We'd like to send you notifications of the latest posts and updates
Article
06 Jan,2025 - Yangon | 3 mins read
ရေးသူ - Ahmad Abdallah၊ အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချုပ်
မြန်မာနိုင်ငံရဲ့ ပြောင်းလဲနေတဲ့ ဆက်သွယ်ရေးအခန်းကဏ္ဍမှာ အက်တမ် (ATOM) အနေနဲ့ တီထွင်စမ်းသစ်မှုနှင့် အစဉ်တိုးတက်မှုတွေမှာ ပြရုပ်တစ်ခုအဖြစ် မားမားမတ်မတ်ရပ်တည်လျှက်ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှု ပေးအပ်လျက်ရှိတဲ့ အက်တမ် (ATOM) က စတင်ဖြစ်တည်လာစဉ်ကတည်းက ဒစ်ဂျစ်တယ်ဆိုင်ရာ တီထွင်ဖန်တီးမှုများနဲ့ လူထုအကျိုးပြုလုပ်ငန်းတို့မှာ အောင်မြင်မှုများ ရရှိခဲ့ပါတယ်။ Asia Telecom Awards 2024 ဆုချီးမြှင့်ပွဲမှာ 'Telecom Company of the Year – Myanmar’ နဲ့ ‘Digital Initiative of the Year – Myanmar’ ဆုများ ထိုက်တန်စွာ ရရှိခဲ့ပြီး အလုပ်လုပ်ကိုင်ရန်အကောင်ဆုံးလုပ်ငန်းခွင် (GPTW) အဖြစ် အသိအမှတ်ပြုလက်မှတ် ရရှိခဲ့တဲ့ အက်တမ် က မြန်မာ့လူမှုအသိုင်းအဝိုင်းကို အကောင်းဆုံး ပြန်လည် ပံ့ပိုး ကူညီပေးလျက်ရှိပါတယ်။
အက်တမ် (ATOM) အနေနဲ့ ၂၀၂၅ ခုနှစ်မှာ မြန်မာ့ဆက်သွယ်ရေးကဏ္ဍအတွက် ဘယ်လိုပြောင်းလဲရေးလုပ်ငန်းစဉ်တွေဆက်လက်လုပ်ဆောင်သွားဖို့ရှိပါသလဲ။ နိုင်ငံတကာရဲ့ ဒစ်ဂျစ်တယ် နဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေမှာ ထင်သာမြင်သာတဲ့တိုးတက်ပြောင်းလဲမှုတွေကို မြင်တွေ့နေရပြီဖြစ်တဲ့အတွက် အဆိုပါပြောင်းလဲမှုလမ်းစဉ်တွေကို အခြေခံပြီး အက်တမ် (ATOM) ကလည်း ၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်သော အစီအစဉ်တွေကို ဦးစားပေးဆောင်ရွက်သွားဖို့ အဆင်သင့်ရှိနေပြီဖြစ်ပါတယ်။
5G ကွန်ရက် စမ်းသပ် မှုနှင့်အတူ တိုးတတ်လာသည့် ဒစ်ဂျစ်တယ်နည်းပညာ နှင့် တီထွင်ဆန်းသစ်မှု
အက်တမ် (ATOM) ကွန်ရက် ဟာ မြန်မာနိုင်ငံတစ်ဝှမ်း ၉၅ ရာခိုင်နှုန်းအထိ ချဲ့တွင် လွှမ်းခြုံထားနိုင်ပြီး မြို့နယ်ပေါင်း ၃၂၁ ခုကို ဆက်သွယ်ရေး ဝန်ဆောင်မှုတွေ ပေးအပ်လျက်ရှိနေပါတယ်။ အဆိုပါ ကွန်ရက် ချဲ့တွင် နိုင်မှုသည် ဝေးလံခေါင်သီတဲ့ အရပ်ဒေသတွင် နေထိုင်သူများအပါအဝင် လူမှုအဖွဲ့အစည်းတစ်ခုလုံးကို အရေးကြီးတဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေ လက်လှမ်းမီနိုင်စေပြီး အလွယ်တကူ ချိတ်ဆက်ဆက်သွယ်နိုင်စေပါတယ်။
အက်တမ် (ATOM) သုံးစွဲသူ တွေအတွက် တီထွင်ဆန်းသစ်တဲ့ ဒစ်ဂျစ်တယ်နည်းပညာတွေယူဆောင်လာဖို့ ကတိပြုထားပြီး 5G က မြန်မာနိုင်ငံအတွင်း ဒစ်ဂျစ်တယ် ဝန်ဆောင်မှုတွေကို နောက်တစ်ဆင့်သို့ ရောက်ရှိစေမယ်လို့ အက်တမ်က ယုံကြည်ထားပါတယ်။ ၂၀၂၄ ခုနှစ် ဇွန်လအတွင်း 5G စမ်းသပ်မှုအောင်မြင်ခဲ့တာနှင့်အတူ အက်တမ် (ATOM) က မြန်မာ့ ဒစ်ဂျစ်တယ် အနာဂတ်ကို ပိုမို ဆန်းသစ်စေမယ်လို့ ကတိပြုထားပြီးဖြစ်ပါတယ်။
