသတ်၍ ပြုလုပ် ထုတ်ပြန်ပေးခြင်းအားဖြင့ ကျသင့သုံးစွဲခကိုကောက်ခံသွားပါမည်။ သုံးစွဲခကောက်ခံလွှာကို ထုတ်ပေးပြီးသည်မှ (၂၁)ရက် အတွင်း အဆိုပါသုံးစွဲခများကို ပေးချေရပါမည်။ သုံးစွဲခများကို သတ်မှတ်ထားသည့ အတိုင်း(၂၁)ရက်အတွင်းပေးချေခြင်းမရှိခဲ့ပါက ကျွန်ပ်တို့ အနေဖြင့ နောက်ကျကြေး ကောက်ခံပိုင်ခွင့ရှိပါသည်။ နောက်တစ်လအတွက် သုံးစွဲခကောက်ခံလွှာ ထွက်ရှိလာသည့နေ့ ထိ တိုင် ယ်ခင်လမှ သုံးစွဲခများကိုပေးချေခြင်းမရှိသေးပါက အဝင်ဖုန်း၊ SMS စသည်တို့ကို လက်ခံရရှိနိုင်ပြီး၊ အထွက် ဖုန်းခေါ်ဆိုခြင်း၊ SMS ပို့ခြင်း၊ အင်တာနက်၊ VAS ဝန်ဆောင်မှု၊ roaming (ဆက်သွယ်ရေးဝန်ဆောင်မှုအတွက် ချိတ်ဆက်ထားသော ပြည်ပရှိ ဆက်သွယ်ရေးကွန်ရက်များမှတဆင့ ရယူအသုံးပြုခြင်း) အဝင်ခေါ်ဆိုမှု မှစ၍ ငွေကြေးတစ် စုံတစ် ရာကျသင့မည့ ဝန်ဆောင်မှုများကို အသုံးပြုခွင့ရရှိ မည်မဟုတ်ပါ။ အကယ်၍ သုံးစွဲခကို အဆိုပါသုံးစွဲခကောက်ခံလွှာစတင်ထုတ်ပေးခဲ့သည့နေ့ ရက်မှ ရက်ပေါင်း(၆၀)အတွင်း ပေးချေခြင်းမရှိပါက ပထမအဆင့တွင် သင့ဆင်းကတ်အား ယာယီ ပိတ်ထားမည်၊ ထိုသို့ ယာယီပိတ်ထားသည့ ကာလတွင် အဝင်ဖုန်း၊ အထွက်ဖုန်း၊ SMS အဝင်၊ အထွက် စသည်ဖြင့ မည်သည့ဖုန်းဝန်ဆောင်မှုကိုမှ ရရှိသုံးစွဲနိုင်လိမ့မည်မဟုတ်။ အဆိုပါ သုံးစွဲခတောင်းခံလွှဲစာအား ထုတ်ပေးခဲ့သည့်နေ့ ရက်မှ ရက်ပေါင်း(၉၀)အတွင်း ပေးချေခြင်းမပြုပါက သင့်ဆင်းကတ်နှင့် နံပါတ်အားအပြီးအပိုင်ပိတ်သိမ်းပစ်ပါမည်။ ယင်းပိတ်သိမ်းထားသောနံပါတ်အား တယ်လီနောမှ အခြားသူထံ ပြန်လည်ရောင်းချခွင့ရှိသည်။ ထိုသို့ ပိတ်သိမ်းခြင်းခံခဲ့ရသော သင်၏ဖုန်းနံပါတ်အား ပြန်လည်အသုံးပြုလိုပါက ကျွနုပ်တို့ ထံတွင် ပြန်လည်လျှောက်ထားနိုင်သည်၊ သို့ ရာတွင် အကယ်၍ တစုံတယောက်က သင်၏ဖုန်းနံပါတ်အား အသုံးပြုခွင့ လျှောက်ထား ရယူပြီးပါက အဆိုပါဖုန်းနံပါတ်အား ပြန်လည်ရရှိနိုင်တော့မည်မဟုတ်ပါ။

နံပါတ်လှနှင့်ပုံမှန်နံပါတ်များ

နံပါတ်လှနှင့် ပုံမှန်နံပါတ်များကို ကြိုတင်ငွေဖြည့်စနစ်သုံးဝန်ဆောင်မှုတွင်သာ ရရှိနိုင်သော်လည်း၊ ထိုနံပါတ်များကို လစဉ်ငွေပေးဝန်ဆောင်မှုစနစ်သို့ ပြောင်းလဲအသုံးပြုလိုပါက လစဉ်ငွေပေး ဝန်ဆောင်မှုစနစ် အတွက် သတ်မှတ်ထားသော စရန်ငွေ၊ အသုံးပြုခများ စသည်တို့ ကို ပေးဆောင်ခြင်းဖြင့် အချိန်မရွေး ပြောင်းလဲအသုံးပြုနိုင်ပါသည်

ငွေဖြည့်ခြင်း၊ လက်ကျန်ငွေနှင့် သုံးစွဲနိုင်မည့် ပမာဏသတ်မှတ်ချက်

ခရက်ဒစ်လက်ကျန်ငွေနှင့်အပိုဆောင်းရရှိသောအကျိုးခံစားခွင့်များစစ်ခြင်း

ခရက်ဒစ်လက်ကျန်ငွေကို *၁၂၄#ဖုန်းခေါ်ခလုပ် ကို ရိုက်နှိပ်၍လည်းကောင်း၊ လစဉ်ရရှိနိုင်သော သုံးစွဲခွင့်ပမာဏ အပါအဝင် အပိုဆောင်းရရှိသောအကျိုးခံစားခွင့်များ ကို *၁၂၄*၁#ဖုန်းခေါ်ခလုပ် ကို ရိုက်နှိပ်၍လည်းကောင်း စစ်ဆေးနိုင် သည်။ ထိုသို့ စစ်ဆေးမှုရလဒ်ကို USSD အနေနှင့် လည်းကောင်း၊ SMS အနေနှင့် လည်းကောင်း ရရှိနိုင်သည်။ အဆိုပါဝန်ဆောင်မှု နှစ်ခုစလုံးသည် ဆက်သွယ်မှုကွန်ရက်ရရှိမှုအပေါ် မူတည်နေသည်ကိုလည်း သတိပြုစေလို ပါသည်။ ဆက်သွယ်မှုပြင်ပရောက်ရှိနေချိန်တွင် မအောင်မြင်သော ကိစ်စရပ်များအတွက် တယ်လီနောမှ တာဝန်ယူမည်မဟုတ်ပါ။

လက်ကျန်ငွေ၏ပြားစွန်းများကို ဖေါ်ပြခြင်းမရှိဘဲ ကျပ်ပြည့်အထိသာဖေါ်ပြပေးပါမည်။ သို့ သော် ပြားစွန်းများကို စနစ်တွင်ထိန်းသိမ်းထားရှိပါသဖြင့် အသေးစိတ်သိရှိလိုပါက Call Center မှတဆင့် ဆက်သွယ် စုံစမ်း ရရှိနိုင်ပါသည်

အာမခံငွေ(စရန်ငွေ)ကောက်ခံခြင်း

လစဉ်ငွေပေးဝန်ဆောင်မှု ကို စတင်အသုံးပြုသည့်ရက် သို့ မဟုတ် ယင်းမတိုင်မီ တွင် အာမခံငွေ (စရန်ငွေ) ပေးဆောင် ထားရပါမည် ။ ကျွန်ုပ်တို့ ဝန်ဆောင်မှုအား အသုံးပြုမှုရပ်ဆိုင်းသည့်နေ့ တွင် သင်ပေးဆောင်ရန်ကျန်ရှိသော အသုံးပြုခကို အဆိုပါ အာမခံငွေ (စရန်ငွေ)မှ နှုတ်ယူထားပြီး၊ ကျန်ရှိသည့် ငွေပမာဏကိုသာ ပြန် အမ်းပေးပါမည်။ အာမခံငွေ(စရန်ငွေ) ကောက်ခံသည့်ပမာဏမှာ အခြေအနေနှင့် အချိန်အခါပေါ် မူတည် ၍ ပြောင်းလဲနိုင်ပါသည်။

လစဉ်သုံးစွဲနိုင်မည့် ပမာဏ သတ်မှတ်ချက် (Credit Limit)

