We'd like to send you notifications of the latest posts and updates

ကံထူးကံမြူး၊ သိန်းပေါင်း ၆၀၀၀ အထိ ဆွတ်ခူး Read more

Article

မတူညီတဲ့ ဖျော်ဖြေမှုရသခံစားမှုပေါင်းမျိုးစုံ ပေးစွမ်းနိုင်တဲ့ ပက်ကေ့ချ်တွေကို မိတ်ဆက်ပေးနေတဲ့ အက်တမ် (ATOM)

21 Oct,2024 - Yangon | 2 mins read

ရေးသူ - Ahmad Abdallah၊ အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချုပ်

ဖျော်ဖြေရေးအနုပညာနဲ့ပတ်သက်လာရင် လူတိုင်းက အကြိုက်ချင်းမတူနိုင်ကြတာကို ကျွန်တော်တို့ အက်တမ် (ATOM) ကသိရှိနားလည်ထားတဲ့အတွက် အသုံးပြုသူ customer များရဲ့ မတူညီတဲ့ အကြိုက်တွေနဲ့ သူတို့ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့အတွက်ကို အမြဲဦးစားပေး ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ အကောင်းဆုံးဆိုတဲ့ ဒစ်ဂျစ်တယ်အတွေ့အကြုံတွေပေးအပ်ပြီး အသုံးပြုသူ customer တွေရဲ့ မတူညီတဲ့ ဝါသနာစိတ်ဝင်စားမှုတွေကို အမျိုးမျိုးသော ဖျော်ဖြေရေးထုတ်ကုန်ဝန်ဆောင်မှုတွေကို တီထွင်ဖန်တီးပြီး ဝန်ဆောင်မှုတွေပေးအပ်သွားရင်း အက်တမ် (ATOM) ရဲ့  "မြန်မာ့လူမှုအသိုင်းအဝိုင်းကို ခွန်အားပေးမြှင့်တင်သွားမယ်" ဆိုတဲ့ ကတိကဝတ်ကို တည်အောင် ကြိုးစားနေလျက်ရှိပါတယ်။  

ဒီဆောင်းပါးမှာတော့ ကျွန်တော်တို့ အက်တမ် (ATOM) အသုံးပြုသူ customer တွေ အပျင်းပြေစေဖို့အတွက် သူတို့စိတ်ဝင်စားလောက်မယ့် ဂိမ်း၊ ဖျော်ဖြေရေး၊ အားကစားနဲ့ တိုက်ရိုက်ကြည့်ရှုလို့ရတဲ့ ပွဲစဉ်တွေအတွက် အသီးသီးဖန်တီးပေးထားတဲ့ ကျွန်တော်တို့ အက်တမ် (ATOM) ရဲ့ ဖျော်ဖြေရေးပက်ကေ့ချ်တွေအကြောင်း မိတ်ဆက်ပြောပြချင်ပါတယ်။

အက်တမ် (ATOM) ရဲ့ ဖျော်ဖြေရေးပက်ကေ့ချ်တွေအကြောင်း

ATOM Maximus - မြန်မာနိုင်ငံရဲ့ ပထမဆုံးသော အထူးစိတ်ကြိုက်အခမဲ့ ဖျော်ဖြေရေး entertainment ခံစားခွင့်တွေ ပါဝင်တဲ့ ATOM Maximus ဒေတာပက်ကေ့ချ်အစီအစဉ်ကို ပူပူနွေးနွေးမိတ်ဆက်ထားပါတယ်။ ဒီပက်ကေ့ချ်နဲ့သာဆိုရင် ဒေတာတွေ ကိုယ်မသိလိုက်ဘဲ ကုန်သွားမှာ စိတ်ပူစရာမလိုဘဲ Tik TokYouTube ဒါမှမဟုတ် အွန်လိုင်းဂိမ်းစတဲ့ ကိုယ်ကြိုက်နှစ်သက်တဲ့ ပလက်ဖောင်းတွေကို စိတ်ကြိုက်အဝခံစားနိုင်မယ့် အကန့်အသတ်မဲ့ဒေတာနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ATOM Yatha - အက်တမ် ရသ အစီအစဉ်ကတော့ အက်တမ်စတိုးအက်ပ်ကနေတစ်ဆင့် အခမဲ့ရုပ်သံလိုင်းတွေ၊ ဗီဒီယိုတွေကို ကြည့်ရှုလို့ရနိုင်တဲ့ ဒစ်ဂျစ်တယ်ဖျော်ဖြေရေးအစုံရရှိတဲ့ ခန်းမကြီးတစ်ခုလိုပါပဲ။ အက်တမ် (ATOM) အသုံးပြုသူ customer တွေအနေနဲ့ မြန်မာရုပ်ရှင်ကားကောင်းကောင်းတွေ၊ အာရှရုပ်ရှင်ကားတွေအပါအဝင် တိုက်ရိုက်ကြည့်ရှုလို့ရမယ့် တီဗီချန်နယ်ပေါင်းမျိုးစုံ၊ VIU အက်ပ်က တီဗီစီးရီးတွေကို အက်တမ် (ATOM) ဖုန်းအင်တာနက်နဲ့ ကြည့်ရှုခပေးစရာမလိုဘဲ တစ်ဝကြီးကြည့်ရှုခံစားနိုင်ပါတယ်။ ဒါ့အပြင် အားကစားဝါသနာရှင်ပရိသတ်ကြီးတို့အတွက်လည်း အားကစားနဲ့ပတ်သက်တဲ့ သတင်းတွေ၊ ပွဲစဉ်ရလဒ်တွေ၊ နိုင်ငံတကာနာမည်ကြီး လိဂ်တွေရဲ့ သတင်းတွေ၊ ကမ္ဘာ့ဖလား၊ အင်္ဂလိပ်ပရီးမီးယားလိဂ်တို့လိုမျိုး ပွဲစဉ်တွေကိုလည်း တစ်နေရာတည်းမှာကြည့်ရှုနိုင်ပါတယ်။ ဗီဒီယိုအတိုလေးတွေကိုလည်း မြန်မြန်ကြည့်ရှုလို့ရပါသေးတယ်။

