We'd like to send you notifications of the latest posts and updates
အက်တမ် (ATOM) သည် ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြု စံနှုန်းတစ်ခုဖြစ်သော ISO 14001:2015 လက်မှတ်ကို Head Office Management for Telecom Operation နယ်ပယ်အတွက် ၂၀၂၅ ခုနှစ်တွင် ရရှိခဲ့ပါသည်။ ဤမှတ်တိုင်သည် လုပ်ငန်းလည်ပတ်မှုအားလုံးတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများကို စီမံခန့်ခွဲခြင်း၊ အန္တရာယ်များ လျှော့ချခြင်းနှင့် ရေရှည်တည်တံ့ခိုင်မြဲမှုကို စဉ်ဆက်မပြတ် မြှင့်တင်ခြင်းတို့အပေါ်ထားရှိသော အက်တမ် (ATOM) ၏ ခိုင်မာသော ကတိကဝတ်ကို ထင်ဟပ်စေပါသည်။
အက်တမ် (ATOM) သည် စိမ်းလန်းသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုပ်ဆောင်ချက်များ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ရေရှည်တည်တံ့သော အခြေခံအဆောက်အအုံ များတွင် ရင်းနှီးမြှုပ်နှံလျက်ရှိပါသည်။ ကျွန်ုပ်တို့သည် ဒေတာစင်တာများရှိ ဆိုလာပြားစနစ်များကို အဆင့်မြှင့်တင်ခဲ့ပြီး တစ်နှစ်လျှင် ဖန်လုံအိမ်ဓာတ်ငွေ့ (GHG) ထုတ်လွှတ်မှု မက်ထရစ်တန်ချိန် (၁,၅၀၀) လျှော့ချရန် ရည်မှန်းထားသော Solar Farm တစ်ခုကိုလည်း တည်ဆောက်လျက်ရှိပါသည်။ လက်ရှိတွင် အက်တမ် (ATOM) တာဝါတိုင် site များ၏ ၄၀% သည် ဆိုလာစွမ်းအင်သုံး site များ ဖြစ်ပါသည်။ အက်တမ် (ATOM) သည် သစ်တောပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် နေပြည်တော်၊ အောက်ဆင်သေ သစ်တောကြိုးဝိုင်းတွင် သစ်ပင်ပေါင်း (၁,၀၀၀) ကို စိုက်ပျိုးခဲ့ပြီး၊ မြန်မာငွေကျပ် (၁၅.၇) သန်း ရင်းနှီးမြှုပ်နှံ လှူဒါန်းခဲ့ပါသည်။
အက်တမ် (ATOM) သည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးထား ဆောင်ရွက်လျက်ရှိပြီး ပတ်ဝန်းကျင် ဆိုင်ရာ တာဝန်ယူမှု ပိုမိုတိုးတက်လာစေရန် ရည်ရွယ်သည့် အစီအစဉ်များကို အကောင်အထည်ဖော်လျက် ရှိပါသည်။ ထို့အပြင် ဆက်သွယ်ရေးဝန်ဆောင်မှုများကို အသုံးချ၍ သယံဇာတအသုံးပြုမှု ထိရောက်သော ရေရှည်တည်တံ့သည့် ဖြေရှင်းနည်းများ ဖွံ့ဖြိုးစေရန် လုပ်ငန်းအစီအစဉ်များကိုလည်း ပံ့ပိုးကူညီလျက်ရှိပါသည်။
Back to top
Share