သင်၏ လစဉ်ငွေပေးဝန်ဆောင်မှုစနစ်သုံး ဖုန်းနံပါတ်အား စတင်အသုံးပြုသည့်အချိန်မှစ၍ ခွင့်ပြုထားသည့် သတ်မှတ် ပမာဏ အတိုင်းအတာဖြင့်သာ ပြုလုပ် သုံးစွဲနိုင်မည်။ ဤသတ်မှတ်ပမာဏသည် သင့်အကောင့် ဆိုင်ရာ အခြေအနေများထဲမှ တစ်ခုဖြစ်၍ အကောင့်အပေါ်တွင်ခွင့်ပြုပေးထားသော သုံးစွဲနိုင်မည့်ပမာဏ၏ စုစုပေါင်းဖြစ်သဖြင့် ယင်းအတိုင်းသုံးစွဲသည့်အတွက် အပိုဆောင်းထပ်မံပေးဆောင်စရာ မလိုအပ် ပါ။ သင် သုံးစွဲသော ပမာဏသည် လစဉ် သုံးစွဲခွင့်ပေးထာသော သတ်မှတ် ပမာဏ (ခရက်ဒစ် )၏ ၈၀ရာခိုင်နှုန်း နှင့် ၉၀ရာခိုင်နှုန်း ဝန်းကျင် သို့ ရောက်ရှိပါက စာတို စနစ် (SMS)ဖြင့် အကြောင်းကြားပေးပါမည် ။ လစဉ် သုံးစွဲခွင့်ပြုသော သတ်မှတ် ပမာဏ (ခရက်ဒစ် )၏ ရာနှုန်းပြည့် ကို သုံးစွဲခကောက်ခံလွှာဲ ထုတ်ပြန်ပေးသည့် စည်းသတ်ရက် (လက်ရှိသတ်မှတ်ချက်အရ- လတစ်လ၏နောက်ဆုံးရက် )မတိုင်မီ သုံးစွဲ၍ကုန်ဆုံးသွားသောအခါ ယင်းလ၏ စွဲခကောက်ခံလွှဲစာထွက်ရှိသည် နေ့ ရက် အထိ ကျန်ရှိနေသော ကြားကာလများတွင် သင့်အနေဖြင့် အထွက် ဖုန်းခေါ်ဆိုခြင်း၊ SMS ပို့ခြင်း၊ အင်တာနက်၊ VAS ဝန်ဆောင် မှု ၊ roaming အစရှိသည့် ငွေကြေးတစ် စုံတစ် ရာကျသင့်မည့် ဝန်ဆောင်မှုများကို သုံးစွဲခြင်းပြုနိုင်မည်မဟုတ်ပါ။ သို့ သော် သင့်ထံတွင် အပိုထပ်ဆောင်းပေးထားသော အခမဲ့ဖုန်းခေါ်ဆိုခွင့်၊ အင်တာနက်အသုံးပြုခွင့် စသည့် အကျိုးခံစားခွင့်များ ကျန်ရှိနေသေးပါက အဆိုပါအပိုထပ်ဆောင်းရရှိသော အကျိုးခံစားခွင့်များကို အသုံးပြု၍ ဖုန်းခေါ်ဆိုခြင်း၊ အင်တာနက်အသုံးပြုခြင်းစသည့် ဝန်ဆောင်မှုများကို အသုံးပြုနိုင်မည် ။

ဖုန်းခေါ်ဆိုခြင်းနှင့် SMSပေးပို့ ခြင်း

အကျိုးခံစားခွင့် ယူနစ်များ

အကျိုးခံစားခွင့်ယူနစ်များတွင် ဖုန်းခေါ်ဆိုနိုင်ခွင့်မိနစ်များ၊ SMS အစောင်ရေများ နှင့် အင်တာနက် သုံးစွဲခွင့်ယူနစ်များ၊ အခြားဝန်ဆောင်မှုအသုံးပြုခွင့်များ စသည်တို့ ပါဝင်သည့် အပြင်ငွေကြေးတန်ဖိုးအသွင်ဖြင့်လည်း ပါဝင်နိုင်ပါသည်။ ဤတွင်ပါဝင်သော အကျိုး ခံစားခွင့်များကို သက်မှတ်ထားချက်များအတိုင်းသာ သုံးစွဲခြင်းပြုရန် တားမြစ် ကန့် သတ်ထားနိုင်သည်။ ဥပမာ၊ သင်ဝယ်ယူထားသော SMS အစောင်ရေများမှာ Onnet SMS ဖြစ်ခဲ့ပါက တယ်လီနော သုံးစွဲသူ (တယ်လီနောနံပါတ် ) အချင်းချင်းသာပေးပို့ နိုင်မည်။ အကျိုးခံစားခွင့် ယူနစ်များသင့်တွင်ရှိပါက သင်အသုံးပြုသည့် ဝန်ဆောင်မှုများကို သင်ရရှိထားသော အကျိုးခံစားခွင့်များထဲမှ ဦးစွာနှုတ်ယူ၍ ယင်းတို့ ကုန်ဆုံးသွားမှသာလျှင် သင့်အကောင့် ၏(ခရက်ဒစ် )ထဲမှ နှုတ်ယူ သွားမည်။ ဤအကျိုးခံစားခွင့်များ၏ သက်တမ်းကာလကို သတ်မှတ်ပေးထား သဖြင့် ယင်းကာလအတွင်းသာသုံးစွဲခွင့်ရရှိပြီး သုံးစွဲခကောက်ခံရန်သတ်မှတ်ထားသည့် ကာလတစ်ခု၏နောက်ပိုင်းတွင်သာ ခံစားခွင့်များကို အသစ်တစ်ဖန် ရရှိနိုင်လိမ့်မည် ။ သတ်မှတ်ထားသော သက်တမ်းကို ကျော်လွန် ၍ကျန်ရှိနေသော မည်သည့် အကျိုးခံစားခွင့် ကို မဆို သိမ်းယူ ပြီး ယင်းတို့ အတွက် ငွေပြန်အမ်းပေးလိမ့် မည်မဟုတ်ပါ။ ရရှိထားသော အကျိုးခံစားခွင့်များကို USSD မှတဆင့် စစ်ဆေးရာတွင် အကျိုးခံစားခွင့်များ ကုန်ဆုံးသွားသော်လည်း၊ သက်တမ်းကျန်ရှိမှုအပေါ်တွင်မူတည်၍ အဆိုပါအကျိုးခံစားခွင့်များကို စနစ်တွင် ထည့်သွင်းဖော်ပြခြင်းရှိ မည်။

အလိုအလျှာက်သက်တမ်းတိုးခြင်း

အချိန်ကာလအတိုင်းအတာတစ်ခုအတွင်း အလိုအလျောက်သက်တမ်းတိုးသွားသည့် ဝန်ဆောင်မှုမျိုးကို ကျွန်ပ် တို့ ကမ်းလှမ်းပါမည်။ ဤကဲ့သို့ ကိစ်စရပ်များတွင် ဝန်ဆောင်မှုအမျိုးအစားအလိုက် မည်သို့ သက်တမ်း တိုးသွားသည်ကို သတ်မှတ်ထားသော စည်းမျဉ်းနှင့်သတ်မှတ်ချက်များ၌ တိတိကျကျဖေါ်ပြပေး ထားပါမည်။ ဝန်ဆောင်မှုအများစုအတွတ် သက်တမ်းမကုန်မီ ( အလိုအလျောက်သက်တမ်းမတိုးခင် ) တစ်ရက်အလိုတွင် SMSဖြင့် သတိပေးမည်။ အကယ်၍သင့်အနေဖြင့် အဆိုပါဝန်ဆောင်မှုကို ဤအချိန်တွင်မရပ်နားခဲ့ပါက ကျသင့်ငွေကို သင်၏ခရက်ဒစ်အကောင့် ထဲမှ နှုတ်ယူမည် ။ အကယ် ၍ သင့်အကောင့်ထဲတွင် လုံလောက်သော ငွေပမာဏမရှိပါက သင်၏ခရက်ဒစ်အကောင့်ထဲတွင် ဝန်ဆောင်ခ ပေးဆောင်ရန် လုံလောက်သော ငွေပမာဏရှိသည့် ကာလအထိ ဝန်ဆောင်မှုကို ခေတ်တ ရပ်နားထားမည် ။ ဝန်ဆောင်မှုအမျိုးအစားအလိုက် သက်တမ်းတိုးသည့်ပုံစံမှာကွဲပြားနိုင်ပြီး၊ သတ်မှတ်ထားသော စည်းမျဉ်းနှင့် သတ်မှတ်ချက်များသည်လည်း ပုံစံမတူ ကွဲပြားနိုင်ပါသည်။

ဖုန်းခေါ်ဆိုပြီးချိန်တွင်ရရှိမည့်အသိပေးချက်

သင်ဖုန်းခေါ်ဆိုပြီးတိုင်း စနစ်မှအလိုအလျှာက်ပေးပို့ သော USSD အသိပေးချက်ကိုရရှိမည်။ ထိုအသိပေးချက် တွင် သင်၏ခေါ်ဆိုမှုအတွက် ကျသင့်ငွေ၊ ကြာချိန် နှင့် သင်အသုံးပြုနိုင်သော ခရက်ဒစ်လက်ကျန်ပမာဏ ကိုဖော်ပြပေးသွားပါမည်။ သင့်တွင် အပိုထပ်ဆောင်းရရှိသော မိနစ်များရှိလျှင် ကျသင့်ငွေကို 0.00 ကျပ်ဟု ဖော်ပြပေးပါမည်။ *၁၂၄#ဖုန်းခေါ်ခလုတ် ကို ရိုက်နှိပ်၍ သင်အသုံးပြုနိုင်သော ခရက်ဒစ်လက်ကျန်ပမာဏအား စစ်ဆေးနိုင်သည်။

