We'd like to send you notifications of the latest posts and updates

Press Release

အက်တမ် (ATOM) က Trust Oo နှင့်အတူ အွန်လိုင်းမှ တစ်ဆင့်ကျန်းမာရေးဆွေးနွေးဝန်ဆောင်မှု (Telemedicine) အား မြန်မာ့လူမှုအသိုင်းအဝိုင်းအတွက် ဆက်လက်ပံ့ပိုးပေးရန် မိတ်ဖက်အဖြစ် လက်တွဲပူးပေါင်းမှု သက်တမ်းတိုး

15 Nov,2024 - Yangon | 3 mins read

  • အက်တမ် (ATOM) သည် Trust Oo Co., Ltd. နှင့်ပူးပေါင်းပြီး ၂၄နာရီ ပိတ်ရက်မရှိ အခမဲ့ Telemedicine ဝန်ဆောင်မှုများကို တတိယမြောက်နှစ်အတွက် ဆက်လက်ပံ့ပိုးပေး
  • ၂ နှစ်တာကာလအတွင်း ATOM အသုံးပြုသူ ၂၀၀,၀၀၀ ကျော်အတွက် အခမဲ့ဆေးဘက်ဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ရန် ကျပ်သန်း ၂၀၀ နီးပါး ရင်းနှီးမြှုပ်နှံခဲ့
  • ၅ လကြာပြုလုပ်ခဲ့သော Telemedicine campaign အတွက် လစဉ်ဆုမဲအစီအစဉ် ကံထူးသူများနှင့် အထူးကျန်းမာရေးကုသမှုအစီအစဉ်ဆုရရှိသူ ၂ ဦးကို ဆုချီးမြှင့်ခဲ့

ရန်ကုန်မြို့၊ မြန်မာနိုင်ငံ၊ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့ -  သုံးစွဲသူများကို Telemedicine ဝန်ဆောင်မှုများ ဆက်လက်ပံ့ပိုးရန် မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှုပေးအပ်လျက်ရှိသည့် အက်တမ် (ATOM) သည် မြန်မာနိုင်ငံ၏ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်မှ ဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်သော Trust Oo Co., Ltd., နှင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့၌ Sule Square ရှိ အက်တမ် ရုံးချုပ်တွင် မိတ်ဖက်ပူးပေါင်းခြင်း သက်တမ်းတိုးရန် လက်မှတ်ရေးထိုးခဲ့ပါသည်။  အက်တမ် သည် နှစ်နှစ်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူပေါင်း နှစ်သိန်းကျော်အတွက် ဆေးဘက်ဆိုင်ရာ အကြံဉာဏ်များ အခမဲ့ပေးနိုင်ရန်  မြန်မာကျပ်ငွေ သန်း ၂၀၀ နီးပါးရင်းနှီးမြှုပ်နှံခဲ့ပါသည်။ Telemedicine အစီအစဉ်သည်  အက်တမ်၏ လူမှုအကျိုးပြုအစီအစဉ် တစ်ခုဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုများနှင့် အလှမ်းဝေး‌သော အခြေခံလူတန်းစားများအတွက် တယ်လီဖုန်း မှတစ်ဆင့်  ၂၄နာရီ၊ ပိတ်ရက်မရှိ၊ အကန့်အသတ်မရှိ၊ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု တိုင်ပင်ဆွေးနွေးခြင်း ဝန်ဆောင်မှုများ ပံ့ပိုးပေးရန် ရည်ရွယ်ပါသည်။ 

Telemedicine

နေထိုင်ရာဒေသမရွေး လူအများကောင်းမွန်သော ကျန်းမာရေးဝန်ဆောင်မှုများ ရရှိရန် ထိုက်တန်သည်ဟု အက်တမ် က ယုံကြည်ပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အလှမ်းဝေးသော ကျေးလက်ဒေသ နှင့် ဝေးလံခေါင်သီသောအရပ်တွင် နေထိုင်ကြသည့် ၇၀ ရာခိုင်နှုန်းသော မြန်မာပြည်သူများကို တိုက်ရိုက် အကျိုးပြုစေရန် ရည်ရွယ်ကာ ဤ Telemedicine အစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။ ၎င်း၏ လူမှုအသိုင်းအဝိုင်းဦးစားပေးသည့် ယဉ်ကျေးမှု၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် အက်တမ် သည်

လူမှုအဖွဲ့အစည်းများအတွင်း ကျန်းမာသုခကို ယူဆောင်ပေးနိုင်ခြင်း၏ အရေးပါမှုကို သိရှိကာ စိတ်ချယုံကြည်ရပြီး အချိန်ကုန်သက်သာ အဆင်ပြေသော ကျန်းမာရေးစောင့်ရှောက်မှုကို ပေးအပ်နိုင်ရန် ကြိုးပမ်းခဲ့ပါသည်။ 

