We'd like to send you notifications of the latest posts and updates

Press Release

အက်တမ် (ATOM)မှ ၂၀၂၅ ခုနှစ် Asian Telecom Awards အတွက် လုပ်ငန်းပိုင်းဆိုင်ရာထူးချွန်မှုနှင့် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်မှု တို့အတွက် ဆုကြီးနှစ်ဆုအား သုံးနှစ်ဆက်တိုက် ဆွတ်ခူးရရှိ

21 Feb,2025 - Yangon | 3 mins read

  • အက်တမ် (ATOM) မှ Asian Telecom Awards 2025 အခမ်းအနားတွင် ‘Telecom Company of the Year – Myanmar’ နှင့် ‘Digital Initiative of the Year – Myanmar’ ဆုကြီးနှစ်ခုအား ဆွတ်ခူးရရှိ
  • အက်တမ် (ATOM) အနေဖြင့် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ထူးချွန်ပြောင်မြောက်မှုတို့အတွက် အသိအမှတ်ပြု ဆုနှစ်ဆုအား (၃) နှစ်ဆက်တိုက် ထိုက်တန်စွာ ရယူနိုင်ခဲ့
  • အက်တမ် (ATOM) မှ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို သိသာထင်ရှားသော ရလဒ်ဖော်ဆောင်ပေးနိုင်သည့် အစီအစဉ်များဖြင့် ဆက်လက်ဦးဆောင်

ရန်ကုန်၊ မြန်မာ၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ - မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှု ပေးအပ်လျက်ရှိသည့် အက်တမ် (ATOM) သည် ၂၀၂၅ ခုနှစ် Asian Telecom Awards အတွက် ‘Telecom Company of the Year – Myanmar’ ဆု နှင့် ‘Digital Initiative of the Year – Myanmar’ ဆုများကို ထိုက်တန်စွာ ဆွတ်ခူးရယူနိုင်ခဲ့ပါသည်။ ဆုပေးအပ်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် စင်ကာပူနိုင်ငံ Marina Bay Sands Hotel ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး အာရှဒေသမှ ထိပ်တန်း တယ်လီကွန်းဆက်သွယ်ရေး ဝန်ဆောင်မှုကုမ္ပဏီများ တက်ရောက်ခဲ့ကြပါသည်။

အာရှပစိဖိတ်ဒေသတစ်ဝိုက် ဆက်သွယ်ရေးကဏ္ဍတွင် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်မှု၊ လုပ်ငန်းပိုင်းဆိုင်ရာ ထူးချွန်ပြောင်မြောက်မှု နှင့် အကျိူးရလဒ်ကောင်းများ ဖြစ်ထွန်းစေသော လုပ်ဆောင်ချက်များ အတွက် အသိအမှတ်ပြုကာ Asian Telecom Awards ကို စင်ကာပူအခြေစိုက် Charlton Media Group နှင့်  Asian Business Review တို့မှ ၂၀၀၃ ခုနှစ်မှစတင်ကာ စီစဉ်ကျင်းပလာခဲ့ခြင်းဖြစ်ပါသည်။ အက်တမ် (ATOM) အနေဖြင့် ယခုကဲ့သို့ အောင်မြင်မှုအစဉ်အလာကို ၃ နှစ်ဆက်တိုက် ထိန်းသိမ်းထားနိုင်ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူရပြီး အက်တမ် (ATOM) ၏ ပိုမိုကောင်းမွန်သော ချိတ်ဆက်မှုများ၊ ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်မှုများ နှင့် ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍကို ဆက်လက်ဦးဆောင်သွားရန် ကတိကဝတ်များကို ထပ်မံ မှတ်ကျောက်တင်ခြင်းလည်း ဖြစ်ပါသည်။

    