မှတ်ချက်။ အကယ်၍သင်ဖုန်းခေါ်ဆိုနေချိန်တွင် အင်တာနက် ကိုလည်းအသုံးပြုနေပါက ယင်းအတွက် လက်ကျန်ငွေအချို့ကို အရန်အဖြစ်ထားရှိမည်ဖြစ်၍ အလိုအလျှာက် စနစ်မှ လက်ကျန်ငွေကို ဖော်ပြရာတွင် ကွာခြားမှုအနည်းငယ်ရှိနိုင်ပါသည်။

အင်တာနက်ဝန်ဆောင်မှုများ

အင်တာနက်ဝန်ဆောင်မှုအစီအစဉ်များ (Internet Packs )

အင်တာနက်အစီအစဉ်များ (internet pack) ကို ဝယ်ယူအသုံးပြုပါက ဖော်ပြထားသော သက်တမ်းမကုန် ဆုံးမီ အသုံးပြုရန် နှင့် သုံးစွဲ ရန်သက်တမ်းကုန်ပြီးပါက သင့်အကောင့်တွင် လက်ကျန်ငွေ/လက်ကျန်ယူနစ် ကျန်ရှိနေသေး သော်လည်း သုံးစွဲ၍မရနိုင်တော့သလို၊ ယင်းအတွက်ငွေလည်း ပြန်အမ်းမည် မဟုတ်ပါ။ ယူနစ်ကုန်သွား၍ဖြစ်စေ၊ သုံးစွဲရန်သက်တမ်းကုန်၍ဖြစ်စေ သင်၏အင်တာနက်အသုံးပြုမှုကို နောက်တစ် ကြိမ် ပုံမှန်သက်တမ်းတိုးမည့် အချိန်ကာလအထိ ပုံမှန် PAYG စနစ်ဖြင့် ကောက်ခံပါမည်။ တကြိမ်လျှင် အင်တာနက်အစီအစဉ်တခု (internet pack တခု ) သာ ဝယ်ယူအသုံးပြုခွင့်ရှိပါမည်။ ဝယ်ယူထား သော အင်တာနက်အစီအစဉ် (internet pack)သည် စတင်အသုံးပြုသည့်ရက်မှ ရက် (၃၀)အတွင်း အလိုအလျောက် သက်တမ်းတိုးသွားပြီး၊ အဆိုပါ internet pack၏ သက်တမ်းသည် အကောင့်၏ သုံးစွဲခကောက်ခံလွှာဆိုင်ရာ သက်တမ်းသတ်မှတ်ချက်နှင့် မသက်ဆိုင်ပါ။ နောက်တကြိမ် အင်တာနက်အစီအစဉ် အလိုအလျောက် သက်တမ်းမတိုးခင် အင်တာနက်အစီအစဉ် (internet pack) ရှိ ယူနစ်များ ကုန်ဆုံးသွားခြင်းကြောင့် အခြားအင်တာနက်အစီအစဉ် (internet pack) တခုကို ချိတ်ဆက် အသုံးပြုလိုပါက Call Center သို့ ဆက်သွယ်၍ အသုံးပြုလိုသော အင်တာနက်အစီအစဉ်အား ရယူနိုင်ပါသည်။ အခြားအင်တာနက်အစီအစဉ် (internet pack)တခုကို ပြောင်းလဲအသုံးပြုလိုပါကလည်း Call Center သို့ ဆက်သွယ်၍ ပြောင်းလဲ အသုံးပြုလိုသော အင်တာနက်အစီအစဉ်အား ရယူနိုင်ပါသည်။

CAF Form

အက်တမ် မြန်မာ (ATOM MYANMAR) ဆင်းကတ်ကို မဝယ်ယူမှီ ဝယ်ယူသူများအနေဖြင့် မဖြစ်မနေဖြည့်စွက်ရမည့် လျှောက်လွှာပုံစံဖြစ်ပါသည်။ အက်တမ် မြန်မာ (ATOM MYANMAR) ဆင်းကတ်ကို ဝယ်ယူမည်ဆိုပါလျှင် ဝယ်ယူသူများအနေဖြင့် မှတ်ပုံတင် မူရင်း / ပတ်(စ်)ပို့ မူရင်း (နိုင်ငံခြားသားများအတွက်သာ) အား ပြသရန်လိုအပ်ပါသည်။

ဝယ်ယူသူများ အဆင်ပြေစေရန် အက်တမ်မြန်မာ (ATOM MYANMAR) အရောင်းဆိုင်များနှင့် မြို့ကြီးများရှိ အက်တမ်မြန်မာ (ATOM MYANMAR) ဆင်းကတ် ဝယ်ယူနိုင်သော ဆိုင်များတွင် မှတ်ပုံတင် မူရင်း / ပတ်(စ်)ပို့ မူရင်း (နိုင်ငံခြားသားများအတွက်သာ)နဲ့အတူတူ digital registration လုပ်ပေးခြင်းဖြင့် ဝန်ဆောင်မှုများ ရရှိနိုင်ပါသည်။ အက်တမ်မြန်မာ (ATOM MYANMAR) အရာင်းဆိုင်များ နှင့် အက်တမ်မြန်မာ (ATOM MYANMAR)မှ ဝန်ဆောင်မှု့ပေးထားသောဆိုင်များ၏ တည်နေရာ အသေးစိတ်ကို သိရှိလိုပါက အက်တမ်မြန်မာ (ATOM MYANMAR) Website (သို့) Call center နံပါတ် ၉၇၉ အား အက်တမ်မြန်မာ (ATOM MYANMAR) ဖုန်းနံပါတ်ဖြင့် ခေါ်ဆို၍ (သို့) အခြား အော်ပရေတာ နံပါတ်များ အတွက် ဖုန်းနံပါတ် ဝ၉၇၉၀ဝ၉၇၉၀ဝ အားခေါ်ဆို၍သော်လည်းကောင်း မေးမြန်းနိုင်ပါတယ်။ လူကြီးမင်းတို့၏ ဆင်းကတ် ကို မှတ်ပုံတင် မူရင်း / ပတ်(စ်)ပို့ မူရင်း (နိုင်ငံခြားသားများအတွက်သာ)ဖြင့် လျှောက်ထား နိုင်ပါသည်။ ဆင်းကတ်မှတ်ပုံတင်ခြင်းအတွက် အခကြေးငွေ တစုံတရာမှ ပေးဆောင်ရန် မလိုအပ်ပါ။ ဝယ်ယူသူများ အနေဖြင့် မေးမြန်းစုံစမ်းစရာများရှိပါက အက်တမ်မြန်မာ (ATOM MYANMAR) အရောင်းဆိုင်များသို့ မေးမြန်းနိုင်ပါသည်။

ATOM MYANMAR (အက်တမ်မြန်မာ) ၏ငွေပေးချေမှု ဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်များ

ATOM MYANMAR (အက်တမ်မြန်မာ) Payment Services ဝန်ဆောင်မှုကို သုံးစွဲခြင်းအားဖြင့် ယင်းဝန်ဆောင်မှု၏ စည်းကမ်းသတ်မှတ်ချက်များကို သုံးစွဲသူမှ လက်ခံသဘောတူညီရာ ရောက်ပါသည်။ATOM MYANMAR (အက်တမ်မြန်မာ) Payment Services ၏ စည်းကမ်း သတ်မှတ်ချက်များမှာ အောက်တွင် အသေးစိတ် ဖေါ်ပြပါရှိသည့် (“စည်းကမ်းသတ်မှတ်ချက်များ”) အတိုင်းပင်ဖြစ်ပါသည်။ ATOM MYANMAR (အက်တမ်မြန်မာ) Payment Services ဝန်ဆောင်မှုကို သုံးစွဲရန် လျှောက်ထားခြင်းအား ဖြင့် သုံးစွဲသူအနေဖြင့် ဤ စည်းကမ်းသတ်မှတ်ချက်များအား ဖတ်ရှုပြီးကောင်းမွန်စွာ နားလည် သဘောပေါက်သည့်အလျှောက် လိုက်နာ လက်ခံကျင့်သုံးရန် သဘောတူညီပြီး ဖြစ်သည်ဟု ကျွန်ုပ်တို့က သိရှိနားလည် မှတ်ယူထား ပါသည်။

