We'd like to send you notifications of the latest posts and updates

Press Release

အက်တမ်(ATOM) နှင့် အာရှတော်ဝင်ဆေးရုံတို့ ပူးပေါင်း၍ ATOM STAR အဖွဲ့ဝင်များအတွက် သီးသန့် ကျန်းမာရေးစောင့်ရှောက်မှု အခွင့်အရေးများ ပေးအပ်

20 Nov,2026 - Yangon | 3 mins read

  • အက်တမ်(ATOM) သည် အာရှတော်ဝင်ဆေးရုံ နှင့် ပူးပေါင်း၍ ATOM STAR အဖွဲ့ဝင်များအတွက် သတ်မှတ်ထားသော ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများအပေါ် အထူးသီးသန့် လျှော့စျေး နှုန်းထားများ ပေးအပ်သွားမည်ဖြစ်။
  • ATOM STAR အဖွဲ့ဝင်များသည် STAR Points များကို အသုံးပြု၍ ဓာတ်ခွဲစမ်းသပ်မှုများနှင့် ရောဂါရှာဖွေရေး စစ်ဆေးမှုများ အပါအဝင် အဓိက ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများအတွက် (၁၀) ရာခိုင်နှုန်းအထိ လျှော့စျေးများ လဲလှယ်ရယူနိုင်။
  • ယခု ပူးပေါင်းဆောင်ရွက်မှုသည် မရှိမဖြစ် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများကို ပိုမိုသက်သာ လွယ်ကူစွာ လက်လှမ်းမီစေရန် ပံ့ပိုးပေးမည်ဖြစ်ပြီး၊ သုံးစွဲသူများ၏ နေ့စဉ်ခံစားခွင့်များတွင်လည်း "ပိုမိုကောင်းမွန်သော" အတွေ့အကြုံများ ပေးအပ်နိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်။

ရန်ကုန်၊ မြန်မာ၊ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့။        ။ အက်တမ်(ATOM) နှင့် အာရှတော်ဝင်ဆေးရုံ တို့သည် ဒစ်ဂျစ်တယ် အကျိုးခံစားခွင့် ဆုလက်ဆောင်များနှင့် မရှိမဖြစ် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများကို ပေါင်းစည်းပေးမည့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို တရားဝင် စတင်လိုက်ပြီ ဖြစ်သည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုသည် အက်တမ်(ATOM) ၏ ကျယ်ပြန့်စွာ ဖြန့်ကျက်ထားသော ဒစ်ဂျစ်တယ် သုံးစွဲသူ ဂေဟစနစ်နှင့် အာရှတော်ဝင်ဆေးရုံ၏ ယုံကြည်စိတ်ချရသော ဆေးပညာဆိုင်ရာ ကျွမ်းကျင်မှုများကို ပေါင်းစည်းပေးလိုက်ခြင်းဖြစ်ပြီး၊ သုံးစွဲသူများအတွက်လည်း မိမိတို့၏ STAR အကျိုးခံစားခွင့်များကို မရှိမဖြစ် ကျန်းမာရေးလိုအပ်ချက်များတွင် အသုံးပြုနိုင်မည့် နည်းလမ်းအသစ်တစ်ခုကို ထပ်မံဖန်တီးပေးလိုက်ခြင်း ဖြစ်သည်။

 

