We'd like to send you notifications of the latest posts and updates

Press Release

အက်တမ် (ATOM) က မြန်မာနိုင်ငံ၏ အလုပ်လုပ်ကိုင်ရန် အကောင်းဆုံးလုပ်ငန်းခွင် GREAT PLACE TO WORK® အဖြစ် အသိအမှတ်ပြုလက်မှတ်ရ

07 Nov,2024 - Yangon | 2 mins read

  • အက်တမ် (ATOM) သည် Great Place to Work® ၏ ဝန်ထမ်းများ၏စိတ်ကျေနပ်မှုရလဒ် (employee satisfaction score) ၈၅ ရာခိုင်နှုန်းရရှိ
  • အက်တမ် (ATOM) သည် Great Place to Work® အသိအမှတ်ပြုလက်မှတ်ရရှိရန် ကြိုးပမ်းမှု ခရီးစဉ်တွင် မိမိတို့၏ ဝန်ထမ်းများကို ဦးစားပေးကာ ပိုမိုကောင်းမွန်သော လုပ်ငန်းခွင် ယဉ်ကျေးမှုကို ကျင့်သုံးခဲ့
  • ဝန်ထမ်းများ၏ အောင်မြင်တိုးတက်မှုနှင့် ပိုမိုကောင်းမွန်သော စံပြလုပ်ငန်းခွင်တစ်ခုအဖြစ် ဆက်လက်ဖော်ဆောင်ရန် ရည်ရွယ်

ရန်ကုန်မြို့၊ မြန်မာနိုင်ငံ၊ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ - မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှုပေးအပ်လျက်ရှိသည့် အက်တမ် (ATOM) သည် ၂၀၂၄ နိုဝင်ဘာလ မှ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ကာလအပိုင်းအခြားအတွက် အလုပ်လုပ်ကိုင်ရန် အကောင်းဆုံးလုပ်ငန်းခွင်တစ်ခုအဖြစ် Great Place to Work® ၏ တရားဝင်အသိအမှတ်ပြုခံရကြောင်းကို ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် အသိပေးအပ်ပါသည်။ အက်တမ် (ATOM) သည် ဝန်ထမ်းများ၏စိတ်ကျေနပ်မှုရလဒ် ၈၅ ရာခိုင်နှုန်းရရှိခဲ့ပါသည်။ ဤကဲ့သို့ အသိအမှတ်ပြုခံရခြင်းသည် အက်တမ် (ATOM) ၏ ဝန်ထမ်းများအလုံးစုံတိုးတက်မှုကို ပံ့ပိုးနိုင်သည့် လူမှုအသိုင်းအဝန်းဦးစားပေးလုပ်ငန်းခွင်ယဉ်ကျေးမှုတည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက် နေမှုအတွက် အဓိကကျသောမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခြင်းဖြစ်ပါသည်။  

ဤကဲ့သို့ အသိအမှတ်ပြု လက်မှတ်ရရှိခြင်းသည် ဝန်ထမ်းတစ်ဦးနှင့်တစ်ဦးတန်ဖိုးထားဆက်ဆံပြီး လက်တွဲညီသောလုပ်ငန်းခွင်တစ်ခု ဖန်တီးတည်ဆောက်ရန် ကြိုးပမ်းနေသည့် အက်တမ် (ATOM) အားထုတ်မှုကို သက်သေပြနေခြင်း ဖြစ်ပါသည်။ Great Place to Work® အသိအမှတ်ပြုလက်မှတ်ဆိုင်ရာ စစ်တမ်းကောက်ယူမှုကို ဝန်ထမ်း ၉၈ ရာခိုင်နှုန်း က တက်ကြွစွာ ဝင်ရောက်ဖြေဆိုခဲ့သည်ကိုထောက်ရှုခြင်းအားဖြင့် ၎င်းတို့၏ စိတ်ပါဝင်စားမှုကို သိသာ ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။ စစ်တမ်းကောက်ယူမှုတွင် ဝန်ထမ်းအများအပြား ပါဝင်ဖြေဆိုခဲ့ခြင်းမှာ ဝန်ထမ်းအားလုံး၏ တစ်ညီတစ်ညွတ်တည်း စုပေါင်းတည်ဆောက်ထားသော လုပ်ငန်းခွင်ယဉ်ကျေးမှုအပေါ် ထားရှိသည့် ဂုဏ်ယူစိတ်နှင့် ကတိကဝတ်ကို ထင်ဟပ်နေစေပါသည်။ 