1. အဓိပ္ပါယ်သတ်မှတ်ချက်များ
1.1 I, We, our, ATOM MYANMAR (အက်တမ်မြန်မာ), the Company mean ATOM MYANMAR LIMITED (အက်တမ်မြန်မာ လီမိတက်).
1.2 "သုံးစွဲသူ"၊ လူကြီးမင်း ဟုဆိုရာတွင် ATOM MYANMAR (အက်တမ်မြန်မာ)၏ တယ်လီကွန်း ဆက်သွယ်ရေး ဝန်ဆောင်မှု များကို သုံးစွဲသူများ နှင့် ATOM MYANMAR (အက်တမ်မြန်မာ)၏ မည်သည့် ကြိုတင် ငွေဖြည့်စနစ်သုံး၊ လစဉ်ပေးစနစ်သုံး မိုဘိုင်း တယ်လီဖုန်း ဝန်ဆောင်မှုများနှင့် Broadband ဝန်ဆောင်မှုများကို မဆို ဝယ်ယူ သုံးစွဲလျက် ရှိကြသော သုံးစွဲသူများ ကိုဆိုလိုသည်။
1.3 "လျှို့ဝှက်အပ်သော သတင်းအချက်အလက်" ဆိုသည်မှာ ဘဏ်စာရင်းဆိုင်ရာ သတင်း အချက်လက်များ၊ ဘဏ်စာရင်း နံပါတ်နှင့် မိုဘိုင်းဝေါလက်(Mobile Wallet) စာရင်းနံပါတ်၊ ဗီဇာ၊ ဒက်ဘစ်ကဒ် (Debit Card) နှင့်ခရက်ဒစ် (Credit Card)အပါအဝင် အမ်ပီယူကဒ် (MPU Card)၊ မာစတာကဒ် (Master Card) နှင့် အခြားသော ပြည်တွင်းနှင့် နိုင်ငံတကာ ပေးချေမှု စနစ်တို့ကို ဆိုလိုပါသည်။
1.4 အသုံးအဆောင် ပစ္စည်းကိရိယာ ဆိုသည်မှာ အွန်လိုင်း ပေးချေမှု ချန်နယ်ဆိုင်ရာ (Online Payment Channel)သတင်းအချက်အလက်တို့ကို သိုမှီးသိမ်းဆည်းထားသော ATOM MYANMAR (အက်တမ်မြန်မာ) Payment Services ဝန်ဆောင်မှုကို သုံးစွဲမည့် မည်သည့်မိုဘိုင်းအသုံးအဆောင် ပစ္စည်း ကိရိယာကိုမဆို ဆိုလိုပါသည်။
1.5 ATOM MYANMAR (အက်တမ်မြန်မာ) Payment Services (ATOM MYANMAR (အက်တမ်မြန်မာ)ပေးမင့်) ဝန်ဆောင်မှုများ ဆိုသည်မှာ ATOM MYANMAR (အက်တမ်မြန်မာ)၏ ဖုန်းဘေလ်ဖြည့်ခြင်းနှင့် အခြားသော ဝန်ဆောင်မှုများအတွက် အွန်လိုင်း ပေးချေမှု ချန်နယ်မှတဆင့် အီလက်ထရွန်းနစ်နည်း စနစ်ဖြင့် ဆောင်ရွက်၍ အဆင့်ဆင့် ပြုလုပ်ပေးချေသည့် နည်းလမ်းကိုဆိုလိုပါသည်။
1.6 အွန်လိုင်းပေးချေမှု ချန်နယ် ဆိုသည်မှာ ATOM MYANMAR Payment Services(အက်တမ်မြန်မာပေးမင့် ဝန်ဆောင်မှုများ အောက်တွင်ရှိသော ဗီဇာ၊ မာစတာကဒ်၊ အမ်ပီယူ၊ မိုဘိုင်း ဝေါလက် (Mobile Wallet) နှင့် အခြားသော ပေးချေမှုဆိုင်ရာလိုင်းများ/ ချန်နယ်များကို ဆိုလိုပါသည်။
2. ATOM MYANMAR Payment Services (အက်တမ်မြန်မာပေးမင့် ဝန်ဆောင်မှု) များကို သုံးစွဲမည့်သူများ၏ အခွင့်အရေးများ/တာဝန်နှင့်ဝတ္တရားများ
2.1 ATOM MYANMAR (အက်တမ်မြန်မာ) Payment Services ဝန်ဆောင်မှုကို ဝင်ရောက်ရယူ၍ သုံးစွဲရန် သတ်မှတ်ချက်တစ်ရပ်အဖြစ် ATOM MYANMAR (အက်တမ်မြန်မာ) မှ မိမိ၏ တစ်ဦးဖက်တည်း စီမံဆုံးဖြတ် လုပ်ကိုင် ဆောင်ရွက် ပိုင်ခွင့်ဖြင့် အခါအားလျှော်စွာ ပြောင်းလဲပြင်ဆင် သတ်မှတ်ချက်များ အပါအဝင် ဤစည်းကမ်း သတ်မှတ်ချက်အားလုံးကို လူကြီးမင်းက အသိအမှတ်ပြု လက်ခံ သဘော တူညီရန် လိုအပ်သည်ဟု လူကြီးမင်းက ကောင်းစွာ နားလည် လက်ခံသဘောတူညီ ပြီး သိရှိသည်။
2.2 ခရက်ဒစ်/ဒက်ဘစ် ကဒ် နှင့် အင်တာနက် ဖြင့် ဆောင်ရွက်သည့် ဘဏ်လုပ်ငန်း၊ မိုဘိုင်း ဝေါလက်(Mobile Wallet) တို့မှ ATOM MYANMAR (အက်တမ်မြန်မာ) Payment Services ဝန်ဆောင်မှု အတွက် အွန်လိုင်းမှပေးချေမှုလမ်းကြောင်းနှင့် စပ်ဆိုင်သမျှတို့တွင် ATOM MYANMAR (အက်တမ်မြန်မာ) ၏ အခန်းကဏ္ဍမှာ စီးပွါး ဖြစ်လုပ်ကိုင်လျှက်ရှိသည့် ဘဏ် နှင့် /သို့မဟုတ် ကဒ်ထုတ်ပေးသူများ နှင့်/သို့မဟုတ် အွန်လိုင်း ပေးချေမှုလမ်းကြောင်းဝန်ဆောင်မှု ပေးအပ်သူများ၏ စနစ် သို့မဟုတ် ဝက်ဘ်ဆိုက် သို့ ဆက်သွယ် ချိတ်ဆက်ပေးသူ သက်သက်မျှသာဖြစ်သည်ကို လူကြီးမင်းက အသိအမှတ် ပြု၍ လက်ခံ သဘောတူညီ ပါသည်။မည်သည့် ခရက်ဒစ်/ဒက်ဘစ် ကဒ် မှမဆို ရှင်းလင်း ပေးချေမှု ပြုရန်အတွက် လိုအပ်သော မည်သည့် ဆောင်ရွက်မှု အတွက် မဆိုသည် ကဒ် ကိုင်ဆောင်သူနှင့် စီးပွါးဖြစ်လုပ်ကိုင်လျှက်ရှိသည့် ဘဏ် နှင့်/သို့မဟုတ် ကဒ်ထုတ်ပေးသူများ နှင့်/သို့မဟုတ် E-paymentဝန်ဆောင်မှု ပေးအပ်သူတို့ အကြားတွင်သာ သက်ဆိုင်သည့် ကိစ္စဖြစ်ပါသည်။
2.3 လူကြီးမင်း၏ အွန်လိုင်းပေးချေမှု (ခရက်ဒစ်/ဒက်ဘစ် ကဒ် နှင့် အင်တာနက် ဖြင့် ဆောင်ရွက်သည့် ဘဏ်လုပ်ငန်း၊ မိုဘိုင်းဝေါလက်(Mobile Wallet) စာရင်း/အကောင့်တွင် လုံလောက်သော ငွေကြေး ပမာဏ မရှိခဲ့ပါက၊ လူကြီးမင်းမှ လုပ်ဆောင်သောပေးချေရန် ဆောင်ရွက်မှုကို ငြင်းပယ်ခြင်း ပြု၍ ပေးချေမှု အောင်မြင်လိမ့်မည်မဟုတ်ပါ။
2.4 ATOM MYANMAR (အက်တမ်မြန်မာ) Payment Services ဝန်ဆောင်မှုကို ဝင်ရောက်ရယူသုံးစွဲနိုင်ရန် အလို့ငှာ လိုအပ်သော လူကြီးမင်း၏ အသုံးဆောင် ပစ္စည်း ကိရိယာ များအားလုံခြုံမှုရှိစွာနှင့် ထိရောက် ကောင်းမွန်စွာ လည်ပတ်စွမ်းဆောင်နိုင်မှု ရှိနေစေရန်အတွက် လိုအပ်သော ပြုပြင်ထိန်းသိမ်း စောင့်ရှောက်ထားမှုများကို လူကြီးမင်းသည် မိမိ၏ စရိတ်ဖြင့် ဆောင်ရွက်ထားရှိရမည်။
