We'd like to send you notifications of the latest posts and updates
Article
15 Jul,2023 - Yangon | 1 mins read
ကမ္ဘာ့လူငယ်စွမ်းရည်များနေ့ကို ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ အက်တမ် (ATOM) ရဲ့ လက်ရှိလုပ်ဆောင်နေတဲ့ ဆန်းသစ်တီထွင် နည်းပညာအစီအစဉ် (TTP) အနှစ်ချုပ်ကို ဂုဏ်ယူဝမ်းမြောက်စွာနဲ့ ပြန်လည်ပြောပြလိုပါတယ်။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလမှာ စတင်မိတ်ဆက်ခဲ့တဲ့ ဒီ TTP အစီအစဉ်ဟာဆိုရင် IT သို့မဟုတ် နည်းပညာပိုင်းတို့ကို စိတ်ပါဝင်စားတဲ့ နိုင်ငံတွင်းမှာရှိတဲ့ လူငယ်တွေအတွက် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ တစ်နှစ်ကြာ လေ့ကျင့်ရေးအစီအစဉ်ဖြစ်ပါတယ်။
အမြဲဖွံ့ဖြိုးတိုးတက်နေတဲ့ တယ်လီကွန်းကဏ္ဍကြီးထဲမှာ အသက်မွေးဝမ်းကြောင်းတစ်ခု စတင်ဖို့အတွက် မဖြစ်မနေ သိထားသင့်တဲ့ ကျွမ်းကျင်မှုနဲ့ အသိပညာတွေရရှိနိုင်မယ့် အခွင့်အရေးကို အသက် ၁၈ နှစ်ကနေ ၂၄ နှစ်အတွင်း သင်တန်းသား ၈ ဦး ထံပေးအပ်ခဲ့ပါတယ်။ ဒီအစီအစဉ်က ဒီဂျစ်တယ်ကျွမ်းကျင်မှု ကွာဟချက်တွေကို နီးစပ်စေပြီး ဆန်းသစ်တီထွင်မှုတွေကိုအားပေးရင်း အရည်အချင်းရှိတဲ့ လူငယ်တွေကြားမှာ စွန့်ဦးတီထွင်မှုဆိုတဲ့အရာကို ပြုစုပျိုးပေးတဲ့အစီအစဉ်ဖြစ်ပါတယ်။
ဒီ ဆန်းသစ်တီထွင် နည်းပညာအစီအစဉ် (TTP) ဟာဆိုရင် တယ်လီကွန်းကဏ္ဍအတွက် အရေးပါတဲ့ Network Strategy and Analytics၊ Core Telecom Operations၊ Business Security၊ IT Application Operations၊ IT Development and Delivery၊ Charging and Billing နဲ့ Radio and Energy Management စတဲ့နယ်ပယ်တွေနဲ့ ပတ်သက်ပြီး လေ့ကျင်သင်ကြားပေးပြီး လက်တွေ့ဆင်းတာမျိုးတွေကို လုပ်ဆောင်ပေးပါတယ်။ ကျွန်တော်တို့က သင်တန်းသားတွေကို ဒီနယ်ပယ်တွေနဲ့ ပတ်သက်ပြီး အသိပညာနဲ့ ကျွမ်းကျင်မှုတွေကို မျှဝေရင်းနဲ့ လက်ရှိတယ်လီကွန်းကဏ္ဍရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ မတူညီတဲ့ ကျွမ်းကျင်မှုတွေ ရရှိလာအောင် သင်ကြားပို့သပေးလျက်ရှိပါတယ်။ ဒါ့အပြင် သင်တန်းသားတွေက အခုဖော်ပြထားတဲ့ နယ်ပယ်တွေမှာ ကျွမ်းကျင်မှုတွေတိုးတက်လာနေပါပြီ။
Project Management - သင်တန်းသားတွေအနေနဲ့ ပရောဂျက်များကို ထိထိရောက်ရောက် အစီအစဉ်ဆွဲခြင်း၊ စီမံခန့်ခွဲခြင်းနဲ့ ပရောဂျက်တွေကို အကောင်အထည်ဖော်နိုင်မယ့် တန်ဖိုးရှိတဲ့ project management skills ကို သင်ယူရပါတယ်။
Business Presentation - ဒီ ဆန်းသစ်တီထွင် နည်းပညာအစီအစဉ် (TTP) မှာဆိုရင် နားထောင်သူတွေ သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေကို ထုတ်ဖော်ပြောနိုင်ဖို့၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပြောဆိုဆက်ဆံနိုင်ဖို့နဲ့ ကောင်းမွန်တဲ့ တင်ပြပြောဆိုချက်တွေကို လုပ်ဆောင်နိုင်ဖို့အတွက် စီးပွားရေးဆိုင်ရာ တင်ပြပြောဆိုခြင်းနယ်ပယ်မှာ ပိုမိုကျွမ်းကျင်လာစေဖို့ကိုလည်း အဓိကထားသင်ကြားပေးပါတယ်။
