We'd like to send you notifications of the latest posts and updates

မျှဝေခံစား အက်တမ်၏ နှလုံးသား - မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူမှုအသိုင်းအဝိုင်း အသီးသီးကို ပံ့ပိုးကူညီခြင်း

အက်တမ် (ATOM) ၏ တာဝန်သိ လူမှုအကျိုးပြုအစီအစဥ်ဆောင်ရွက်မှုများသည် ကျွန်ုပ်တို့၏ ကုမ္ပဏီတွင် အဓိကကျသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ “မျှဝေခံစား အက်တမ်၏ နှလုံးသား” လူမှုအကျိုးပြုအစီအစဥ်မှတဆင့် လူမှုဘဝများကို မြှင့်တင်ရန်၊ ပညာရေးကဏ္ဍကို အားဖြည့်ကူညီရန်၊ ဒစ်ဂျစ်တယ် လက်လှမ်းမီမှုကို တိုးမြှင့်ရန်နှင့် လိုအပ်ချက်ရှိနေသော လူမှုအသိုင်းအဝိုင်းများအား ကြင်နာမှုဖြင့် ဖေးမကူညီရန် ဟူသော ကျွန်ုပ်တို့၏ ရည်မှန်းချက်ကို ပိုမိုခိုင်မာအောင် ဆောင်ရွက်လျက်ရှိပါသည်။  ကျွန်ုပ်တို့သည် မြန်မာနိုင်ငံကို နည်းပညာဖြင့်သာမက ဖေးမကူညီမှု၊ လူမှုအသိုင်းအဝိုင်း စိတ်ဓာတ်နှင့် ကတိကဝတ်များဖြင့်ပါ ချိတ်ဆက်ပေးလျက်ရှိပါသည်။

ကျွန်ုပ်တို့သည် မိမိတို့ ဝန်ဆောင်မှုပေးနေသော  လူမှုအသိုင်းအဝိုင်း များနှင့် တသားတည်းအတူတကွတည်ရှိနေပြီး၊ အထူးသဖြင့် အကူအညီလိုအပ်ချိန်များတွင် ရေရှည်တည်တံ့သော အပြုသဘောဆောင်သည့် အကျိုးသက်ရောက်မှုများကို ကတိပြုလုပ်ဆောင်ပေးလျက်ရှိပါသည်။  ကျွန်ုပ်တို့၏ လူမှုအကျိုးပြုလုပ်ငန်းများကို “လူမှုဘဝနှင့် ပညာရေး တိုးတက်ဖွံ့ဖြိုးရေး”၊ “ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများကို ဒစ်ဂျစ်တယ်စနစ် ကူးပြောင်းခြင်း” နှင့် “လူသားချင်းစာနာထောက်ထားမှု ဖေးမကူညီခြင်း” စသော မဏ္ဍိုင် (၃) ရပ်ကို အခြေခံ၍ လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅၊ ဒီဇင်ဘာလအထိ ငွေကျပ် (၇.၅) ဘီလီယံကျော် အသုံးပြုကာ နိုင်ငံတစ်ဝှမ်း လူဦးရေ (၁) သန်းကျော်၏ လူမှုဘဝများကို အကျိုးပြုမြှင့်တင်ပေးနိုင်ခဲ့ပါသည်။

တာ​ဝန်​သိ ​လူ​မှု​အ​ကျိုး​ပြု ​အ​စီ​အ​စဉ်

လူမှုဘဝနှင့် ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး

အက်တမ် (ATOM) သည် တာဝန်သိ စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် လူမှုအဖွဲ့အစည်းအပေါ် ကောင်းမွန်သော အကျိုးသက်ရောက်မှုများဖြင့် အကျိုးပြုရန်သာမက၊ လူမှုအသိုင်းအဝိုင်း အသီးသီးရှိ မိဘမဲ့ကလေး . . . .

နောက်ထပ်ဖတ်ရန်
donation

ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများကို ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းခြင်း

ATOM is investing in both the present and the future to empower students with digital tools, safeguard public health, and pave the way for continued development across Myanmar. The ICT lab installations. . . . .

Read more
digitalization

လူသားချင်းစာနာထောက်ထားမှု ဖေးမကူညီခြင်း

သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်နေသည့်ကာလအတွင်း အဆက်အသွယ် မပြတ်စေရန် အရေးကြီးသည့်အချက်အား အက်တမ် (ATOM) က နားလည်သဘောပေါက်ထားပြီး ခက်ခဲနေသည့် အချိန်ကာလများအတွင်း . . . . .

Read more
humanitariancare

Back to top