2.5 မိမိ၏ အသုံးအဆောင်ပစ္စည်းကိရိယာတို့ ကောင်းမွန်စွာ လည်ပတ်၍ စွမ်းဆောင်နိုင်မှု ရှိရေးကို သေချာစေရန်မှာ လူကြီးမင်း၏ တာဝန်သာဖြစ်ပါသည်။ လူကြီးမင်း၏ အသုံး အဆောင်ပစ္စည်း ကိရိယာတွင် တစ်စုံတစ်ရာ ချွတ်ယွင်း ပျက်စီးမှုကြောင့် ဖြစ်ပေါ်လာသော မှားယွင်းမှု သို့မဟုတ် ပျက်ကွက်မှုတို့အတွက် လည်းကောင်း သို့တည်းမဟုတ် မည်သည့် ဖုန်း ဗိုင်းရပ်စ်ကြောင့် သို့မဟုတ် ATOM MYANMAR (အက်တမ်မြန်မာ) Payment Services ဝန်ဆောင်မှုကို သုံးစွဲ ခြင်းနှင့် စပ်ဆိုင်ဆက်စပ်နေသော ကိစ္စရပ်များကြောင့် ဖြစ်ပေါ်လာသော ပြဿနာများအတွက် ATOM MYANMAR (အက်တမ်မြန်မာ) တွင် တာဝန်မရှိပါ။
2.6 ATOM MYANMAR (အက်တမ်မြန်မာ) Payment Services ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ကုမ္ပဏီမှ ပေးအပ်သော မည်သည့် အထောက်အထားစာရွက်စာတမ်းမဆိုနှင့် ဤစည်းကမ်း သတ်မှတ် ချက်များပါ ညွှန်ကြားချက်အားလုံး၊ လုပ်ထုံးလုပ်နည်းများ နှင့် စည်းကမ်းချက်များအားလုံးကို လူကြီးမင်းက လိုက်နာရပါမည်။
2.7 လူကြီးမင်း၏ သုံးစွဲသူဆိုင်ရာ အထောက်အထား(ID)၊ စကားဝှက်၊ အွန်လိုင်း ပေးချေမှု လိုင်းဆိုင်ရာ သတင်းအချက်အလက်များ နှင့် ATOM MYANMAR (အက်တမ်မြန်မာ) Payment Services ဝန်ဆောင်မှုများကို ဝင်ရောက်ရယူသုံးစွဲရန်အတွက် အခါအားလျော်စွာ ရရှိလာသော အခြားသော လျှို့ဝှက်အပ်သည့် သတင်း အချက်အလက်များ ကိုလည်း လျှို့ဝှက်စွာ နှင့် လုံခြုံဘေးကင်းစွာ စောင့်ထိန်းထားရန် တာဝန်မှာ လူကြီးမင်း တစ်ဦးတည်း၏ တာဝန် သာဖြစ်ကြောင်း လူကြီးမင်းက လက်ခံသဘောတူညီ အသိအမှတ်ပြုပါသည်။
2.8 လျှို့ဝှက်စွာထားရှိရမည့် လူကြီးမင်း၏သတင်းအချက်အလက် နှင့် ATOM MYANMAR (အက်တမ်မြန်မာ) Payment Services ဝန်ဆောင်မှု သို့ ဝင်ရောက်ခွင့်တို့သည် သက်ဆိုင်ခြင်း မရှိသူ /ခွင့်ပြုချက်မရှိသူ တစ်စုံတစ်ဦးမှ သိရှိသွားခြင်း သို့မဟုတ် ၎င်းတို့၏ လက်ဝယ်သို့ ကျရောက်ခြင်း မရှိစေရန် လူကြီးမင်း ကသေချာထိန်းသိမ်း ရပါမည်။ လူကြီးမင်း၏ လျှို့ဝှက် အပ်သော သတင်း အချက်အလက်များအား မသက်ဆိုင် သည့် မည့်သည့် အခြားတစ်ပါးသူ သို့မဆို တစ်စုံတစ်ရာဖွင့်ဟထုတ်ဖေါ်ပြောဆိုမှုအတွက် ကုမ္ပဏီတွင် တာဝန်မရှိစေသည့်အပြင်၊ လျှို့ဝှက်အပ်သည့် သတင်း အချက်အလက်တို့ကို မည်သို့ သော ဖွင့်ဟ ထုတ်ဖေါ်ပြောဆိုမှုများ မဆို၊ ယင်းသို့ ထုတ်ဖေါ်ပြောကြားမှုကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်အားဖြင့် ပေါ်ပေါက် လာသော မည်သို့သော ဆုံးရှုံးနစ်နာမှု များအတွက်မဆို ကုမ္ပဏီကို ထိခိုက်နစ်နာခြင်းမရှိစေရန် နှင့် လျော်ကြေးပေး၍ နစ်နာခြင်းများ မှ ကာကွယ်ပေးရန် ဤပဋိညာဉ်အားဖြင့် လူကြီးမင်းက အာမခံပါသည်။
2.9 ATOM MYANMAR (အက်တမ်မြန်မာ) Payment Services ကို အခွင့်မဲ့သုံးစွဲခြင်း များအားလုံးကို ရှာဖွေ ဖော်ထုတ်နိုင်ရန်/ထောက်လှမ်းသိရှိနိုင်ရန် ကြိုတင် သတိထား ဆောင်ရွက်ချက် အားလုံးကို ပုံမှန်အား ဖြင့် လူကြီးမင်းက ပြုလုပ်ဆောင်ရွက် ထားရှိရမည်။ အကယ်၍ အောက်ပါ ကိစ္စ ရပ်များ ဖြစ်ပွါး ပေါ်ပေါက်ပါက လူကြီးမင်းက ကုမ္ပဏီကို ချက်ခြင်း အသိပေး အကြောင်း ကြားရမည်ဖြစ်သည်။
- ATOM MYANMAR (အက်တမ်မြန်မာ) Payment Services ဝန်ဆောင်မှု သို့ ဝင်ရောက်ရယူနိုင်သည့် အသေးစိတ်အချက်အလက်တို့ကို သိရှိရန် ခွင့်ပြုချက်ပေးထားခြင်း မရှိသည့် (သိခွင့်မရှိသည့် အခြားတစ်ပါးသူတစ်ဦးဦးက တစ်ဦးဦးက) သိရှိသွားခြင်း နှင့်/ သို့မဟုတ် မဆင်မခြင် ပြုလုပ် ဆောင်ရွက်မှုကြောင့် အန္တရာယ်ကျရောက်နိုင်သည့် အနေ အထားတွင်ရှိသည်ဟု လူကြီးမင်း တွင် ယုံကြည်ရန် အကြောင်းရှိခြင်း၊
- ATOM MYANMAR (အက်တမ်မြန်မာ) Payment Services ဝန်ဆောင်မှုကို အခွင့်မဲ့ဝင်ရောက်သုံးစွဲမှု ဖြစ်ပွါး ခြင်း သို့မဟုတ် ဖြစ်ကောင်းဖြစ်နိုင်ခဲ့ခြင်း သို့မဟုတ် ဖြစ်နိုင်ခြေရှိခြင်း နှင့် ဝယ်ယူ ပေးချေ ဆောင်ရွက်မှုတစ်ခုကို လိမ်လည် လှည့်ဖျား၍ /အတုအယောင်အားဖြင့် ထည့်သွင်း ပြုလုပ် ဆောင်ရွက် ကောင်းဆောင်ရွက်ထားခဲ့သည် သို့မဟုတ် ဆောင်ရွက် လာဖွယ်ရှိသည်ဟု လူကြီး မင်းတွင် ယုံကြည်ရန်အကြောင်းရှိခြင်း၊ နှင့်/သို့မဟုတ်
- အကယ်၍ လူကြီးမင်း၏ အသုံးအဆောင်ပစ္စည်းကိရိယာ ပျောက်ဆုံးခြင်း၊ ခိုးယူခံရခြင်း သို့မဟုတ် အန္တရာယ်ကျရောက်လာနိုင်ဖွယ်ရှိခြင်း
2.10 လူကြီးမင်းသည် ခရက်ဒစ်/ဒက်ဘစ် ကဒ်၏ ပိုင်ရှင်အစစ်အမှန်ဖြစ်ကြောင်း သို့မဟုတ် တစ်နည်းအားဖြင့် ယင်းကဲ့သို့သော ခရက်ဒစ်/ဒက်ဘစ် ကဒ်တို့ကို သုံးစွဲရန် ခွင့်ပြုချက် ရရှိထားခဲ့ကြောင်း လူကြီးမင်းက အတည်ပြု၍ အာမခံရမည်ဖြစ်ပါသည်။