အက်တမ် ၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah က “ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ Telemedicine အစီအစဉ်ကနေတဆင့် အက်တမ် သုံးစွဲသူ နှစ်သိန်းကျော်ကို အကူအညီပေးနိုင်ခဲ့တဲ့အတွက် အလွန်ပဲ ဝမ်းသာမိပါတယ်။  ဒီလိုမျိုး ကျန်းမာရေးဝန်ဆောင်မှုလိုအပ်နေသူတွေကို ကူညီပေးနိုင်ခဲ့တာကြောင့် ဒီအစီအစဉ်ဆက်လက်လုပ်ဆောင်သွားဖို့ ခွန်အားတွေရရှိခဲ့ပါတယ်။  ဒါကြောင့်မို့ Trust Oo Co., Ltd., နဲ့ ကျွန်တော်တို့ရဲ့ မိတ်ဖက်အဖြစ် ဆက်လက်လက်တွဲလုပ်ဆောင်သွားဖို့ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါ တယ်။  တာဝန်သိလုပ်ငန်းတစ်ခုအနေနဲ့ ကောင်းမွန်သောအကျိုးသက်ရောက်မှုတွေအပြင် လူမှုဝန်းကျင်ကို ပြန်လည်အကျိုးပြုနိုင်တဲ့အတွက်လည်း အလွန်ဂုဏ်ယူမိပါတယ်။” ဟု ပြောကြားခဲ့ပါသည်။ 

“အက်တမ် အနေနဲ့ ယနေ့အထိ အခမဲ့ Telemedicine ကျန်းမာရေးစောင့်ရှောက်ခြင်း ဝန်ဆောင်မှုအတွက် မြန်မာကျပ်ငွေ သန်း ၂၀၀ နီးပါးကို အသုံးပြုခဲ့ပါတယ်။ Trust Oo နဲ့ မိတ်ဖက်အဖြစ် ဆက်လက်ပူးပေါင်းဆောင်ရွက်ရတဲ့အတွက်လည်း ဝမ်းသာမိပါတယ်။ Telemedicine အစီအစဉ်ဟာ အက်တမ် သုံးစွဲသူတွေအတွက် အခမဲ့ဖြစ်တာမို့ ဒီအခွင့်အရေးကို အသုံးချပြီး “၇၈၈၇” ကို အချိန်မရွေး ဖုန်းခေါ်ဆိုပြီး အခမဲ့ကျန်းမာရေးဝန်ဆောင်မှုတွေကို ရယူဖို့ တိုက်တွန်းချင်ပါတယ်။” ဟု အက်တမ် ၏ ကော်ပိုရိတ်ရေးရာအရာရှိချုပ်. ဦးသိန်းဟုတ် ကပြောကြားခဲ့ပါသည်။ 

ဝန်ဆောင်မှုရယူရန် အက်တမ်သုံးစွဲသူများသည် ၎င်းတို့၏ အက်တမ် ဖုန်းနံပါတ်ဖြင့် သော်လည်းကောင်း၊ အက်တမ်အက်ပလီကေးရှင်းတိုက်ရိုက်သော်လည်းကောင်း “၇၈၈၇” ကို ခေါ်ဆိုရမည် ဖြစ်ပါသည်။ ထို့နောက်  ကျွမ်းကျင်ဆရာဝန်များနှင့် အခမဲ့ တိုင်ပင်ဆွေးနွေးကုသမှုခံယူနိုင်ရန် ခေါ်ဆိုမှုကို ချိတ်ဆက်ပေးသွားမည် ဖြစ်ပါသည်။  

Telemedicine ဝန်ဆောင်မှု ရယူသုံးစွဲပြီး ဆုများစွာ ရရှိနိုင်သည့် ၅ လကြာအစီအစဉ်ကို မေလ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ပြုလုပ်ခဲ့ပါသည်။ လစဉ်ကံထူးရှင်များအနေဖြင့် ဖြည့်စွက်ဆေးဝါးများ၊ မိုလ်ဘိုင်းဟန်းဆက်များ၊ သွေးတွင်းအောက်ဆီဂျင်တိုင်းစက် ၊ သွေးပေါင်ချိန်တိုင်းစက်၊ သာမိုမီတာ၊ ရှေးဦးသူနာပြုဆေးအိတ်၊ ပေါင်ချိန်စက်တို့ပါဝင်သော မိသားစုအိမ်သုံးကျန်းမာရေးပစ္စည်းအိတ်များ ကံစမ်းမဲဖောက်ပေးခဲ့ပြီး ကျန်းမာရေး ထောက်ပံ့မှုဆုကြီး ဆွတ်ခူးရရှိသူနှစ်ဦးကို ကျပ်သိန်း ၅၀ တန်ဖိုးရှိ ကျန်းမာရေးဆိုင်ရာထောက်ပံ့မှုများကို ပေးအပ်ခဲ့ပါသည်။ ဤအစီအစဉ်တွင် ဆုရရှိသူများကို လက်မှတ်ရေးထိုးပွဲ၌ ထုတ်ပြန်ကြေငြာခဲ့ပါသည်။ 

