We'd like to send you notifications of the latest posts and updates

ကံထူးကံမြူး၊ သိန်းပေါင်း ၆၀၀၀ အထိ ဆွတ်ခူး Read more

အက်တမ် (ATOM) အလုပ်သင်အစီအစဉ်

အက်တမ် (ATOM) မြန်မာနှင့်လက်တွဲ၍ သင်၏စွမ်းရည်များကို အတွေ့အကြုံအဖြစ်ပြောင်းလဲလိုက်ပါ

အက်တမ် (ATOM) အလုပ်သင်အစီအစဉ်ဆိုသည်မှာ

ကုမ္ပဏီရှိကျွမ်းကျင်သူများ၏လမ်းညွှန်မှုဖြင့် ကျောင်းသားများအား ပရော်ဖက်ရှင်နယ်လုပ်ငန်း အတွေ့အကြုံများ ဖန်တီးပေးသည့် အစီအစဉ်ဖြစ်သည်။ ဤအစီအစဉ်တွင် အလုပ်ခွင်သင်တန်းများ သာမက အပြုသဘော ဆောင်သော သုံးသပ်ချက်များဖြင့် ကျောင်းသားများ လုပ်ငန်းခွင်ဝင်ရန် အသင့်ပြင်ဖြစ်စေရေး လုပ်ဆောင်ချက်များ လည်း ပါဝင်သည်။

အလုပ်သင်အဖြစ်လျှောက်ထားနိုင်သူများမှာ

သတင်းအချက်အလက်နှင့်နည်းပညာ၊ ကွန်ပြူတာသိပ္ပံ၊ ကွန်ပြူတာနည်းပညာ၊ အီလက်ထရောနစ်နှင့် လျှပ်စစ် အင်ဂျင်နီယာ၊ စီးပွားရေးစီမံခန့်ခွဲမှု၊ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု၊ သို့မဟုတ် ပြည်သူ့ဆက်ဆံရေးနှင့် ဆက်သွယ်ပြန်ကြားရေးစသည့် ဘာသာရပ်များကို တက်ရောက်နေသည့် နောက်ဆုံးနှစ်ကျောင်းသားများအတွက် ရည်ရွယ်သည်။ ရွေးချယ်ခံရသော ကျောင်းသားများသည် အက်တမ် (ATOM) မြန်မာ၏ လုံခြုံစိတ်ချရပြီး မြန်ဆန် ဖျတ်လတ်သည့် လုပ်ငန်းခွင်တွင် ၂ လမှ ၃ လအထိအလုပ်လုပ်ရန် အခွင့်အရေးရရှိမည်ဖြစ်သည်။

လျှောက်ထားရန်

တစ်နှစ်လျှင်နှစ်ကြိမ် ခေါ်ယူလေ့ရှိသည်။ လျှောက်လွှာနှင့်ပတ်သက်သည့် အချက်အလက်များကို https://web.facebook.com/groups/ATOMcareers/ တွင် ကြေညာပါမည်။ စုံစမ်းမေးမြန်းလိုပါက ကျေးဇူးပြု၍ အက်တမ် (ATOM) မြန်မာ - internship@atom.com.mm သို့ဆက်သွယ်ပါ။

ဒေါင်းလုပ်ရယူရန်

အက်တမ် (ATOM) မြန်မာ အလုပ်သင်အစီအစဉ် လျှောက်လွှာကို ဤနေရာတွင် ရယူနိုင်ပါသည်။

Back to top