2.11 ATOM MYANMAR (အက်တမ်မြန်မာ) Payment Services ဝန်ဆောင်မှုများကို (က) electronic spamming ဆောင်ရွက်ရန်၊ (ခ) ဥပဒေနှင့်မညီသော သို့မဟုတ် ကျင့်ဝတ်သိက္ခာမဲ့သော သို့မဟုတ် တရားမဝင်သော လုပ်ရပ်များကို လူကြီးမင်းက ပြုလုပ်ကျူးလွန်ပါက၊ (ဂ) မသင့် မလျော်ဟု ATOM MYANMAR (အက်တမ်မြန်မာ) က သတ်မှတ်သော မည်သည့်လုပ်ရပ် တစ်စုံတစ်ရာကို မဆို ပြုလုပ် ကျူးလွန်ပါက ယင်းကဲ့သို့ သော ကိစ္စရပ်များအား သံသယရှိသည့်အပေါ်တွင် အခြေခံလျက် ဝန်ဆောင်မှုကို ဆိုင်းငံ့ ရပ်တန့်ထားရန် အခွင့်အရေးအားလုံးကို ATOM MYANMAR (အက်တမ်မြန်မာ) က ကြိုတင် ရရှိထားပြီးဖြစ်သည်။
3. အခွင့်အရေးများ/တာဝန်များ နှင့် ATOM MYANMAR (အက်တမ်မြန်မာ) ကရရှိထားပြီးသော အခွင့်အရေးများး
3.1 ATOM MYANMAR (အက်တမ်မြန်မာ) Payment Services ဝန်ဆောင်မှု၏ မည်သည့်အစိတ်အပိုင်း သို့မဟုတ် လုပ်ဆောင်ချက်ကိုမဆို ကြိုတင်အသိပေး အကြောင်းကြားခြင်း မပြုဘဲ ပြောင်းလဲခွင့်၊ ပေါင်းထည့်ခွင့် သို့မဟုတ် ထုတ်နှုတ်ဖယ်ရှားပစ် နိုင်ခွင့်ကို ATOM MYANMAR (အက်တမ်မြန်မာ) က ကြိုတင် ရရှိထားပြီး ဖြစ်သည်။ အကယ်၍ ATOM MYANMAR (အက်တမ်မြန်မာ) Payment Services ဝန်ဆောင်မှုကို သုံးစွဲသူကဆက်လက်သုံးစွဲပါက ယင်းကဲ့သို့ပြုပြင်ပြောင်းလဲမှုများကို သုံးစွဲသူက လက်ခံ သဘောတူညီသည်ဟု ATOM MYANMAR (အက်တမ်မြန်မာ) ကမှတ်ယူမည် ဖြစ်သည်။
3.2 အကယ်၍ သုံးစွဲသူ/အသုံးပြုသူ၏ သတင်းအချက်အလက်များက တရားမဝင် သို့မဟုတ် သုံးစွဲသူက မမှန်ကန်သော သတင်းအချက်လက်များကို ဖြည့်စွက်ထည့်သွင်းပါက ဝန်ဆောင်မှု ကို ပေးအပ်သူဖြစ်သည့်အားလျော်စွာ အွန်လိုင်းပေးချေမှုမှတဆင့် ပေးချေ ဝယ်ယူမှု ဆောင်ရွက်ချက် ဝန်ဆောင်မှုအားလုံးကို ATOM MYANMAR (အက်တမ်မြန်မာ) က ပယ်ဖျက်ခြင်း သို့မဟုတ် ဆိုင်းငံ့ ရပ်တန့် ထားပိုင်ခွင့်ကို ကြိုတင်ရရှိထားပြီးဖြစ်သည်။
3.3 သုံးစွဲသူသည် တရားမဝင် ပေးချေဝယ်ယူမှုဆောင်ရွက်မှုတွင် ပါဝင်ပတ်သက်ခြင်း နှင့်/ သို့မဟုတ် ဤစည်းကမ်းသတ်မှတ်ချက် ပါ ပြဋ္ဌာန်းချက်အလုံးစုံ သို့မဟုတ် တစ်စုံတစ်ရာကို ဖောက်ဖျက်ကျူးလွန်သည်ဟု ATOM MYANMAR (အက်တမ်မြန်မာ) က တွေ့ရှိလာပါက၊ အဆိုပါသုံးစွဲသူကို ဝန်ဆောင်မှု ပေးခြင်းမှ ချက်ခြင်းရပ်စဲပိုင်ခွင့် ATOM MYANMAR (အက်တမ်မြန်မာ) တွင်ရှိပါသည်။
4. ပုဂ္ဂိုလ်ရေးအချက်အလက် များအားလုံခြုံမှုရှိရေး/လုံခြုံရေး
4.1 သက်ဆိုင်ရာ ဥပဒေမှ ခွင့်ပြုထားသည့်အတိုင်း ATOM MYANMAR (အက်တမ်မြန်မာ) က သင့်တော်သည်၊ ဆီလျော် သည်ဟု ထင်မြင်ယူဆသည့် မည်သူနှင့်မဆို တွဲဖက်/ပူးတွဲ၍ဝန်ဆောင်မှုပေးခြင်း နှင့် ATOM MYANMAR (အက်တမ်မြန်မာ) ၏ မည်သည့် ဈေးကွက်ချဲ့ထွင်ရေး အစီစဉ်၊ လှုပ်ရှား ဆောင်ရွက်ချက်တို့မဆိုကို လုပ်ကိုင် ဆောင်ရွက်ခြင်းတို့အပြင် ခွဲခြမ်း စိတ်ဖြာလေ့လာ ဆန်းစစ်ရန် နှင့် ဆုံးဖြတ် ဆောင်ရွက်ခြင်း တို့အပါအဝင် တယ်လီကွန်း ဆက်သွယ်ရေး လုပ်ငန်းများ နှင့်/သို့မဟုတ် တယ်လီကွန်း ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ပြဋ္ဌာန်း ပေးအပ်ခြင်း နှင့်/သို့မဟုတ် E-payment ဝန်ဆောင်မှု လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်ရန်၊ ပိုမိုတိုးတက် ကောင်းမွန် အောင် ဆောင်ရွက်နိုင်စေရန် နှင့်/သို့မဟုတ် စီမံခန့်ခွဲ ဆောင်ရွက်ရန် ဥပဒေတွင် ဖော်ပြ ခွင့်ပြုပေး ချက်အရ လိုအပ်သမျှကိုသာ ဝန်ဆောင်မှု ပေးအပ်သူအနေဖြင့် လူကြီးမင်း၏ ကိုယ်ရေး ကိုယ်တာ သတင်း အချက်အလက်တို့ကို စုစည်းခြင်းနှင့် ထိုသို့အဆင့်ဆင့် ဆက်လက်ကိုင်တွယ် ဆောင်ရွက်ရန် ATOM MYANMAR (အက်တမ်မြန်မာ) နှင့်/သို့မဟုတ် အွန်လိုင်းပေးချေမှုချန်နယ် ဝန်ဆောင်မှု ပေးအပ်သူတို့က ဝင်ရောက်ရယူခွင့်ကို လူကြီးမင်းက ဤပဋိညာဉ်အားဖြင့် ခွင့်ပြုပေးအပ်ပါသည်။လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာ ဒေတာ အချက်အလက်များကို ကာကွယ်ခြင်းနှင့် ယင်းကဲ့သို့သော ရည်ရွယ်ချက်များအတွက် တူညီသော စံချိန်စံညွှန်း သတ်မှတ်ချက်များရှိသော စာချုပ်ဝင် မဟုတ်သည့် (ပြည်တွင်းမှ သော်လည်းကောင်း သို့မဟုတ် ပြည်ပနိုင်ငံများမှ သော် လည်းကောင်း ဖြစ်သည့်) မည်သည့် အခြား တစ်ပါးသူတို့ထံသို့မဆို ATOM MYANMAR (အက်တမ်မြန်မာ) နှင့်/သို့မဟုတ် အွန်လိုင်းပေးချေမှုချန်နယ် ဝန်ဆောင်မှုကိုပေးအပ်သူများက ဖွင့်ဟ ထုတ်ဖော် ပြောဆိုခြင်း၊ ထုတ်လွှင့်ခြင်း နှင့်/သို့မဟုတ် လွှဲပြောင်းပေးခြင်း ကိုလည်း လူကြီးမင်း က သဘောတူညီ ခွင့်ပြုပေးအပ်ပါသည်။ လူကြီးမင်းကို မည်သူမည်ဝါဟု အတည်ပြုနိုင်သော၊ ဆက်သွယ် နိုင်သော သို့မဟုတ် တည်နေရာကိုသိရှိနိုင်စေမည့် သတင်းအချက်အလက် (မှန်သည် ဖြစ်စေ သို့မဟုတ် မှားသည်ဖြစ်စေ)တို့သည် “ကိုယ်ရေးကိုယ်တာဆိုင်ရာ သတင်း အချက် အလက်” တို့တွင် ပါဝင်ပါသည်။ကိုယ်ရေးကိုယ်တာဆိုင်ရာ သတင်း အချက်အလက် တွင်ပါဝင်နိုင် သည် မှာ လူကြီးမင်း၏အမည်၊ အီးမေးလိပ်စာ၊ ဖုန်းနံပါတ်၊ အွန်လိုင်း ပေးချေမှု ချန်နယ်ဆိုင်ရာ သတင်းအချက် အလက် နှင့် ကဒ်ပိုင်ရှင်၏အမည်၊ ခရက်ဒစ်/ဒက်ဘစ်ကဒ်၏ နံပါတ်၊ ထုတ်ပေးသည့်ဘဏ်၊ ထုတ်ပေးသည့် တိုင်းပြည်နှင့် သက်တမ်း ကုန်ဆုံးမည့် နေ့ရက် တို့အပါအဝင် ခရက်ဒစ်/ ဒက်ဘစ်ကဒ်ဆိုင်ရာ သတင်းအချက်အလက်တို့ပါဝင်နိုင်ပါသည်။