အဆိုပါ ပူးပေါင်းဆောင်ရွက်မှုကြောင့် ATOM STAR Loyalty အစီအစဉ်၏ အဖွဲ့ဝင်များသည် အာရှတော်ဝင် ဆေးရုံ၏ သတ်မှတ်ထားသော ရောဂါရှာဖွေရေးနှင့် ဆေးဝါးကုသမှု ဝန်ဆောင်မှုများအတွက်  မိမိတို့ စုဆောင်းထားသော STAR Points များကို လဲလှယ်၍ အထူးသီးသန့် လျှော့စျေး ခံစားခွင့်များ ရယူနိုင်တော့မည် ဖြစ်သည်။ အက်တမ်(ATOM) သုံးစွဲသူများသည် ဓာတ်ခွဲစမ်းသပ်မှုများ (Laboratory Tests)၊ နှလုံးလျှပ်စစ်လှိုင်း တိုင်းတာခြင်း (ECG)၊ အာထရာဆောင်းရိုက်ခြင်း (USG) နှင့် ဓာတ်မှန်ရိုက်ခြင်း (X-Rays) စသည့် အထွေထွေ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများတွင် မိမိတို့၏ STAR Points များကို အသုံးပြု၍ (၅) ရာခိုင်နှုန်း လျှော့စျေး လဲလှယ်ရယူနိုင်မည် ဖြစ်သည်။ ထို့အပြင် အမြင့်ဆုံး STAR အဆင့် ဖြစ်သော Titanium အဖွဲ့ဝင်များသည် ဓာတ်ခွဲစမ်းသပ်မှုများ (Laboratory Tests)၊ နှလုံးလျှပ်စစ်လှိုင်းတိုင်းတာခြင်း (ECG)၊ အာထရာဆောင်းရိုက်ခြင်း (USG) နှင့် ဓာတ်မှန်ရိုက်ခြင်း (X-Rays) စသည့် အထွေထွေ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများတွင် မိမိတို့၏ STAR Points များကို အသုံးပြု၍ (၁၀) ရာခိုင်နှုန်း လျှော့စျေး လဲလှယ်ရယူနိုင်မည် ဖြစ်သည့်အပြင် သီးသန့် နှလုံးရောဂါနှင့် ရောဂါရှာဖွေရေး ပုံရိပ်ဖော် စစ်ဆေးမှုများ ဖြစ်သည့် နှလုံးကြံ့ခိုင်မှု တိုင်းတာခြင်း (Stress Tests / Ex-ECG)၊ နှလုံးအာထရာဆောင်း ရိုက်ခြင်း (Echocardiograms / Echo) နှင့် ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CT Scans) ဝန်ဆောင်မှုများတွင် သီးသန့် (၅) ရာခိုင်နှုန်း လျှော့စျေးကိုလည်း ရရှိခံစားနိုင်မည်ဖြစ်သည်။ အဆိုပါ ခံစားခွင့်များကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ မှစတင်၍ ရယူနိုင်မည်ဖြစ်ပြီး၊ အဖွဲ့ဝင်များသည် မိမိတို့၏ STAR Points လက်ကျန် ပမာဏ ကို စစ်ဆေးခြင်းနှင့် သက်ဆိုင်ရာ လျှော့စျေးဘောက်ချာများ လဲလှယ်ခြင်းများကို ATOM Store App မှတစ်ဆင့် လွယ်ကူစွာ ပြုလုပ်သွားနိုင်မည် ဖြစ်သည်။

 

"အက်တမ်(ATOM) အနေနဲ့ သမားရိုးကျ မိုဘိုင်းနဲ့ ဒစ်ဂျစ်တယ် ဆက်သွယ်ရေး ဝန်ဆောင်မှုတွေထက် ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံကောင်းတွေကို ပေးအပ်နိုင်ဖို့ စဉ်ဆက်မပြတ် ကြိုးပမ်းလျက်ရှိပါတယ်” ဟု အက်တမ်(ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah က ပြောကြားခဲ့သည်။ “အခုလို အာရှတော်ဝင်ဆေးရုံနဲ့ လက်တွဲဆောင်ရွက်မှုကနေတဆင့် ATOM STAR အစီအစဉ် ရဲ့ အကျိုးခံစားခွင့်တွေကို လူတိုင်းအတွက် အရေးပါတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍဆီကိုပါ တိုးချဲ့ပေးနိုင် စေခဲ့တာပါ။ ဒီပူးပေါင်း ဆောင်ရွက်မှုဟာ သုံးစွဲသူတွေနဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုလုံးရဲ့ နေ့စဉ်ကျန်းမာရေး၊ ကောင်းမွန်တဲ့ လူနေမှုဘဝနဲ့ ရေရှည်ဂရုစိုက်စောင့်ရှောက်မှုတွေကို ပိုမိုကောင်းမွန်အောင် အစဉ်တစိုက် ပံ့ပိုးကူညီ သွားမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ်ကို ထင်ဟပ်ဖော်ပြနေတာပဲ ဖြစ်ပါတယ်” ဟု ဆက်လက် ပြောကြားခဲ့သည်။

 