စိတ်လက်ပေ့ါပါးစေမဲ့ ဂိမ်းများနဲ့ ဖျော်ဖြေရေးအစီအစဉ်များ
အက်တမ် (ATOM) အနေနဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းဂိမ်းပလက်ဖောင်းတစ်ခုဖြစ်တဲ့ Let’s Play Arena နဲ့ ၎င်းရဲ့ 2.0 ဗားရှင်းကို အောင်မြင်စွာမိတ်ဆက်ပြီးတဲ့နောက်မှာ E-Sports နဲ့ အခြားမိုဘိုင်းဂိမ်းများဟာ လူအနည်းစုကသာ စိတ်ဝင်စားတဲ့ ကဏ္ဍတစ်ရပ်မဟုတ်တော့ပဲ အသက်ကြီးငယ်မရွေး စိတ်အပန်းပြေအစီအစဉ်တစ်ခုအနေနဲ့ ပါဝင်ကစားလာတာကို တွေ့ရပါတယ်။ ဒါကိုလေ့လာခြင်းအားဖြင့် ဝန်ဆောင်မှုတစ်ခုဟာ လူအများအားလုံးကို ကိုယ်စားပြုတယ်လို့ ယူဆလို့မရနိုင်တဲ့အတွက် အက်တမ် (ATOM) က သုံးစွဲသူအမျိုးအစားအလိုက် မတူညီတဲ့ ဆက်သွယ်ရေး ပက်ကေ့ချ်တွေ၊ အစီအစဉ်တွေကို မိတ်ဆက်ပေးသွားဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ သုံးစွဲသူတွေဟာ အထစ်အငေါ့မရှိ၊ လျင်မြန်ချောမွေ့တဲ့ ဝန်ဆောင်မှုကို အသုံးပြုလိုကြတဲ့အတွက် လက်ရှိဝန်ဆောင်မှုပေးနေတဲ့ Daily Gaming နဲ့ ATOM Maximus ပက်ကေ့ချ်တွေအပြင် သုံးစွဲသူစိတ်တိုင်းကျ အစီအစဉ်များကို ဖန်တီးပေးနိုင်ခြင်းက အလွန်အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုဆိုတာကို အက်တမ် (ATOM) က အပြည့်အဝယုံကြည်ထားပါတယ်။
AI ၏အခန်းကဏ္ဍ
အက်တမ် (ATOM) အနေနဲ့ သုံးစွဲသူ customer များအတွက် အချိန်နဲ့တပြေးညီ ဆက်သွယ်ဝန်ဆောင်မှုပေးနိုင်ရေးဟာ အလွန်အရေးပါလှပါတယ်။ အက်တမ် (ATOM) ရဲ့ နည်းဗျူဟာကျတဲ့ လုပ်ငန်းစဉ်တွေမှာ AI နည်းပညာကို အသုံးပြုခြင်းအားဖြင့် လိုအပ်ချက် နဲ့ အခက်အခဲတွေကို ပိုမိုထိရောက်စွာ ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်ပြောင်းလဲမှုတွေမှာဆိုရင်လည်း AI နဲ့ ယှဉ်တွဲနေတဲ့ တိုးတက်ပြောင်းလဲမှု၊ blockchain နည်းပညာတွေကပါ ဆက်သွယ်ရေးအခန်းကဏ္ဍကို သာလွန်ကောင်းမွန်လာစေမှာဖြစ်ပြီး လျင်မြန်ထိရောက်မှု၊ လုံခြုံစိတ်ချရမှု နဲ့ သုံးစွဲသူအတွေ့အကြုံကောင်းမွန်စေမှုစတဲ့ ရလာဒ်ကောင်းတွေကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ အက်တမ် (ATOM) အနေနဲ့ “Automation of Business-As-Usual (BAU)” လုပ်ငန်းများ နဲ့ “Touch-Free Operations” များကို စတင်အသုံးပြုနေပြီဖြစ်ပြီး သုံးစွဲသူ customer တွေရဲ့ အခက်အခဲကို လျှော့ချကာ ပိုမိုစိတ်ကျေနပ်မှုရစေမဲ့ ဝန်ဆောင်မှုတွေကို ဆက်လက်တိုးချဲ့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ဆိုက်ဘာလုံခြုံရေး၊ ဘေးကင်းရေးနဲ့ ကိုယ်ရေးအချက်အလက်လုံခြုံစိတ်ချရေး