အက်တမ် ၏ကတိကဝတ်များနှင့်အညီ လူမှုအကျိုးပြုလုပ်ငန်းများကို စဉ်ဆက်မပြတ်တိုးတက်စေရန်နှင့် ယုံကြည်စိတ်ချရပြီး အချိန်ကုန်သက်သာ အဆင်ပြေသောကျန်းမာရေးစောင့်ရှောက်မှု နှင့် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများကို ပေးအပ်သွားမည်ဟု ရည်ရွယ်ထားပါသည်။  

- ပြီး - 

အက်တမ် (ATOM) အကြောင်း 

အက်တမ် (ATOM) သည် လူ့အသိုင်းအဝိုင်းကို ဦးစားပေးပြီး (People-First) ရည်ရွယ်ချက်၊ ရည်မှန်းချက်များအတိုင်း လုပ်ဆောင်မည့် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ နိုင်ငံအကောင်းဆုံး 4.5G VoLTE ကွန်ရက်ဖြင့် ကျွန်ုပ်တို့သည် လူနေမှုဘဝတိုးတက်စေရန်၊ စီးပွားရေးလုပ်ငန်းများကို တိုးတက်ကောင်းမွန်ရန်နှင့် လူမှုအသိုင်းအဝိုင်းများအကြား ချိတ်ဆက်မှု ပိုမိုအားကောင်းစေမည့် စျေးနှုန်းသက်သာသောလုံခြုံပြီး ကမ္ဘာ့အဆင့်မီ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများစွာကို ပေးဆောင်လျက်ရှိပါသည်။ အက်တမ် (ATOM) သည် စဉ်ဆက်မပြတ် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်အခြေပြု အသိုင်းအဝန်းတည်ဆောက်ဖော်ဆောင် သွားမည်ဟု ကတိပြုပါသည်။ မျှော်မှန်းချက်ဖြစ်သည့် မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်ခြင်းထက် သာလွန်သော ဘဝအတွေ့အကြုံများရရှိခံစားနိုင်စေရန် ပိုမိုကောင်းမွန်သောချိတ်ဆက်မှုဖြင့် မြန်မာနိုင်ငံကို ပံ့ပိုးလုပ်ဆောင်ပေးရန် ဖြစ်ပါသည်။ အက်တမ် (ATOM) သည် Great Place to Work® အသိပြုလက်မှက်ရ အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက www.atom.com.mm သို့မဟုတ်  Facebook နှင့် LinkedIn စာမျက်နှာများ မှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။ 

 Trust Oo Co., Ltd., အကြောင်း 

Trust Oo ကို ၂၀၁၅ ခုနှစ်တွင် စတင်တည်ထောင်ပြီး အခမဲ့မှ ကုန်ကျစရိတ်သက်သာသော မိုဘိုင်းကျန်းမာရေးဆိုင်ရာ ဦးဆောင်ဦးရွက်ပြုမှုတစ်ခု ဖြစ်သည်။ မိုဘိုင်းလ်ဖုန်းများမှတဆင့် အထူးသဖြင့် ကျေးလက်ဒေသရှိ လူမှုအသိုက်အဝိုင်းများ ထံသို့ ပလက်ဖောင်းများစွာမှတစ်ဆင့် နည်းစနစ်ကျစွာ ကျန်းမာရေးအသိပညာမြှင့်တင်ရန် ရည်ရွယ်သည်။ ဦးဆောင် ကုမ္ပဏီတစ်ခုအနေဖြင့် မြန်မာနိုင်ငံအနှံ့အပြားရှိ ပြည်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းသို့ ၎င်းတို့၏ မိုဘိုင်းလ်ဖုန်းကိရိယာ များမှတစ်ဆင့် ရွေ့လျားကျန်းမာရေးအထောက်အပံ့များ ပေးအပ်နိုင်ခြင်းသည် ကျွန်ုပ်တို့၏ ရည်မှန်းချက်ဖြစ်သည်။ 

သတင်းမီဒီယာများအနေဖြင့် ထပ်မံ သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန် - communications@aml.mobi  

Back to top