We'd like to send you notifications of the latest posts and updates
အက်တမ်သည် တာဝန်ယူမှုရှိပြီး ပွင့်လင်းမြင်သာကာ ရေရှည်တည်တံ့ခိုင်မြဲသော ပေးသွင်းသူဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲမှု တည်ဆောက်ရန် ကတိပြုထားပါသည်။ ကျွန်ုပ်တို့၏ လုပ်ငန်းဆောင်ရွက်မှုနည်းလမ်းများ အရ ပေးသွင်းသူအားလုံးသည် ကျင့်ဝတ်နှင့်အညီ လုပ်ငန်းဆောင်ရွက်ခြင်း၊ ဥပဒေနှင့်စည်းမျဉ်းများကို လိုက်နာခြင်း၊ လူ့အခွင့်အရေးကိုလေးစားခြင်းနှင့် သဘာဝပတ်ဝန်းကျင်အပေါ် တာဝန်ယူမှုရှိခြင်းတို့ကို သတ်မှတ် ဖော်ပြထားသည့် ပေးသွင်းသူများဆိုင်ရာ ကျင့်ဝတ်စည်းမျဥ်းများနှင့် ကိုက်ညီစွာလုပ်ကိုင်ကြောင်း သေချာစေရန် ဆောင်ရွက်လျက်ရှိပါသည်။ စံနှုန်းများကို မြင့်မားစွာ ထိန်းသိမ်းနိုင်ရန်အတွက် ထောက်ပံ့ရေးကွင်းဆက် တစ်လျှောက် ပုံမှန်စောင့်ကြည့်ခြင်းနှင့် စစ်ဆေးခြင်းများ ပြုလုပ်ပြီး လိုက်နာမှုနှင့် လုပ်ငန်းဆောင်ရွက်မှု၏ မှန်ကန်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ အကဲဖြတ်စစ်ဆေးမှုများ မှတစ်ဆင့် တိုးတက်ကောင်းမွန်ရန် လိုအပ်သည့် ကဏ္ဍများကို ဖော်ထုတ်နိုင်ပြီး ပေးသွင်းသူများနှင့် ပူးပေါင်းကာ လိုအပ်ချက်များနှင့် ကွာဟချက်များကို ဖြည့်ဆည်းဖြေရှင်းလျက်ရှိပါသည်။ ထို့အပြင် အက်တမ်သည် ပေးသွင်းသူ များအားလုံးအတွက် ရေရည်တည်တံ့ရေးဆိုင်ရာလုပ်ငန်းစဥ်များ၊ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေး နှင့် သဘာဝ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ နားလည်သဘောပေါက်မှုများ ပိုမိုခိုင်မာလာစေရန် စွမ်းရည်မြှင့်တင်ရေးနှင့် သင်တန်းအစီအစဉ်များကိုလည်း ပေးအပ်လျက်ရှိပါသည်။ စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အပြန်အလှန်တာဝန်ယူမှုတို့မှတစ်ဆင့် အက်တမ်သည် ပေးသွင်းသူ၏ စံနှုန်းများကို ပိုမိုမြင့်မားလာစေရန်နှင့် မြန်မာနိုင်ငံအတွက် ပိုမိုရေရှည်တည်တံ့ခိုင်မြဲသော အနာဂတ်တစ်ရပ်ကို ဖော်ဆောင်နိုင်ရန် ကြိုးပမ်းလျက် ရှိပါသည်။
အက်တမ် (ATOM) အနေဖြင့် တာဝန်ယူမှုရှိသော၊ ပွင့်လင်းမြင်သာမှုရှိသော၊ ရေရှည်တည်တံ့ခိုင်မြဲသော ပေးသွင်းသူကွင်းဆက်တစ်ခုကို တည်ဆောက်ရန် ကတိပြုထားပါသည်။ ကျွန်ုပ်တို့၏ လုပ်ငန်းစဉ်များသည် ကုန်ပစ္စည်းနှင့် ပေးသွင်းသူအားလုံးကို ကျင့်ဝတ်နှင့်ညီသော စီးပွားရေးလုပ်ထုံးလုပ်နည်းများ၊ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများလိုက်နာမှု၊ လူ့အခွင့်အရေးလေးစားလိုက်နာမှု နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ယူမှုများ ပါဝင်သည့် “ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု ပေးသွင်းသူဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ” နှင့်အညီ ဖြစ်စေရန် အလေးပေးဆောင်ရွက်လျက်ရှိပါသည်။ ကျွန်ုပ်တို့သည် ပေးသွင်းသူကွင်းဆက်တစ်လျှောက် စံချိန်စံညွှန်းများ မြင့်မားစွာ ထိန်းသိမ်းနိုင်ရန် ပုံမှန် စောင့်ကြည့်စစ်ဆေးမှုများကို အလေးထားဆောင်ရွက်လျက်ရှိပါသည်။ ဤစစ်ဆေးမှုများသည် ပိုမိုကောင်းမွန်ပြီး တိုးတက်ရန်လိုအပ်သောနေရာများကို ရှာဖွေဖော်ထုတ်ရာတွင် ကျွန်ုပ်တို့ကို အထောက်အကူပြုသကဲ့သို့ လိုအပ်ချက်များကို ဖြေရှင်းရန်အတွက်လည်း ပေးသွင်းသူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
အခြားအဓိကအာရုံစိုက်သည့် ကဏ္ဍများတွင် စွမ်းရည်မြှင့်တင်ခြင်း နှင့် ပေးသွင်းသူများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး၊ လုပ်ငန်းခွင်အခြေအနေများ၊ အသက်မပြည့်သေးသူများအား အလုပ်ခိုင်းစေမှုနှင့် အဂတိလိုက်စားမှု တားဆီးရေးဆိုင်ရာကိစ္စရပ်များကို အစောပိုင်းကတည်းက နီးကပ်စွာ စောင့်ကြည့်ခြင်းတို့ ပါဝင်ပါသည်။
ဤကဏ္ဍတွင် အက်တမ် (ATOM) သည် ကြိုတင်ကာကွယ်သည့်နည်းလမ်းဖြင့် ဆောင်ရွက်လျက်ရှိပြီး ပေးသွင်းသူကွင်းဆက်အတွင်း တာဝန်ယူမှုရှိသော လုပ်ငန်းဆောင်ရွက်မှုအတွက် အက်တမ် (ATOM) ၏ တင်းကျပ်သော သတ်မှတ်ချက်များနှင့် မကိုက်ညီသည့် အခြေအနေများကို အချိန်မီ ဖော်ထုတ်နိုင်ရန်နှင့် ထိုကဲ့သို့သော အခြေအနေများကို လျှော့ချဖြေရှင်းနိုင်ရန် အဆင်သင့်ရှိရမည်ဖြစ်ပါသည်။
အက်တမ် (ATOM) သည် ပေးသွင်းသူကွင်းဆက်အတွင်း စဉ်ဆက်မပြတ် စွမ်းရည်မြှင့်တင်ရေးတွင် ရင်းနှီးမြှုပ်နှံ လျက်ရှိပြီး ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး၊ လမ်းပေါ်ဘေးကင်းလုံခြုံရေးနှင့် အဂတိလိုက်စားမှု တားဆီးရေး တို့ကို အဓိကထားသည့် သင်တန်းများကို ပေးအပ်လျက်ရှိပါသည်။ ထို့အပြင် မြန်မာဘာသာဖြင့် ဘာသာပြန် ထားသော သင်တန်းနှင့် အသိပညာပေးကိရိယာများကို အဓိက ပေးသွင်းသူများထံ ဖြန့်ဝေပေးလျက်ရှိပါသည်။ ပေးသွင်းသူများနှင့် လက်အောက်ခံပေးသွင်းသူများ၏ နေရာကွင်းဆင်းကြည့်ရှုခြင်း နှင့်စစ်ဆေးခြင်းများကို ၂၀၁၃ ခုနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ပြီး ကွန်ရက်ဖြန့်ချိခြင်းကာလအတွင်းလည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
Back to top
Share