အဆိုပါ မဟာဗျူဟာမြောက် လုပ်ဆောင်ချက်သည် ဒစ်ဂျစ်တယ် နည်းပညာဆန်းသစ်မှုများကို နေ့စဉ် ကျန်းမာ ကောင်းမွန်စွာနေထိုင်နိုင်စေရေးနှင့် ပေါင်းစည်းပေးလိုက်ခြင်းဖြစ်ပြီး သုံးစွဲသူများအတွက် တစ်ကိုယ်ရည် ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမို လက်တွေ့ကျစွာနှင့် လွယ်ကူစွာ လက်လှမ်းမီလာနိုင်စေမည် ဖြစ်သည်။ ယုံကြည်စိတ်ချရသော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုနှင့် ဒစ်ဂျစ်တယ်နည်းပညာ၏ အဆင်ပြေ ချောမွေ့မှုတို့ကို ပေါင်းစည်းပေးခြင်းဖြင့် အဖွဲ့အစည်း နှစ်ရပ်စလုံးသည် အများပြည်သူအတွက် ရေရှည် ကျန်းမာရေးစောင့် ရှောက်မှု၊ သုံးစွဲသူများအပေါ် အလေးထား ကျေးဇူးတုံ့ပြန်မှုနှင့် ရေရှည်တည်တံ့ကောင်းမွန်သော ကျန်းမာရေးတို့ကို ပံ့ပိုးပေးနိုင်ရန် အရေးပါသော ခြေလှမ်းတစ်ရပ်ကို အတူတကွ လျှောက်လှမ်းလိုက်ခြင်းလည်း ဖြစ်သည်။

 

အာရှတော်ဝင်ဆေးရုံ၏ Chief Operations Officer ဒေါက်တာ မြတ်ကျော်သူ ကလည်း "ATOM STAR အဖွဲ့ဝင်တွေအတွက် သတ်မှတ်ထားတဲ့ ကျန်းမာရေးနဲ့ ရောဂါရှာဖွေရေး ဝန်ဆောင်မှုတွေကို ပိုမိုလက်လှမ်း မီလာစေဖို့ ဆောင်ရွက်ရာမှာ အက်တမ်(ATOM) မြန်မာရဲ့ အဓိကမိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ခွင့် ရရှိတဲ့အတွက် ဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့ရဲ့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်မှု တွေကို အက်တမ်(ATOM) ရဲ့ ကျယ်ပြန့်တဲ့ ဒစ်ဂျစ်တယ် ကွန်ရက်နဲ့ ပေါင်းစည်းလိုက်ခြင်းအားဖြင့် ကျန်းမာရေး ဝန်ဆောင်မှု တွေကို ပြည်သူလူထုဆီ ပိုမိုရောက်ရှိ အောင် ထိရောက်စွာ တိုးချဲ့ ပေးအပ်နိုင်စေမှာပါ။ ဒါ့အပြင် ကျန်းမာရေးစောင့်ရှောက်မှု ရယူရာမှာ ကြုံတွေ့ရတဲ့ အတားအဆီးတွေကို လျှော့ချပေးပြီး ကျွန်တော်တို့ ဝန်ဆောင်မှု ပေးနေတဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုလုံးမှာ ပိုမိုကျန်းမာပြီး တက်ကြွတဲ့ လူနေမှုဘဝပုံစံတွေကို ရရှိပိုင်ဆိုင်လာအောင် အားပေး ဆောင်ရွက်သွားနိုင်တော့မှာလည်းဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

 

အဆိုပါ ပူးပေါင်းဆောင်ရွက်မှုသည် သုံးစွဲသူများအတွက် ရရှိနိုင်မည့် တန်ဖိုးများကို စဉ်ဆက်မပြတ် တိုးချဲ့ပေးခြင်းနှင့် မရှိမဖြစ် လိုအပ်သော ကျန်းမာရေး  စောင့်ရှောက်မှု ခံစားခွင့်များကို မိမိတို့၏ ဒစ်ဂျစ်တယ် ဂေဟစနစ်အတွင်းသို့ ပေါင်းစည်းပေးခြင်းအားဖြင့် 'ပိုမိုကောင်းမွန်သော' ဝန်ဆောင်မှုများ ပေးအပ်သွားမည် ဆိုသည့် အက်တမ်(ATOM) ၏ ကတိကဝတ်ကို ထင်ဟပ်ဖော်ပြနေခြင်း ဖြစ်သည်။ လူမှုအသိုင်းအဝိုင်း၏ ကျန်းမာရေး၊ အလွယ်တကူ လက်လှမ်းမီနိုင်သော အရည်အသွေးမြင့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူတိုင်း အတွက် ရေရှည်တည်တံ့သော ကျန်းမာသုခများကို မြှင့်တင်ပေးနိုင်ရန် အဖွဲ့အစည်း နှစ်ခုစလုံးက အတူတကွ ရှေ့ဆက်လှမ်းချီလိုက်သည့် အရေးပါသော ခြေလှမ်းသစ်တစ်ရပ်လည်း ဖြစ်သည်။

