We'd like to send you notifications of the latest posts and updates

သင်္ကြန်တွင်းမှာ ဖုန်းတွေတဝကြီးပြောပြီး 100% Cashback ယူကြမယ်...ဒီကို နှိပ်ပါ။

ကိုယ်ဝန်ဆောင်စောင့်ရှောက်ခြင်းနှင့် မျိုးဆက်ပွားကျန်းမာရေး

မြန်မာနိုင်ငံ၏ ၅၁.၅သန်းသော လူဦးရေ၏ ၇၀%သည် ကျန်းမာရေး ဝန်ဆောင်မှုများနှင့် အကြံပေးချက်များ နည်းပါးသည့် ကျေးလက်ဒေသများတွင်နေထိုင်ပါသည်။ မြန်မာနိုင်ငံတွင် လူအယောက် ၁,၀၀၀စီ အတွက် ကျန်းမာရေးလုပ်သားများ အချိုးသည်ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း၏ စံဖြစ်သော ၂:၃ ထက်ပင်နည်းနေပါသေးသည်။ တာဝန်သိလူမှု အကျိုးပြု အစီအစဉ်၏ အစိတ်အပိုင်းအဖြစ် တယ်လီနောမြန်မာသည် Marie Stopes Myanmar (MSM) နှင့်လက်တွဲလုပ်ဆောင်ကာကိုယ်ဝန်ဆောင်မိခင်များ၊ မိခင်သစ်များနှင့် လူငယ်များအား မျိုးဆက်ပွား ကျန်းမာရေးစောင့်ရှောက်မှု အကြံပေးချက်မျိုးစုံဖြင့် ဝန်ဆောင်နိုင်ရန်ရည်ရွယ်ပြီး Mate App အားထုတ်လုပ်ခဲ့ပါသည်။

MSM သည် မြန်မာနိုင်ငံတွင် လိင်နှင့်မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုလုပ်ငန်းများတွင် ဦးဆောင်နေသော အဖွဲ့အစည်း ဖြစ်ပါသည်။ Mate App ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းသည် မိုဘိုင်းလ် နည်းပညာအသုံးပြု၍ MSM၏ ကျန်းမာရေးစောင့်ရှောက်မှု ခံယူသူများ ဆီသို့ အသိပညာပေးလုပ်ငန်းများ၊ကျန်းမာရေး ဝန်ဆောင်မှု မတိုင်ခင်နှင့် ဝန်ဆောင်မှုပြီးနောက် ထောက်ပံမှုလုပ်ငန်းများ ကို ထိထိရောက်ရောက် နှင့် တွင်တွင်ကျယ်ကျယ်ဖြစ်စေရန်နှင့် လုပ်ငန်းလည်ပတ်မှုများတွင်အချိန်တိုတိုနှင့် အကျိုးများစေ ရန်ရည်ရွယ်ခဲ့ပါသည်။


​အ​တိ​အ​ကျ​အား​ဖြင့်​ဤ Mate App ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းသည် အောက်ပါတို့ကို ဖော်ဆောင်ရန် ရည်ရွယ်ခဲ့ပါသည်။ 

ကြာချိန် : ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ မှ ၂၀၁၇၊ မေလ အထိ

အကျိုးသက်ရောက်မှု : App အသုံးပြုသူ ၈၈,၀၀၀ ကျော်

Back to top