4.2 နောင်အနာဂတ်တွင် ထိရောက်ကောင်းမွန်စွာ ဆောင်ကျဉ်းပေးအပ်နိုင်ရန်အတွက် လူကြီးမင်း ၏ အွန်လိုင်းပေးချေမှုချန်နယ် ဝန်ဆောင်မှုများဆိုင်ရာ သတင်းအချက်အလက် တို့ကို ATOM MYANMAR (အက်တမ်မြန်မာ) က သိုမှီးသိမ်းဆည်းထားနိုင်သည်။ လုံခြုံမှုရှိပါစေခြင်းငှာ အွန်လိုင်းပေးချေမှုချန်နယ် ဝန်ဆောင်မှုများဆိုင်ရာ သတင်းအချက် အလက်တို့ကို အွန်လိုင်းပေးချေမှုချန်နယ် ဝန်ဆောင်မှု ပေးအပ်သူတို့ထံတွင်လည်း သက်ဆိုင်ရာ လမ်းညွှန်ချက်၊ ဥပဒေနှင့် စည်းမျဉ်း စည်းကမ်းများ အရ ခွင့်ပြုထားသည့်အတိုင်း သိမ်းဆည်းထားနိုင်သည် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ၊ အကယ်၍ လူကြီးမင်းက ဤသို့ ဆောင်ရွက်ရန် အခွင့်အလမ်းကို ရွေးချယ်ခဲ့ခြင်းမရှိပါက လူကြီးမင်း၏ ခရက်ဒစ်/ဒက်ဘစ်ကဒ် နှင့် အွန်လိုင်း ပေးချေမှုဆိုင်ရာ ချန်နယ်ဆိုင်ရာ သတင်းအချက်အလက်များကို သိုမှီး သိမ်းဆည်းထားခြင်း ပြုမည်မဟုတ်ဘဲ၊ နောင်အနာဂတ် သုံးစွဲမှုများတွင် ခရက်ဒစ်/ ဒက်ဘစ်ကဒ် ဆိုင်ရာ သတင်းအချက်အလက်များကို လူကြီးမင်း ကိုယ်တိုင် ပေးအပ်ရန် လိုအပ်ပါလိမ့်မည်။
5. တာဝန်အားဖြင့် ကန့်သတ်ထားခြင်းမျာ
5.1 အောက်ပါ အခြေအနေအကြောင်းခြင်းရာ ဖြစ်ရပ်တို့ဖြစ်ပွါးပေါ်ပေါက်ပါက ATOM MYANMAR (အက်တမ်မြန်မာ) တွင် လုံးဝတာဝန်မရှိပါ
5.1.1 ဝန်ဆောင်မှုများနှင့် ဆက်စပ်ပစ္စည်းကိရိယာများကို သုံးစွဲခြင်းနှင့် ဆက်နွယ်၍ ဖြစ်ပွါး ပေါ်ပေါက်သော အကျိုးအမြတ် ဆုံးရှုံးခြင်း သို့မဟုတ် ဝင်ငွေဆုံးရှုံးခြင်း၊ သတင်းအချက် အလက်ပျောက်ဆုံးခြင်း သို့မဟုတ် အစီစဉ်/ပရိုဂရမ်(များ) ပျောက်ဆုံးခြင်း သို့မဟုတ် ဒေတာ များ ပျက်စီးဆုံးရှုံးခြင်း တို့သာ ဟု ကန့်သတ်ထားခြင်းမရှိဘဲ ပါဝင်လျက် မည်သည့် သွယ်ဝိုက် သော အားဖြင့်၊ ပြစ်ဒါဏ်အားဖြင့်၊ အထူးအားဖြင့်၊ အကျိုးဆက်အားဖြင့် သို့မဟုတ် မတော် တဆအားဖြင့်ဖြစ်ပွါးပေါ်ပေါက်သော ပျက်စီးဆုံးရှုံးမှုများ/ ထိခိုက်နစ်နာမှုများ အတွက် မဆို
5.1.2 လုပ်ငန်း သို့မဟုတ် အခွင့်အလမ်းများ တစ်စုံတစ်ရာ ဆုံးရှုံးမှုအတွက်
5.1.3 အခြားသူများ၏ ဖောက်ဖျက်ကျူးလွန်ခြင်း ပြုလုပ်ဆောင်ရွက်မှုကြောင့်ဖြစ်ပေါ်သော မည်သည့် ပျက်စီးဆုံးရှုံးမှု သို့မဟုတ် သုံးစွဲသူအပေါ် ထိခိုက်ပျက်စီးဆုံးရှုံးမှု ဖြစ်ခြင်း အတွက်
5.1.4 စာချုပ်ဝင်မဟုတ်သည့် အခြားတစ်ပါးသူတစ်ဦး ဥပမာ၊ တယ်လီကွန်းဆက်သွယ်ရေး အော်ပရေတာများ၊ အင်တာနက် ပေးအပ်သူများနှင့် Hardware သို့မဟုတ် Software ဝန်ဆောင်မှုပေးအပ်သူများက တမင်ရည်ရွယ် ပြုလုပ်သော လုပ်ဆောင်ချက်ကြောင့် သို့မဟုတ် ပေါ့လျော့ ပျက်ကွက်မှုကြောင့် သို့မဟုတ် ATOM MYANMAR (အက်တမ်မြန်မာ) ၏ ထိန်းချုပ်မှုပြင်ပတွင်ရှိသော အခြေအနေ အကြောင်း ခြင်းရာများကြောင့် သို့မဟုတ်ကြိုတင် မျှော်မှန်းသိရှိ ရှောင်လွှဲခြင်းငှာ မတတ်စွမ်း နိုင်သည့် အကြောင်းခြင်းရာ ဖြစ်ရပ်များ ကြောင့် ဥပမာ၊ မီးဘေး၊ ရေဘေး၊ စစ်မက်ဘေး၊ ရုံးရင်းဆန်ခက်မှုဖြစ်ခြင်း ၊ လူထုဆန့်ကျင်ဆန္ဒပြမှု၊ ပစ္စည်းကိရိယာ ချွတ်ယွင်းမှု၊ ကွန်ပြူတာ ဗိုင်းရပ်စ်များ၊ လျှပ်စစ်ဓါတ်အား သို့မဟုတ် တယ်လီကွန်း ဆက်သွယ်ရေးပြတ်တောက်မှု အစ ရှိသည်များကြောင့် ATOM MYANMAR (အက်တမ်မြန်မာ) တွင် တာဝန်မရှိစေရပါ။
5.2 အကယ်၍ အွန်လိုင်းပေးချေမှု လုပ်ဆောင်ချက်သည် ပြီးမြောက်ခြင်း မရှိခဲ့သော်ငြားလည်း သုံးစွဲသူ၏ အွန်လိုင်းပေးချေမှုချန်နယ် စာရင်းများ(ခရက်ဒစ်/ဒက်ဘစ် ကဒ် နှင့် အင်တာနက် ဖြင့် ဆောင်ရွက်သည့် ဘဏ်လုပ်ငန်း၊ မိုဘိုင်းဝေါလက်(Mobile Wallet) တို့မှ နှုတ်ယူ ဖြတ်တောက်ခြင်းပမာဏအတွက် ဘေလ်ကို ပေးပို့လာပါက သုံးစွဲသူသည် သက်သေ အထောက်အထားအပြည်အစုံဖြင့် ATOM MYANMAR (အက်တမ်မြန်မာ) သို့ ပြက္ခဒိန်ရက် (၃၀)အတွင်း ကြိုတင် အသိပေး အကြောင်းကြားရန် လိုအပ်ပါသည်။ ယင်းကဲ့သို့ဖြစ်ရပ်တစ်ခု ဖြစ်ပွါး ပေါ်ပေါက်ခဲ့သည်ဟု ATOM MYANMAR (အက်တမ် မြန်မာ) က စုံစမ်းစစ်ဆေး၍ အတည်ပြုထားခြင်းမရှိသည့်အပြင် ယင်းဖြစ်ပျက်မှုသည် စည်းကမ်း သတ်မှတ်ချက်များအရ ATOM MYANMAR (အက်တမ်မြန်မာ) တွင် တာဝန်ရှိသော ကိစ္စရပ်မဟုတ်လျှင် မည်သည့် ငွေပေးချေမှုအတွက်မဆို ပြန်လည်ပေးအပ်ရန် လူကြီးမင်းမှ တောင်းဆိုခြင်း မပြုနိုင်ပါ။
5.3 အပိုဒ် (၅.၂) ပါဖေါ်ပြချက်များ အတိုင်း သုံးစွဲသူ၏တောင်းဆိုချက်မှာ မှန်ကန်ကြောင်း ATOM MYANMAR (အက်တမ်မြန်မာ) မှစစ်ဆေးတွေ့ရှိပါက၊ သုံးစွဲသူ အသုံးပြုခဲ့သော ATOM MYANMAR (အက်တမ်မြန်မာ) ၏ သက်ဆိုင်ရာ ဝန်ဆောင်မှု ထုတ်ကုန် (ဥပမာ၊ ဖုန်းဘေလ်အားဖြင့် ပြန်လည်ပေးအပ်ခြင်း၊ ဖြည့်တင်းငွေ(top-up) ဖြင့် ပြန်လည် ဖြည့်တင်း ပေးခြင်း) ကိုသာပြန်လည်ပေးအပ်မည်ဖြစ်ပြီး၊ သုံးစွဲသူ အသုံးပြုခဲ့ သော အွန်လိုင်း ငွေပေးချေမှု ချန်နယ် စာရင်းထဲသို့ ငွေသားပြန်လည် ပေးအပ်ခြင်း ပြုမည် မဟုတ်ပေ။