Problem Solving and Critical Thinking - အက်တမ် (ATOM) ရဲ့ သင်တန်းသားတွေက ကမ္ဘာပေါ်မှာ တကယ်ဖြစ်ပေါ်နေတဲ့ စိန်ခေါ်မှုတွေကို ကိုယ်တိုင်ဖြေရှင်းနိုင်ဖို့ လေ့လာသင်ယူရပြီး အခြေအနေတွေကို စိစစ်ဆုံးဖြတ်ခြင်း၊ နည်းဗျူဟာကြကြ စဉ်းစားတွေးခေါ်ခြင်းနဲ့ ဆန်းသစ်တီထွင်ထားတဲ့ ဖြေရှင်းချက်တွေကို ဖန်တီးနိုင်ဖို့ အက်တမ် (ATOM) က တိုက်တွန်းအားပေးခဲ့ပါတယ်။
Communications and Networking - ဆန်းသစ်တီထွင် နည်းပညာအစီအစဉ် (TTP) က စာနဲ့ရေးသည်ဖြစ်စေ၊ နှုတ်နဲ့ပြောသည်ဖြစ်စေ သက်ရောက်မှုရှိတဲ့ ပြောဆိုဆက်ဆံခြင်းဆိုင်ရာ နည်းလမ်းတွေကို သင်ကြားပေးခဲ့ပြီး သင်တန်းသားတွေအနေနဲ့ ကိုယ်ပြောချင်တဲ့အရာကို ရှင်းရှင်းလင်းလင်း ပြောဆိုရှင်းပြနိုင်ဖို့၊ အခြားသူတွေနဲ့ တစ်သားတည်းဖြစ်စေဖို့နဲ့ client တွေ လုပ်ဖော်ကိုင်ဖက်တွေနဲ့ နွေးထွေးတဲ့ ဆက်ဆံရေးတွေ တည်ဆောက်နိုင်ဖို့ အကူအညီဖြစ်စေနိုင်မှာ ဖြစ်ပါတယ်။
အရေးအကြီးဆုံးအချက်ကတော့ ဆန်းသစ်တီထွင် နည်းပညာအစီအစဉ် (TTP) က သင်တန်းသားတွေကို သူတို့ရဲ့ အလုပ်အကိုင်ရရှိနိုင်ဖို့ အခွင့်အလမ်းတွေ ပိုပြီး မြင့်တက်ကျယ်ပြန့်စေနိုင်ဖို့ လိုအပ်တဲ့ စွမ်းဆောင်ရည်တွေကို ရရှိနိုင်ဖို့ ကူညီပေးနိုင်ခဲ့ပါတယ်။ အက်တမ် (ATOM) အနေနဲ့ ပြီးခဲ့တဲ့ ခုနစ်လအတွင်းမှာ သင်တန်းသားတွေရဲ့ တိုးတက်မှုတွေနဲ့ အောင်မြင်မှုတွေကို မြင်တွေ့ရတာ အရမ်းကို ဂုဏ်ယူမိပါတယ်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ ပြီးဆုံးမယ့် ဒီတစ်နှစ်တာ သင်တန်းကာလရဲ့ အဆုံးမှာ အက်တမ် (ATOM) က သင်တန်းသားတွေရဲ့ လုပ်ဆောင်ချက်တွေကို နောက်ဆုံးအဆင့်အနေနဲ့ စိစစ်အကဲခတ်သွားမှာ ဖြစ်ပြီး အောင်မြင်သွားတဲ့ သင်တန်းသားတွေကို သင်တန်းပြီးဆုံးကြောင်း အသိအမှတ်ပြု certificate တွေ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ထူးချွန်တဲ့ သင်တန်းသားတွေကိုတော့ အက်တမ် (ATOM) ရဲ့ အမြဲတမ်းဝန်ထမ်းတွေအနေနဲ့ ဝင်ရောက်လုပ်ကိုင်နိုင်ဖို့ အခွင့်အလမ်းတွေကို ရရှိနိုင်မှာပါ။
ဆန်းသစ်တီထွင် နည်းပညာအစီအစဉ် (TTP) အကြောင်းနဲ့အတူ အက်တမ် (ATOM) က မြန်မာနိုင်ငံက လူငယ်တွေအနေနဲ့ သူတို့ကိုယ်တိုင်အတွက်သာမက ပြည်တွင်းတယ်လီကွန်းကဏ္ဍနဲ့ မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတွက် Beyond Better အနာဂတ်ကို တည်ဆောက်ရာမှာ ဘယ်လို ပံ့ပိုးကူညီပေးသွားမလဲဆိုတာကို အချိန်နဲ့တပြေးညီ ပြောပြပေးသွားမှာ ဖြစ်တဲ့အတွက် စောင့်ကြည့်ပေးကြဖို့လည်း တိုက်တွန်းလိုက်ရပါတယ်။
Back to top
Share