We'd like to send you notifications of the latest posts and updates

ဘေးကင်းလုံခြုံရေး

ကျွန်ုပ်တို့၏ ဝန်ထမ်းများ၏ လုံခြုံရေးသည် အက်တမ် ၏ မူဝါဒဖွဲ့စည်းပုံတွင် သတ်မှတ်ထားသည့်အတိုင်း ၊  အဓိက ဦးစားပေးသော တန်ဖိုးထားသောအရာ ဖြစ်ပါ သည်။

ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတွင် အလုပ်နှင့်ဆက်နွှယ်သော အန္တရာယ်ဆန်းစစ်လေ့လာမှုကို သေချာစွာ ဆောင်ရွက် ကြပြီး ကျွန်ုပ်တို့၏ဝန်ထမ်းများကို မည်သည့်ဒေသသို့မဆို  မသွားရောက်မီကပင် အန္တရာယ်များကို ကာကွယ် ရှောင်ရှားနိုင်ရန် သို့မဟုတ် ထိန်းချုပ်နိုင်ရန်အတွက်သေချာစေရန် နိုင်ငံတကာမှ အကောင်းဆုံးသော အလေ့အကျင့်စံနှုန်းများနှင့်အညီအထူးစီမံဆောင်ရွက်ထားပါသည်။

ပုဂ္ဂလိကလုံခြုံရေး ကူညီဆောင်ရွက်သူများထံမှ ဝန်ဆောင်မှုများအတွက် လိုအပ်ချက် များ ရှိလာပါက အက်တမ် သည် ၎င်း၏ အကောင်းဆုံး အလေ့အကျင့်များအရ လုပ်ဆောင်မည်ဖြစ်ပြီး ကျန်းမာရေး ၊ လုံခြုံရေးဆောင်ရွက်မှု သေချာစေရန် သင်တန်းပေးလေ့ကျင့် မှု နှင့် ဖွံ့ဖြိုးတိုးတက်မှုကို အသေအချာကြည့်ရှုပြီး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

Back to top