5.4 မူလ ပေးချေမှု ပြုလုပ်ဆောင်ရွက်ခဲ့သည့်ကာလနှင့် သုံးစွဲသူ၏ ATOM MYANMAR (အက်တမ်မြန်မာ) ထုတ်ကုန် အကောင့်သို့ ပြန်လည်ဖြည့်တင်း ပေးအပ်သည့် ကာလကြားတွင် ဖြစ်ပေါ်သော မည်သည့် ထုတ်ကုန်များ (product) ၏ ဈေးနှုန်းပြောင်းလဲမှုများအတွက်မဆို ATOM MYANMAR (အက်တမ်မြန်မာ) တွင် တာဝန်မရှိ သို့မဟုတ် တာဝန်ပေါ်ပေါက် ကျရောက်ခြင်းမရှိစေရပါ။
6. ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်များ
6.1 ATOM MYANMAR (အက်တမ်မြန်မာ) Payment Services ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် ဉာဏ ပစ္စည်း ဆိုင်ရာ မူပိုင်ခွင့်များသည် ATOM MYANMAR (အက်တမ်မြန်မာ) ကသာ ပိုင်ဆိုင်ကြောင်း သုံးစွဲသူက သိရှိနားလည်ပြီး အသိ အမှတ်ပြုပြီးပါသည်။ ဤစည်းကမ်းသတ်မှတ်ချက်များအောက် တွင်ပါရှိသော စည်းမျဉ်း စည်းကမ်းများ၊ သတ်မှတ်ချက်များ နှင့် တားမြစ် ကန့်သတ်ချက်များနှင့်အညီ နှင့် တိကျ ပြတ်သားသေချာစွာ အပ်နှင်းထားသော လိုင်စင် (အကယ်၍ သက်ဆိုင်အကျုံးဝင်ခြင်းရှိပါက သက်ဆိုင်အကျုံးဝင်သည့်အတိုင်း)နှင့်အညီ ဝန်ဆောင်မှုများကို သုံးစွဲခွင့်မှတစ်ပါး မည်သည့် ဝန်ဆောင်မှုများကိုမဆို သုံးစွဲသူ၏ သုံးစွဲမှုကြောင့် ATOM MYANMAR (အက်တမ်မြန်မာ) ၏ မည်သည့် ဝန်ဆောင်မှုများတွင် မဆို မည်သည့် ပိုင်ဆိုင်မှုဆိုင်ရာ အကျိုးစီးပွါး တစ်စုံတစ်ရာ မဆို၊ သို့မဟုတ် ယင်းနှင့် စပ်လျဉ်း၍ အခြားမည်သည့် အခွင့်အရေး တစ်စုံတစ်ရာကိုမျှ သုံးစွဲသူ က ရရှိခြင်းမရှိပါ။
6.2 ကျွန်ုပ်တို့၏ မည်သည့်ဝန်ဆောင်မှုများ (“မူပိုင်ခွင့်ရှိသော အမှတ်အသားများ”) တွင် မဆို ရရှိနိုင်သော ကျွန်ုပ်တို့၏ သို့မဟုတ် မည်သည့် အခြားတစ်ပါးသူ၏ မူပိုင်ခွင့်ရှိ နှင့်ပြီးသော အမှတ်အသားများတို့နှင့်စပ်လျဉ်း၍မဆို ကျွန်ုပ်တို့က စာဖြင့် အသေးစိတ် ရေးသား၍ တိကျ ပြတ်သားသေချာစွာ ကြိုတင်ခွင့်ပြုထားခြင်းမရှိလျှင် လူကြီးမင်းက သုံးစွဲခြင်း မပြုနိုင်ပါ၊ ယင်းကဲ့သို့ခွင့်ပြုချက်ကို ကျွန်ုပ်တို့၏ တစ်ဦးတစ်ဖက်တည်း ဆုံးဖြတ် ဆောင်ရွက်ပိုင်ခွင့်ဖြင့် ငြင်းပယ်နိုင်သည်။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ နှင့်စပ်လျဉ်း၍ သို့မဟုတ် အတူတကွ ထွက်ပေါ်လျက်ရှိသော အခြားတစ်ပါးသူများ၏ အမည်များ၊ ကုန်အမှတ် တံဆိပ်များ သို့မဟုတ် ဝန်ဆောင်မှု အမှတ်အသားများကို လူကြီးမင်းက သုံးစွဲခြင်းမပြုနိုင်ပါ။
6.3 ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို လူကြီးမင်း၏သုံးစွဲမှုနှင့်ဆက်စပ်၍ ကျွန်ုပ်တို့၏ သို့မဟုတ် အခြားတစ်ပါးသူများ၏ ဉာဏပစ္စည်းမူပိုင်ခွင့်များကို လူကြီးမင်း၏ ချိုးဖောက်မှုကြောင့် အကျိုးဆက်အဖြစ် မည်သည့် ထိခိုက်နစ်နာဆုံးရှုံးမှုများကိုမဆို၊ သို့မဟုတ် လူကြီးမင်း၏ ကူးယူခြင်း၊ ဖြန့်ချီခြင်း၊ ပြန်လည်ဖြန့်ချီခြင်း၊ ထုတ်လွှင့်ခြင်း၊ ထုတ်ဝေခြင်း သို့မဟုတ် ကျွန်ုပ် တို့၏ ဝန်ဆောင်မှုများ(မူပိုင်ခွင့်ရှိသော အမှတ်အသားများအပါအဝင်)ကို သုံးစွဲခြင်း၏ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောအားဖြင့် အကျိုးဆက်အဖြစ် အခြားမည်သည့် ထိခိုက် နစ်နာမှုအတွက်မဆို လူကြီးမင်းတစ်ဦးတစ်ဖက်တည်းတွင်သာ တာဝန်ရှိမည် ဖြစ်သည်။
7. ဤစည်းကမ်းသတ်မှတ်ချက်များကို ပြင်ဆင်ဆောင်ရွက်ခြင်းများ
7.1 မည်သည့်အကြောင်းကြောင့်၊ မည်သည့် အချိန်တွင်မဆို ဤစည်းကမ်း သတ်မှတ်ချက် များကို ATOM MYANMAR (အက်တမ်မြန်မာ) က အဆင့်မြှင့်တင် မွမ်းမံပြင်ဆင် ဆောင်ရွက်ခြင်းပြုနိုင်သည်။ ATOM MYANMAR (အက်တမ်မြန်မာ) မှ သင့်တော်သည့် အချိန်နှင့်နည်းလမ်းဖြင့် လူကြီးမင်းကို အသိပေးအကြောင်းကြားပါမည်။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို လူကြီးမင်းက ဆက်လက်သုံးစွဲမြဲ သုံးစွဲမှုပြုလျက်ရှိခြင်းက ဤစည်းကမ်း သတ်မှတ်ချက်များတွင် ပြုလုပ်လိုက်သော မည်သည့် ပြုပြင် ပြောင်းလဲမှု များကိုမဆို လူကြီးမင်းက လက်ခံသဘောတူညီသည်ဟု ATOM MYANMAR (အက်တမ်မြန်မာ) က မှတ်ယူမည် ဖြစ်သည်။
8. အထွေထွေ အရပ်ရပ်ဆိုင်ရာ ပြဌာန်းချက်များ
8.1 ဤပဋိညာဉ်အား မည်သည့်အချိန်တွင်မဆို အခြားသူသို့ လွှဲပြောင်းပေးခြင်း နှင့် တာဝန် အပ်နှင်းချထားခြင်းတို့ကို ဆောင်ရွက်ရန် အခွင့်အရေး ATOM MYANMAR (အက်တမ် မြန်မာ) တွင် ရှိမည် ဖြစ်သည်။
8.2 ဤ ဝန်ဆောင်မှုဆိုင်ရာ သဘောတူညီချက်ပဋိညာဉ် နှင့် ပြဌာန်းချက်တို့ကို မြန်မာနိုင်ငံ၏ ပြဌာန်းထားသောသက်ဆိုင်ရာဥပဒေများမှ လွှမ်းမိုးသက်ရောက် စီမံ‌ဆောင်ရွက်ရမည်။
8.3 ဤစည်းမျဉ်း စည်းကမ်းများသည် မြန်မာ၊ အင်္ဂလိပ် ၂ဘာသာရှိရာ ၎င်းတို့၂ခုကြား ကွဲလွဲမှုရှိပါက အင်္ဂလိပ်ဘာသာမှာ အတည်ဖြစ်သည်။

Back to top