-ပြီး-

အက်တမ်(ATOM)အကြောင်း

 

အက်တမ်(ATOM) သည် လူမှုအသိုင်းအဝိုင်းကို ဦးစားပေးပြီး (People-First) ရည်ရွယ်ချက်၊ ရည်မှန်းချက်များအတိုင်း လုပ်ဆောင်မည့် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ အက်တမ်(ATOM) သည် ၎င်း၏ 5G ကွန်ရက်မှတစ်ဆင့် လူနေမှုဘဝတိုးတက်စေရန်၊ စီးပွားရေးလုပ်ငန်းများကို တိုးတက်ကောင်းမွန်ရန်နှင့် လူမှုအသိုင်းအဝိုင်းများ အကြား ချိတ်ဆက်မှု ပိုမိုအားကောင်းစေမည့် စျေးနှုန်း သက်သာသော၊ လုံခြုံပြီး ကမ္ဘာ့အဆင့်မီ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများစွာကို ပေးဆောင်လျက် ရှိပါသည်။ အက်တမ်(ATOM) သည် စဉ်ဆက်မပြတ် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်အခြေပြု အသိုက်အဝန်းတည်ဆောက်ဖော်ဆောင် သွားမည်ဟု ကတိပြုပါသည်။ မျှော်မှန်းချက်ဖြစ်သည့် မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်ခြင်းထက် သာလွန်သော ဘဝအတွေ့အကြုံများ ရရှိခံစားနိုင်စေရန် ပိုမိုကောင်းမွန်သောချိတ်ဆက်မှုဖြင့် မြန်မာနိုင်ငံကို ပံ့ပိုးလုပ်ဆောင်ပေးရန် ဖြစ်ပါသည်။အက်တမ်(ATOM)သည် အလုပ်လုပ်ကိုင်ရန် အကောင်းဆုံး လုပ်ငန်းခွင် (Great Place to Work) အသိအမှတ်ပြု လက်မှတ်ရရှိထားပါသည်။

 

အသေးစိတ်သိရှိလိုပါက www.atom.com.mm သို့မဟုတ် Facebook နှင့်  LinkedIn စာမျက်နှာများမှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။  

 

Asia Royal အကြောင်း

 

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်တွင် တည်ရှိသော အာရှတော်ဝင်ဆေးရုံကို ၂၀၀၀ ပြည့်နှစ်၊ မတ်လ ၁၈ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ၏ ထိပ်တန်းပုဂ္ဂလိကဆေးရုံကြီးများအနက် တစ်ခုဖြစ်သည်။ ISO 9001:2015 အရည်အသွေးစီမံခန့်ခွဲမှုစနစ် အသိအမှတ်ပြုလက်မှတ် ရရှိထားပြီး အထူးပြုကျန်းမာရေး ကဏ္ဍမျိုးစုံမှ အထူးကုဆရာဝန်ကြီးများ နှင့် ကျွမ်းကျင်ဝန်ထမ်းများစွာတို့မှ ခေတ်မီဆေးဘက်ဆိုင်ရာ စက်ပစ္စည်း များဖြင့် ဘက်စုံကျန်းမာရေးစောင့်ရှောက်မှု(Multidisciplinary Medical Care) ပေးနေပါသည်။

 

နှလုံးရောဂါရှာဖွေကုသရေးဌာန Cardiac Catheterization Laboratory (Cath Lab)၊ လေဖြတ်ရောဂါ အထူးကုပြင်ပလူနာဌာန (Stroke Clinic) နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းမှုလေ့ကျင့်ရေးဆေးခန်း (Rehabilitation Clinic)များ ရှိနေပြီး နှလုံးရောဂါ နှင့် လေဖြတ်ရောဂါ ဝေဒနာများရှင်အတွက် ကုသမှု အကောင်းဆုံး ဆေးရုံကြီးတစ်ခုဖြစ်သည်။

Back to top