Gaming - Latency ပိုငြိမ်ပြီး အမြန်ဆုံးအင်တာနက်နဲ့ ဂိမ်းလယ်ဗယ်အသစ်အသစ်တွေရောက်အောင် မြှင့်တင်နိုင်မယ့် FastLane နည်းပညာလုပ်ဆောင်ချက်မျိုးတွေနဲ့ အက်တမ် (ATOM) က အကောင်းဆုံး Gaming အတွေ့အကြုံတွေကို ပေးအပ်လျက်ရှိပါတယ်။ အက်တမ် (ATOM) ကနေပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ ဂိမ်းချစ်သူပရိသတ်များအတွက် ဂိမ်းပွဲတွေအပြိုင်အဆိုင်ဆော့နိုင်ပြီး ပေါ့ပေါ့ပါးပါးဂိမ်းတွေကိုလည်း ဆော့နိုင်တဲ့ ဂိမ်းပေါ်တယ်တစ်ခုဖြစ်တဲ့ Let's Play Arena ကိုလည်း ပေးအပ်ထားပါတယ်။

တမူထူးခြား အကျိုးခံစားခွင့်များ

ကျွန်တော်အပေါ်မှာ ပြောသွားခဲ့တဲ့ ဖျော်ဖြေရေးပက်ကေ့ချ်တွေ အများကြီးရရှိနိုင်မယ့်အပြင် အက်တမ် (ATOM) အသုံးပြုသူ customer များအနေနဲ့ အောက်ဖော်ပြပါ အကျိုးခံစားခွင့်တွေလည်း ထပ်ပြီး ရရှိဦးမှာပါ။ 

  • မြန်ဆန်သော အင်တာနက်လိုင်းဆွဲအား - အထစ်အငေါ့မရှိ streaming လုပ်နိုင်ပြီး အကောင်းဆုံးဂိမ်းအတွေ့အကြုံတွေကို ရရှိစေနိုင်ပါတယ်။
  • အကြောင်းအရာပေါင်းစုံတည်ရှိရာ အက်တမ် (ATOM) စတိုးအက်ပ် - အက်တမ် (ATOM) စတိုးအက်ပ်မှာဆိုရင် မတူညီတဲ့ခေါင်းစဉ်ကဏ္ဍအောက်မှာ အကြောင်းအရာမျိုးစုံကို တွေ့နိုင်ပါတယ်။
  • စိတ်တိုင်းကျရွေးချယ်နိုင်ပြီး ဈေးနှုန်းသက်သာြခင်း - ကိုယ့်စိတ်တိုင်းကျပက်ကေ့ချ်တွေကို ရွေးချယ်ဝယ်ယူလို့ရတာကြောင့် အသုံးပြုသူ customer များအားလုံးအတွက် အဆင်ပြေလွယ်ကူတာပေါ့။
  • အသုံးပြုရလွယ်ကူတဲ့ အက်တမ် (ATOM) စတိုးအက်ပ် - အက်တမ် (ATOM) စတိုးအက်ပ်မှာဆိုရင် အကောင့်တွေ၊ subscriptions တွေ၊ ကိုယ်ယူထားတဲ့ ဝန်ဆောင်မှုအမျိုးအစားတွေကို လွယ်လွယ်ကူကူနဲ့ ကြည့်လို့ရတာကြောင့် အသုံးပြုရတာ အဆင်ပြေချော့မွေ့လွန်းလှပါတယ်။

နောက်အနာဂတ်မှလည်း အက်တမ် (ATOM) အနေနဲ့ အသုံးပြုသူ customer တွေ အကြိုက်တွေ့လောာက်စေမယ့် ဖျော်ဖြေရေး entertainment ပက်ကေ့ချ်တွေကိုလည်း ထပ်ပြီးတော့လည်း တီထွင်ဆန်းသစ်ထုတ်လုပ်သွားသွားမှာပါ။ မတူညီတဲ့အတွေ့အကြုံတွေကို အားလုံးဆီပေးအပ်သွားဖို့ဆိုတဲ့ အက်တမ် (ATOM) ရဲ့ ရည်ရွယ်ချက်က မတူညီတဲ့ ခံစားမှုရသတွေကို ရှာဖွေနေသူတွေအတွက်တော့ အကောင်းဆုံးရွေးချယ်မှုဖြစ်စေပါတယ်။

အက်တမ် (ATOM) ရဲ့ ဖျော်ဖြေရေးပက်ကေ့ချ်တွေအကြောင်း ပိုမိုလေ့လာသိရှိချင်တယ်ဆိုရင်တော့ အက်တမ် (ATOM) စတိုးအက်ပ်မှာ လေ့လာနိုင်သလို ဒီလင့်ခ်မှာလည်း ဖတ်ရှုနိုင်ပါတယ် - [https://www.atom.com.mm/en/personal/gaming-and-entertainment] အားလုံးရဲ့အကြိုက်တွေကို တစ်နေရာတည်းမှာ ရရှိစေမှာပါ။

- ပြီး -

Back to top