အက်တမ် (ATOM) သည် ဝန်ထမ်းအချင်းချင်းလေးစားကာ ရိုင်းပင်းကူညီတတ်သည့် အသင်းအဖွဲ့ စိတ်ဓာတ်ရှိသော စံတန်ဖိုးများ၊ လုပ်ငန်းခွင်ယဉ်ကျေးမှုများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် မြန်မာ့ အကောင်းဆုံးလုပ်ငန်းခွင်တစ်ခုအဖြစ်ရပ်တည်ရန် ရည်ရွယ်ပါသည်။ ဝန်ထမ်းများ၏ အလုံးစုံတိုးတက် အောင်မြင်မှုကို ဦးစားပေးလျက် ပိုမိုကောင်းမွန်ပြီး သမမျှတသော လုပ်ငန်းခွင်ဖြစ်လာစေရန် မကြာသေးမီက ဝန်ထမ်းများဦးဆောင်သော အလုပ်ခွင်ယဉ်ကျေးမှုကို ပိုမိုကောင်းမွန်စေပြီး ဝန်ထမ်းတိုင်းပါဝင်လုပ်ဆောင်နိုင်သည့်လှုပ်ရှားမှု တစ်ခုဖြစ်သည့် “ကျွန်ုပ်တို့၏အပြုအမူ၊ ကျွန်ုပ်တို့၏ယဉ်ကျေးမှု” အစီအစဉ်များအပြင် ဝန်ထမ်းထိတွေ့ဆက်ဆံမှု ပုံမှန်စစ်တမ်းကောက်ယူခြင်း၊ အခြားအသင်းအဖွဲ့စိတ်ဓါတ် တည်ဆောက်ရေး လှုပ်ရှားမှုများကို ပြုလုပ်ပံ့ပိုးပေးထားပါသည်။ 

အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah က “Great Place to Work® ရဲ့ အလုပ်လုပ်ဖို့ အကောင်းဆုံးနေရာတစ်ခုအဖြစ် အသိအမှတ်ပြုခံရခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်မိပါ တယ်။  ဒီအသိအမှတ်ပြုမှုဟာ ကျွန်တော်တို့ကြိုးစားတည်ဆောက်နေတဲ့ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင် ယဉ်ကျေးမှုကိုထင်ဟပ်နေတာကြောင့် ကျွန်တော်တို့အားလုံးအတွက် အင်မတန်မှအဓိပ္ပါယ်ရှိပါတယ်။ ဒါဟာ  အက်တမ် (ATOM) က ဝန်ထမ်းတွေအားလုံး အတူတူကြိုးစားတည်ဆောက်ထားတာကို အသိအမှတ် ပြုတာဖြစ်ပါတယ်။ ဒါ့အပြင် ဝန်ထမ်းအားလုံး ပိုမိုတိုးတက်ရုံသာမက တီထွင်ဆန်းသစ်မှုရှိပြီး လုပ်ပိုင်ခွင့် အပြည့်အဝရှိတဲ့ အောင်မြင်နိုင်တဲ့ လုပ်ငန်းခွင်တစ်ခုဖြစ်လာအောင် ဆထက်တပိုးတိုးကြိုးစားဖို့ စိတ်ခွန်အား ပေးရာလည်း ရောက်ပါတယ်။” ဟု  ပြောကြားခဲ့ပါသည်။ 