ဒစ်ဂျစ်တယ်အက်ပလီကေးရှင်းများ နဲ့ ဆက်သွယ်ရေးအခန်းကဏ္ဍမှာ နေ့စဉ်နဲ့အမျှ အလျင်အမြန်ပြောင်းလဲတိုးတက်နေတဲ့အလျောက် ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူတွေဟာ ဆိုက်ဘာလုံခြုံရေး၊ ဒေတာနဲ့ ကွန်ယက်လုံခြုံစိတ်ချရမှုကို အဓိကဦးစားပေးဆောင်ရွက်ခြင်းအားဖြင့် သုံးစွဲသူ customer တွေနဲ့ ၎င်းတို့ အကြား ယုံကြည်မှုကို တည်ဆောက်ထားနိုင်မှာပဲဖြစ်ပါတယ်။။ ယနေ့ခေတ်မှာ ကိုယ်ရေးကိုယ်တာအချက်အလက်ဆိုင်ရာ စိုးရိမ်ပူပန်မှုတွေက လူတိုင်းမှာ ဆက်လက်ရှိနေမှာဖြစ်ပေမယ့် အက်တမ် (ATOM) အနေနဲ့ သုံးစွဲသူတွေ အသိအမြင် ဗဟုသုတပိုမိုကြွယ်ဝလာစေရေး၊ ဒေတာအချက်အလက်များ လုံခြုံစွာထားသိုရေး၊ ဒစ်ဂျစ်တယ်လိမ်လည်မှု တားဆီးဆောင်ရွက်ရေး အစီအစဉ်များ နဲ့ ကိုယ်ရေးအချက်အလက်ထိန်းသိမ်းမှုတွေကို တာဝန်ယူမှု တာဝန်ခံရှိတဲ့ အော်ပရေတာတစ်ခုအနေနဲ့ ဆက်လက် အရှိန် အဟုန်မြှင့် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ရှေ့လာမယ့် ၂၀၂၅ ခုနှစ်မှာ ဆိုက်ဘာလုံခြုံရေး နဲ့ ကွန်ရက်ကြံ့ခိုင်မှုရှိရေးတို့ဟာ နိုင်ငံနဲ့အဝှမ်း ဆက်သွယ်ရေးဝန်ဆောင်မှုပေးနေတဲ့ အော်ပရေတာများအားလုံးအတွက် ဆက်လက်ကိုင်တွယ်လုပ်ဆောင်ရမယ့် အရေးကြီးတဲ့ကိစ္စရပ်တွေပဲ ဖြစ်ပါတယ်။
၂၀၂၅ အနာဂတ်ကို ပုံဖော်ကြည့်ခြင်း
အက်တမ် (ATOM) ဖြစ်တည်လာစဉ်ကတည်းက ချမှတ်ခဲ့သော ခိုင်မာတဲ့အခြေခံအုတ်မြစ်ကို ဆက်လက်အခြေခံပြီး အက်တမ် (ATOM) ရဲ့ လူမှုအသိုင်းအဝိုင်းဦးစားပေးလုပ်ငန်းခွင်ယဉ်ကျေးမှု (People-First) တည်ဆောက်ခြင်း ရည်ရွယ်ချက်အရ ၂၀၂၅ ခုနှစ်မှာ သုံးစွဲသူအားလုံးကို ချိတ်ဆက်ပေးနိုင်ရေး၊ အိပ်မက်တွေ အကောင်အထည်ပေါ်လာအောင် ဖော်ဆောင်ပေးရေး၊ ဒစ်ဂျစ်တယ်နည်းလမ်းများနဲ့ ပိုမိုဆက်နွယ်ချိတ်ဆက်သော အနာဂတ်များ ဖန်တီးပေးရေးတို့ကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်တစ်လျှောက်မှာလည်း အက်တမ် (ATOM) က ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ တီထွင်ဖန်တီးမှုများကို လုပ်ဆောင်ခဲ့တဲ့အပြင် ရှေ့လာမယ့် အနာဂတ်မှာပါ နည်းပညာပိုင်းသာမက သုံးစွဲသူ customer တွေရဲ့ ဘဝတွေ ပိုမိုတိုးတက်အောင်မြင်လာစေဖို့ ကြိုးစားပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်ကဏ္ဍပြောင်းလဲမှုကို ကွန်ယက်ချဲ့ထွင်ခြင်း၊ တီထွင်စမ်းသစ်ခြင်း အပြင် လူမှုအဖွဲ့အစည်းအတွင်း အဓိပ္ပါယ်ရှိတဲ့ အပြောင်းအလဲတွေ ကို အက်တမ် (ATOM) က ဆက်လက်ကြိုးစားပုံဖော်သွားမှာဖြစ်ပါတယ်။ အတူတကွလက်တွဲလုပ်ဆောင်ပြီး ပိုမိုကောင်းမွန်၊ ပြည့်ဝသော အနာဂတ်များကို လက်တွဲညီညီဖန်တီးသွားဖို့ အက်တမ် (ATOM) က အဆင်သင့်ရှိနေပြီဖြစ်ပါတယ်။
- ပြီး -
Back to top
Share