သုံးကြိမ်တိုင်တိုင် ‘Telecom Company of the Year – Myanmar’ ဆုကိုရရှိထားသော အက်တမ် (ATOM) သည် ပိုမိုမြန်ဆန်ကောင်းမွန်သော ချိတ်ဆက်မှု နှင့် လူထုအကျိုးပြုလုပ်ငန်းများ ထိရောက်စွာ လုပ်ဆောင်ရန် ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍဆိုင်ရာ စံနှုန်းများကို ချမှတ်သွားမည်ဖြစ်ပြီး ကွန်ရက်ဆိုင်ရာအခြေခံ အဆောက်အအုံများကို နည်းပညာအဆင့်မြှင့်တင်မှုများ ပြုလုပ်ရန်၊ အသေးစား နှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ၊ မိတ်ဖက်ပါတနာများ နှင့် သုံးစွဲသူ customer များအတွက် အခွင့်အလမ်းများစွာ ဖန်တီးနိုင်ရန် လုပ်ငန်းစဉ်များကို ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ “ပညာရေးကဏ္ဍကို ဒစ်ဂျစ်တယ်စနစ် ကူးပြောင်းခြင်း” နှင့် “လူမှုဘဝ နှင့် ပညာရေးတိုးတက်ဖွံ့ဖြိုးရေး”  အတွက် အစဉ်တစိုက်ဆောင်ရွက်လျက်ရာ  မြန်မာနိုင်ငံအတွက် အပြုသဘောဆောင်သော တိုးတက်ပြောင်းလဲမှုများ ဖြစ်ထွန်းစေရန် ရည်မှန်းချက်ဖြင့် အက်တမ် (ATOM) မှ အရင်းအမြစ်နည်းပါးသောနေရာဒေသများတွင် ICT labs စာသင်ခန်းများနှင့် သင်ကြားရေးအထောက်အကူပြု ဒစ်ဂျစ်တယ်နည်းပညာသုံးပစ္စည်းများ လှူဒါန်းပေးအပ်လျက်ရှိပြီး ကျန်းမာရေး၊ ပညာရေး နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပံ့ပိုးမှုအပိုင်းများတွင် အကောင်အထည်ဖော် လုပ်ဆောင်လျက်ရှိပါသည်။

အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah မှ ၂၀၂၅ ခုနှစ် ရဲ့ Asian Telecom Awards ဆုပေးပွဲကြီးမှာ အင်မတန်ဂုဏ်ယူစရာကောင်းလှတဲ့ ‘Telecom Company of the Year – Myanmar’ ဆုနဲ့ Digital Initiative of the Year – Myanmar’ ဆုတို့ကို လက်ခံရရှိတဲ့အတွက် အလွန်ပဲ ဝမ်းသာကျေနပ်ပါတယ်။ ဒီဆုတွေဟာ တီထွင်ဆန်းသစ်မှုရှိတဲ့ ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာဖြေရှင်းချက်တွေ၊ မြန်မာ့ လူမှုအသိုင်းအဝိုင်းကို အားပေးမြှင့်တင်ပေးတဲ့ ကောင်းမွန်သောဝန်ဆောင်မှုတွေကို ပေးစွမ်းနေတဲ့ အက်တမ် (ATOM)ရဲ့ ကတိကဝတ်ပြုမှုကို မြင်သာစေပါတယ်။ အခုလိုအောင်မြင်မှုတွေဟာ ကျွန်တော်တို့ အက်တမ် (ATOM) ဝန်ထမ်းများရဲ့ စူးစိုက်အားထုတ်ကြိုးပမ်းမှု၊ customer များရဲ့ ယုံကြည်မှု၊ လေးစားတန်ဖိုးထားရတဲ့  မိတ်ဖက်စီးပွားရေးပါတနာများရဲ့ အားပေးကူညီမှုများအားလုံးရဲ့ သက်သေပဲဖြစ်ပါတယ်။ အက်တမ် (ATOM) ဝန်ထမ်းတွေရဲ့ ကြိုးစားအားထုတ် မှုတွေကြောင့် အခုလို သုံးနှစ်ဆက်တိုက် ဆုတွေ ရရှိနိုင်ခဲ့တာပါ။ ဒါကြောင့် ဝန်ထမ်းတွေ အားလုံးကို ကျေးဇူး အထူးတင်ရှိကြောင်းပြောကြားချင်ပါတယ်” ဟု ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဆု လက်ခံရရှိမှုနှင့်ပတ်သက်ပြီး ပြောကြားခဲ့ပါသည်။

ဒီနှစ် ၂၀၂၅ Asian Telecom Awards  မှာလည်း ဆုတွေကို လက်ခံရရှိတဲ့အတွက် အထူးကိုဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ယခုအောင်မြင်မှုဟာ ကျွန်မတို့ အက်တမ် (ATOM) အဖွဲ့တစ်ခုလုံးရဲ့ ကြိုးစားအားထုတ်မှုတွေကို သက်သေပြခြင်းတစ်ခုဖြစ်ပါတယ်။ သန်းပေါင်းများစွာသော ATOM သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်တဲ့ ချိတ်ဆက်မှု၊ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို စံချိန်စံညွှန်းအသစ်များ သတ်မှတ်ပေးနိုင်ရန် ဆက်လက်ကြိုးပမ်းသွားပါမည်” ဟု အက်တမ် (ATOM) ၏ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ဒုတိယ အရာရှိချူပ် ဒေါ်အေးမြသန္တာက ထပ်လောင်းပြောကြားခဲ့ပါသည်။

   