Great Place to Work® အသိအမှတ်ပြုလက်မှတ်သည် လူတိုင်းပါဝင်နိုင်သော လုပ်ငန်းခွင်တစ်ခု ဖန်တီးရာတွင် အက်တမ် (ATOM) မှကျင့်သုံးနေသည့် စံတန်ဖိုးများဖြစ်သော ပွင့်လင်းမြင်သာမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ဆန်းသစ်တီထွင်မှု၊ တစ်ဦးပေါ်တစ်ဦးလေးစားမှုနှင့် စွမ်းဆောင် နိုင်မှုတို့ကို ထင်ဟပ်စေပါသည်။  အက်တမ် (ATOM) အနေဖြင့် ဝန်ထမ်းအားလုံး တစ်ဦးနှင့်တစ်ဦးလေးစား တန်ဖိုးထားဆက်ဆံကြပြီး အောင်မြင်တိုးတက်မှုအတွက် ကူညီဖေးမသော ပတ်ဝန်းကျင် ကောင်းရှိသည့် လုပ်ငန်းခွင်တစ်ခုကိုဆက်လက် အကောင်အထည်ဖော်ဖန်တီးသွားမည်ဖြစ်ပါသည်။

- ပြီး - 

အက်တမ် (ATOM) အကြောင်း 

အက်တမ် (ATOM) သည် လူ့အသိုင်းအဝိုင်းကို ဦးစားပေးပြီး (People-First) ရည်ရွယ်ချက်၊ ရည်မှန်းချက်များအတိုင်း လုပ်ဆောင်မည့် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ နိုင်ငံ အကောင်းဆုံး 4.5G VoLTE ကွန်ရက်ဖြင့် ကျွန်ုပ်တို့သည် လူနေမှုဘဝတိုးတက်စေရန်၊ စီးပွားရေးလုပ်ငန်းများကို တိုးတက်ကောင်းမွန်ရန်နှင့် လူမှုအသိုင်းအဝိုင်းများအကြား ချိတ်ဆက်မှု ပိုမိုအားကောင်းစေမည့် စျေးနှုန်းသက်သာသော လုံခြုံပြီး ကမ္ဘာ့အဆင့်မီ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများစွာကို ပေးဆောင်လျက်ရှိပါသည်။ အက်တမ် (ATOM) သည် စဉ်ဆက်မပြတ် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်အခြေပြု အသိုင်းအဝန်းတည်ဆောက်ဖော်ဆောင် သွားမည်ဟု ကတိပြုပါသည်။ မျှော်မှန်းချက်ဖြစ်သည့် မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်ခြင်းထက် သာလွန်သော ဘဝအတွေ့အကြုံများရရှိခံစားနိုင်စေရန် ပိုမိုကောင်းမွန်သောချိတ်ဆက်မှုဖြင့် မြန်မာနိုင်ငံကို ပံ့ပိုးလုပ်ဆောင်ပေးရန် ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက www.atom.com.mm သို့မဟုတ်  Facebook နှင့် LinkedIn စာမျက်နှာများမှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။ 

 Great Place to Work® အကြောင်း 

လုပ်ငန်းခွင်ယဉ်ကျေးမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် Great Place to Work® သည် နှစ် ၃၀ ကြာပြုလုပ်ခဲ့သော အများနှင့်မတူကွဲပြားခြားနားသည့် သုတေသနစစ်တမ်းများနှင့် အချက်အလက်များပေါ်မူတည်ပြီး လုပ်ငန်းခွင်တိုင်းကို အလုပ်လုပ်ကိုင်ရန် အကောင်းဆုံးနေရာတစ်ခုဖြစ်လာစေရန် ကူညီပံ့ပိုးပေးလျက်ရှိပါသည်။ Great Place to Work® ကိုယ်ပိုင်ပလပ်ဖောင်း (platform) နှင့် For All™ စံပုံစံသည် ကုမ္ပဏီများ၏ လုပ်ငန်းခွင် ပတ်ဝန်းကျင်မှ ဝန်ထမ်းတိုင်း၏အတွေ့အကြုံကို အကဲဖြတ်ပြီး စံသတ်မှတ်ချက်ပြည့်မှီသော လုပ်ငန်းခွင်များကို Great Place to Work® အသိအမှတ်ပြုလက်မှတ် သို့မဟုတ် အကောင်းဆုံးလုပ်ငန်းခွင်များ (Best Workplaces™) စာရင်းတွင် ပါဝင်နိုင်ရန် ကူညီပေးပါသည် 

 သတင်းမီဒီယာများအနေဖြင့် ထပ်မံသိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန် Communications@aml.mobi

Back to top