မြန်မာနိုင်ငံ၏ တိုးတက်ပြောင်းလဲလာသည့် Gaming နယ်ပယ်နှင့်အတူ အက်တမ် (ATOM) မှ LPA 2.0 မိတ်ဆက်မှုဖြင့် Let’s Play Arena Game Portal အား အဆင့်မြှင့်တင်လိုက်ပြီး ဂိမ်းကစားသူ ဝါသနာရှင်များအားလုံးအတွက် အဆင်ပြေချောမွေ့စေပြီး ချိတ်ဆက်မှုအားကောင်းသော ဂိမ်းကစားခြင်း အတွေ့အကြုံများကို ဖန်တီးပေးလျက်ရှိပါသည်။ စိတ်ကြိုက်ရွေးချယ်အသုံးပြုနိုင်သော ဒေတာအစီအစဉ်များ ထားရှိပေးထားခြင်း၊ စိတ်ဝင်စားစရာကောင်းသော in-game အစီအစဉ်များ နှင့် spectator ရွေးချယ်နိုင်ခြင်းများ ပါဝင်လာခြင်းသည် အက်တမ် (ATOM) ၏ ဒစ်ဂျစ်တယ်ဆိုင်ရာဆန်းသစ်တီထွင်မှုတွင် ဦးဆောင်နေမှုကို အထောက်အကူဖြစ်စေပြီး ထိုမှတစ်ဆင့် Asian Telecom Awards 2025 တွင် ‘Digital Initiative of the Year – Myanmar’ ဆုကြီးအား ထိုက်တန်စွာရရှိနိုင်ခဲ့ခြင်းဖြစ်ပါသည်။

အက်တမ် (ATOM) အနေဖြင့် တီထွင်ဆန်းသစ်ခြင်း၊ ချိတ်ဆက်ဆက်သွယ်ခြင်းနှင့် လူမှုအသိုင်းအဝိုင်းကို အားပေးမြှင့်တင်ခြင်းများအတွက် ကတိကဝတ်များကို အားဖြည့်လုပ်ဆောင်ရုံသာမက Asian Telecom Awards 2025 တွင် ဂုဏ်ယူဖွယ်ရာ ဆုများရရှိပိုင်ဆိုင်ခြင်းနှင့်အတူ နိုင်ငံအတွင်း ထိပ်တန်းမှ ဦးဆောင်နေသော တယ်လီကွန်းဆက်သွယ်ရေးဝန်ဆောင်မှု ကုမွဏီတစ်ခုအဖြစ် ခိုင်မာစွာ အခြေပြုရပ်တည်သွားမည် ဖြစ်ပါသည်။  ယခုကဲ့သို့ အောင်မြင်မှုရလဒ်များသည် မြန်မာနိုင်ငံကို ပိုမိုကောင်းမွန်သောနေ့သစ်များဆီသို့ ခေါ်ဆောင်သွားနိုင်မည့် အဓိပ္ပာယ်ပြည့်ဝပြီး အပြုသဘောဆောင်သော ပြောင်းလဲမှုများ ဆောင်ရွက်နေသည့် အက်တမ် (ATOM) ၏ ရည်မှန်းချက်များကို သိသာစွာထင်ဟင်စေပါသည်။

-ပြီး-

အက်တမ် (ATOM) အကြောင်း

အက်တမ် (ATOM) သည် လူ့အသိုင်းအဝိုင်းကို ဦးစားပေးပြီး (People-First) ရည်ရွယ်ချက်၊ ရည်မှန်းချက်များအတိုင်း လုပ်ဆောင်မည့် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ နိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ကွန်ရက်ဖြင့် ကျွန်ုပ်တို့သည် လူနေမှုဘဝတိုးတက်စေရန်၊ စီးပွားရေးလုပ်ငန်းများကို တိုးတက်ကောင်းမွန်ရန်နှင့် လူမှုအသိုင်းအဝိုင်းများအကြား ချိတ်ဆက်မှု ပိုမိုအားကောင်းစေမည့် စျေးနှုန်းသက်သာသော၊ လုံခြုံပြီး ကမ္ဘာ့အဆင့်မီ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများစွာကို ပေးဆောင်လျက်ရှိပါသည်။ အက်တမ် (ATOM) သည် စဉ်ဆက်မပြတ် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်အခြေပြု အသိုင်းအဝန်းတည်ဆောက်ဖော်ဆောင် သွားမည်ဟု ကတိပြုပါသည်။ မျှော်မှန်းချက်ဖြစ်သည့် မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်ခြင်းထက် သာလွန်သော ဘဝအတွေ့အကြုံများရရှိခံစားနိုင်စေရန် ပိုမိုကောင်းမွန်သောချိတ်ဆက်မှုဖြင့် မြန်မာနိုင်ငံကို ပံ့ပိုးလုပ်ဆောင်ပေးရန် ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက www.atom.com.mm သို့မဟုတ်  Facebook နှင့် LinkedIn စာမျက်နှာများမှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။

သတင်းမီဒီယာများ အနေဖြင့် ထပ်မံ သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန် communications@aml.mobi. 

Back to top